Monday, March 23, 2015

စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယုကွယ်လွန်

(စင်ကာပူ)။ ။ ခေါင်းဆောင်းကြီး လီကွမ်ယုသည် မတ် ၂၃ရက်က ကွယ်လွန်ခဲ့သည်။ စင်ကာပူနိုင်ငံအား နှစ် ၃၁နှစ်ကြာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူကာ နိုင်ငံအား တည်ထောင်သွားခဲ့သည့် လီကွမ်ယုကို နိုင်ငံဗိသုကာအဖြစ် အလေးအမြတ်ပြုထားကြသည်။

Lee-Kuan



သို့သော် အာဏာပိုင်စိုးမှု တင်းမာသဖြင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။ ၎င်းလက်ထက်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ အကန့်အသတ်ရှိသလို နိုင်ငံရေးပြိုင်ဖက်များသည်လည်း တရားရုံးများ၏ ပစ်မှတ်ဖြစ်ခဲ့သည်။

နိုင်ငံတော်ဈာပနအခမ်းအနားကို သီးတင်းပတ်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြီးနောက် မတ် ၂၉ရက်တွင် ဈာပနချမည်ဖြစ်သည်။

၎င်း၏ သားဖြစ်သူ လီရှန်လွန်းက ရုပ်မြင်သံကြားတွင် ဖခင်လီကွမ်ယုအား ဂါရဝပြုမိန့်ခွန်းပြောကြားသည်။
"ကျွန်တော်တို့ရဲ့လွတ်လပ်ရေးအတွက် သူက တိုက်ပေးခဲ့တယ်။ နိုင်ငံကို တည်ဆောက်ပေးခဲ့သူပါ။ နောက် ကျွန်တော်တို့တွေ စင်ကာပူသားတွေပါလို့ ပြောပြီးဂုဏ်ယူနိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ သူလိုမျိုးနောက်တစ်ယောက်တွေ့နိုင်မှာ မဟုတ်တော့ပါဘူး" ဟု ၎င်းကပြောခဲ့သည်။

လီကွမ်ယုသည် စင်ကာပူနိုင်ငံအား ဗြိတိန်ထံမှ လွတ်လပ်ပြီး မလေးရှားနိုင်ငံမှ ခွဲထွက် နိုင်ငံတော်ကို တည်ထောင်ခဲ့သူဖြစ်သည်။ ၎င်းကွယ်လွန်သည့် သတင်းကို မတ် ၂၃ရက် အစောပိုင်းက ကြေညာခြင်းဖြစ်သည်။ အဆုတ်ရောဂါကြောင့် ဆေးရုံတွင် သီတင်းပတ်တစ်ချို့ တက်ရောက်ကုသနေရာမှ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment