Monday, March 23, 2015

မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ထိခိုက်နိုင်ဟု ရခိုင်တပ်မတော်ထုတ်ြပန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာပြည် မြောက်ပိုင်းတွင် ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများကြောင့် ဆွေးနွေးလျက်ရှိသော တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေးကို ထိခိုက်နိုင်သည်ဟု ရခိုင့်တပ်မတော်က မတ်လ ၂၂ ရက်က ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနေချိန်တွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေပြီး တိုက်ပွဲများ ရပ်တန့်ရန် တောင်းဆို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“တိုင်းရင်းသား ဒေသများကို အကြီးအကျယ် ထိုးစစ်ဆင်နေခြင်း စသည့်လုပ်ရပ်များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုပါ ထိခိုက်စေနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပို၍ဝေးကွာသွားနိုင်သည်” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) တို့နှင့် ဖြစ်ပွားနေခြင်းဖြစ်သည်။ ထို့ပြင် မတ်လ ၂၂ ရက်က KIO နှင့် ထပ်မံ၍ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုများနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment