Saturday, March 28, 2015

ယခင်ဘဏ္ဍာနှစ်အောက် သစ်တော ထွက်ကုန် တင်ပို့မှု ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်း

ယခု၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် သစ်တောထွက်ပစ္စည်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ၉ဝ ရာခိုင်နှုန်းကျော် ကျဆင်း သွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

Wood-Car
ပဲခူးမြို့ဘက်မှ ရန်ကုန်မြို့သို့ သယ်ဆောင်လာသည့် သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)  



သစ်တော ထွက်ကုန်   တင်ပို့မှု   တွင်နိုင်ငံတော်  အပိုင်း၌ သိသိ သာသာ ကျဆင်း သွားပြီး ပုဂ္ဂလိကပိုင်း တင်ပို့မှုမှာ သိသာစွာ ကျဆင် သွားခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကပြောသည်။

“တင်ပို့မှု ကျတယ်ဆိုတာ သစ်လုံး မတင်ပို့တော့လို့ပါ။ အရင်တုန်း ကတော့ စီးပွားရေး ရှုထောင့်က ကြည့်ပြီး လုပ်ခဲ့ပေမယ့် အခု အစိုးရပိုင်းက သစ်တောသယံ ဇာတပိုင်းကို ပိုပြီး အလေးထားလာလို့ တင်ပို့မှုလျှော့ ချထားတာပါ”ဟု ၎င်းက ရှင်းပြသည်။

ယခင် ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ် မတ်လ ၂၀ ရက် အထိနိုင်ငံတော် အပိုင်းမှ သစ်တောထွက် ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၈၂၂ သန်းကျော်၊ ပုဂ္ဂလိက ပိုင်းမှလည်း ၇၁ သန်းအထိ အသီးသီးရှိ ခဲ့သော်လည်း ယခုဘဏ္ဍာနှစ် တွင်နိုင်ငံတော် အပိုင်းမှ ကန်ဒေါ်လာ ၈၈ သန်းကျော်သာ တင်ပို့ထားပြီး ပုဂ္ဂလိကပိုင်းမှ ကန်ဒေါ်လာ ၇၅ သန်းဖိုးသာ တင်ပိုနိုင်ခဲ့သည်။

အစိုးရက သစ်အလုံးလိုက်  တင်ပို့မှုကို  ၂ဝ၁၄ ဧပြီ ၁  ရက်မှစ၍  အပြီးပိုင်   ရပ်ဆိုင်း   လိုက်ခြင်းကြောင့် ယခုနှစ်တွင် အချောထည် တင်ပို့မှုသာ ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် သစ်တော ကဏ္ဍမှ ပို့ကုန်တန်ဖိုး ကျဆင်းသွား ရခြင်းဟု သစ်တော ဦးစီးဌာန ကပြောသည်။

မြန်မာ့သစ်  လုပ်ငန်းပြည်  တွင်းရောင်း  ဝယ်ရေးနှင့်  သစ်စက်ဌာန  အထွေထွေ မန်နေဂျာ ဦးခွန်အောင်စိုးက “အခုက အလုံး လိုက်တင် ပို့မှုကို ဘယ်သူ ကိုမှ ခွင့်မပြုတော့လို့ ပို့ကုန်တန်ဖိုး ကျလာ တာပါ။နိုင်ငံတော်ဝင်ငွေ ကျပေမယ့် သစ်တော သယံဇာတပိုင်းမှာ တိုးတက်မှုတွေ ရှိလာနေပါတယ်” ဟုဆိုသည်။

သစ်အလုံးလိုက်ပြည်ပတင်ပို့မှု ရပ်ဆိုင်းပြီးနောက်အစိုးရပိုင်း ကပြည်တွင်းသစ်အချောထည်လုပ်ငန်း တိုးတက်စေရန် ပိုမိုဦးစားပေး လုပ်ဆောင်နေပြီး လုပ်ငန်း ရှင်များ၏ သစ်ကုန်ကြမ်း လိုအပ်ချက်အတွက် လစဉ်သစ်လုံးများ ထုတ်ရောင်းပေးသကဲ့သို့ ဌာနပိုင်သစ်စက်များကို လည်းလေလံစနစ်ဖြင့် ငှားရမ်း လုပ်ကိုင်နိုင် ရန်တင်ဒါခေါ် ယူမှုများ ရှိနေသည် ဟုမြန်မာ့ သစ်လုပ်ငန်း တာဝန်ရှိသူများ ကပြောသည်။

Credit - Mizzima News

No comments:

Post a Comment