Saturday, June 20, 2015

ဖုန်းငွေမဖြည့်သည့် MPT ဆင်းမ်ကတ်များ ပိတ်သိမ်းမည်မှာ မဟုတ်

မဇ္ဈိမ

ဖုန်းငွေဖြည့်သွင်းခြင်းမပြုသည့် MPT SIM ကတ်များကို ပိတ်သိမ်းပယ်ဖျက်မည် ဖြစ်ကြောင်းနှင့် အ၀င်ခေါ်ဆိုမှုကောက်ခံမည်ဟု လူမှုကွန်ယက် စာမျက်နှာများတွင် ပြန့်နှံ့နေသည့် သတင်းမှာ ကောလဟာလသာ ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး (MPT)က ထုတ်ပြန်လိုက်သည်။

"ယခုအွန်လိုင်းနှင့် Social Media တို့တွင် ပြန့်ပွားနေသော "ဖုန်းငွေဖြည့်သွင်းခြင်းမပြုသည့် MPT SIM ကတ်များကို ပိတ်သိမ်းပယ်ဖျက်မည် နှင့် အ၀င်ခေါ်ဆိုမှုကောက်ခံမည်" ဆိုသည်မှာ ကောလဟာလများသာဖြစ်ပြီး MPT မှ တရားဝင်ထုတ်ပြန်ထားသည့်သတင်းများ မဟုတ်ကြောင်း ကို သုံးစွဲသူမိဘပြည်သူများအား အကြောင်းကြားအပ်ပါသည်။" ဟု MPT၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။



Credit - Mizzima - News in Burmese

 
 

No comments:

Post a Comment