ရန်ကုန်၊ ဇွန် ၁၈ ။ ။ အသည်းရောင်အသားဝါ စီပိုးကို
အမြစ်ပြတ်ကုနိုင်မည့် ဆေးကို ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ရန်
ရှေ့ပြေးစီမံကိန်း အဖြစ်မေလမှစတင်ကာ
ပြည်နယ် နှင့် တိုင်းများတွင် နေထိုင်သူများကို သွေးစစ်ဆေးမှုလုပ်ကာ ဘီပိုး၊ စီပိုးရှိသူများကို ကျန်းမာရေးဝန်ကြီးဌာနက စစ်တမ်းကောက် ယူနေပြီး ယခုနှစ်ကုန်တွင် အသည်းရောင်အသားဝါ စီပိုးကို အမျိုးသားစီမံချက်အဖြစ် ကျန်းမာရေး ဝန်ကြီးဌာနက ကုသပေးတော့မည်ဖြစ်သည်။
ယင်းအပြင်ရောဂါပိုး အမြစ်ပြတ်ကုသနိုင်မည့်ဆေး သုံးလစာကိုကျပ်ငါးသိန်းအောက်ဖြင့် ရောင်းချပေးမည့်
အစီအစဉ်လည်း ရှိသည်ဟုသိရသည်။ ယင်းစီမံကိန်းနှင့် ပတ်သက်ပြီးစီမံကိန်း အကောင်အထည်
ဖော်သည့်အထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံ အသည်းဖောင်းဒေးရှင်း ဥက္ကဌဒေါက်တာဒေါ်ခင်ပြုံးကြည်ကို မဇ္ဈိမကမေးမြန်း ထားသည်ကို ကောက်နုတ်ဖော်ပြလိုက်သည်။
ပြည်နယ် နှင့် တိုင်းများတွင် နေထိုင်သူများကို သွေးစစ်ဆေးမှုလုပ်ကာ ဘီပိုး၊ စီပိုးရှိသူများကို ကျန်းမာရေးဝန်ကြီးဌာနက စစ်တမ်းကောက် ယူနေပြီး ယခုနှစ်ကုန်တွင် အသည်းရောင်အသားဝါ စီပိုးကို အမျိုးသားစီမံချက်အဖြစ် ကျန်းမာရေး ဝန်ကြီးဌာနက ကုသပေးတော့မည်ဖြစ်သည်။
ယင်းအပြင်ရောဂါပိုး အမြစ်ပြတ်ကုသနိုင်မည့်ဆေး သုံးလစာကိုကျပ်ငါးသိန်းအောက်ဖြင့် ရောင်းချပေးမည့်
အစီအစဉ်လည်း ရှိသည်ဟုသိရသည်။ ယင်းစီမံကိန်းနှင့် ပတ်သက်ပြီးစီမံကိန်း အကောင်အထည်
ဖော်သည့်အထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံ အသည်းဖောင်းဒေးရှင်း ဥက္ကဌဒေါက်တာဒေါ်ခင်ပြုံးကြည်ကို မဇ္ဈိမကမေးမြန်း ထားသည်ကို ကောက်နုတ်ဖော်ပြလိုက်သည်။

မေး - အစိုးရက ဒီစီမံချက်ကို စနေပြီလား။ အခုဘယ်အခြေအနေ ရောက်ပြီလဲ။
ဖြေ - အစိုးရက ဒီစီမံကိန်းကို စတင်ဖို့ကို ရှေ့ပြေးစီးမံကိန်းအနေနဲ့ မြန်မာနိုင်ငံမှာက အသည်းရောင်းအသားဝါ ဘီပိုး၊ စီပိုး ဖြစ်ပွားနှုန်းကို တိုင်းနဲ့ ပြည်နယ် ၁၄ခု မှာ သွေးများစစ်ဆေးနေတယ်။ မြန်မာနိုင်ငံမှာစစ်တမ်းလိုက်ကောက်နေတယ်၊ ကျန်မားရေး ၀န်ကြီးဌာန ၊မြန်မာနိုင်ငံ အသည်းဖေါင်ဒေးရှင်၊ ဆေးသုတေသနဌာနနဲ့ ပူးပေါင်းပြီး အသည်းရောင်းအသားဝါ ဘီပိုး၊ စီပိုးကို စစ်တမ်းလိုက်ကောက်နေပါတယ်။ တကယ်တန်း မြန်မာနိုင်ငံမှာ အဖြစ်များတယ်ဆိုတာကို ပြရမယ်၊ စစ်တမ်း ကို လေးလနဲ့အပြီး ကောက်မှာပါ၊
မေး- စစ်တမ်းကောက်ယူမှုအခြေနေက အခုဘယ်နေရာတွေမှာ ကောက်ပြီးနေပြီးလဲ၊ လူနာအခြေနေ ဘယ်လောက်ရှိလဲ။
ဖြေ - အခု မန္တလေး၊ တနသာင်္ရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို ကောက်ပြီးပြီ၊ ဒီလထဲမှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ကို ဆရာမတို့သွားပါမယ်၊ အဲဒီ မှာ မိုးမကုန်ခင်ပြီးမှာပါ၊ ဝေးတဲ့နေရာတွေ စကောက်နေတာပါ၊ ရန်ကုန်တို့ ပဲခူးတိုင်းတို့က နောက်ဆုံးစစ်တမ်းကောက်မှာပါ၊ ဒီလိုစစ်တမ်းကောက်ပြီးတော့မှ လူနာ ဦးရေနဲ့ဘတ်ဂျက်ကို ကောက်ယူသွားမှာပါ၊ ခုကောက်ယူထားတဲ့ အခြေအနေအရဆို လူ၁၀၀မှာ ၂ဒသမ ၅ရာခိုင်နှုန်းရှိတာတွေ့တယ်၊ တချို့ ပြည်နယ်တွေကျတော့ များတယ်၊ ခုချိန်မှာ ပြည်သူတွေကို ချမပြချင်ဘူး အကုန်လုံးစစ်တမ်းပြီး မှပဲပြောပါမယ်။
အမေရိကန် အစိုးရကလည်း ခုဒီဆေးတွေကို အိန္ဒိယဆေးကုမ္ပဏီ ခုနှစ်ခုကို မူပိုင်ခွင့် လိုင်စင်ပြန်ပေးထားတယ်၊ အိန္ဒိယ ကုမ္ပဏီတွေက ထုတ်ပြီးရင် သူတို့နည်း ပညာတွေ ဆေးကုမ္ပဏီတွေက ထုတ်နေပြီ။ ခုဒီဆေးတွေကို ကမ္ဘာ့ကျန်းမားရေးအဖွဲ့က စစ်ဆေးနေပါတယ်။ အမေရိကန် FDAနဲ့ ကမ္ဘာ့ကျန်းမားရေးအဖွဲ့က စစ်ဆေးနေတယ်။
မေး - စီးပိုးရောဂါပျောက်ဆေးကို ဘယ်နိုင်ငံက ရင်တင်သွင်းမှာလဲ၊ သောက်ဆေးလား။ ထိုးဆေးလား။ ဆေးသောက်ရင်ဘေးထွက်ဆိုးကျိုးက ဘာဖြစ်နိုင်လဲ။
ဖြေ- အမေရိကန်နိုင်ငံက ကုမ္ပဏီ ငါးခုက ထွက်တယ်။ ထိုးဆေးမပါဘဲ သောက်ဆေးပေါ့၊ ၆၀ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်းနှုန်းအထိ ပျောက်ကင်းတယ်။ အရင်တုန်းက ထိုးဆေးကနဲ့ စံနှုန်းက ၅၀ ရာခိုင်နှုန်းလောက်ပဲ ပျောက်တာ၊ ခုဆေးက ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ အရင်ဆေးတုန်းက ဘေးထွက်ဆိုးကျိုးရှိ တယ်။
မေး - အခု သုံးလနဲ့ အမြစ်ပြတ်ပျောက်ကင်းမယ့် ဆေးရဲ့ ဈေးနှုန်းက ဘယ်လောက်လောက် ရှိလဲ။
ဖြေ- အမေရိကန်နိုင်ငံမှာဆိုတော့ ဒီဆေးသုံးလစာကို ဒေါ်လာ(၉၅,၀၀၀) ရှိတယ်။ မြန်မာငွေ သိန်းတစ်ထောင်ဝန်းကျင်းရှိတယ်၊ မြန်မာနိုင်ငံ အမျိုးသား အသည်းရောင်းအသားဝါ စီမံကိန်းအတွက် အထူးဈေးနှုန်းအနေနဲ့သုံးလစာဆေးကို အစိုးရက ကုပေးမယ်ဆိုရင် သုံးလစာကို အမေရိကန်နိုင်ငံက အစိုးရ ကို မြန်မာငွေ ၉သိန်းနဲ့ပေးမယ်လို့သိရတယ်။
မေး - အသည်းရောဂါ ဖြစ်တဲ့သူတွေအတွက် အခုလက်ရှိဆေးကုသစရိတ်က အနည်းဆုံး ဘယ်လောက်ကုန်ကျသလဲ၊ နောက်ပိုင်း အခုထွက်မယ့်ဆေး ရဲ့ကုန်ကျစရိတ်နဲ့ဆို ကွာဟမှုကဘယ်လောက်ရှိလဲ။
ဖြေ - အသည်းရောင်းအသားဝါ စီပိုး သောက်ဆေးရော ထိုးဆေးရောရှိတယ်၊ အသည်းသမားတွေက သွေးစစ်တာ ပိုးအကောင်ရေ စစ်တာတို့ ကုန်မှာနဲ့ဆို သိန်းတစ်ရာ့ငါးဆယ် ဝန်းကျင်လောက်ကုန်မယ်၊ အဲဒါ အရှင်းပျောက်တာမဟုတ်ဘူး၊ ငါးဆယ်ရာခိုင်းနှုန်းလောက်ပဲလေ၊ ဆေးက တစ်ပတ်ကို တစ်ခါထိုးရတာကို တစ်ခါကို တစ်သိန်းကျော်ရှိတယ်၊ အဲဒါက တစ်နှစ်ထိုးရတာရှိတယ်၊ အသည်းရောဂါသည်တွေရဲ့ ရောဂါအခြေနေပေါ် မူတည်တယ်လေ။ အခုဆို အပြတ်ကုမှ ငါးသိန်းဝန်းကျင်ဆိုတော့ သက်သာတယ်။ နောက်ပိုင်းဆိုရင် ကုနိုင်တော့မှာပါ။ တချို့ရောဂါအကြီးတွေ နဲ့ တွဲဖြစ်ရင်အစိုးရက အခမဲ့ ကုပေးမယ့် အစီစဉ်တွေလည်းရှိပါတယ်။
မေး - အခုထုတ်တဲ့ဆေးတွေကို ကြိုတင်မှောင်ခိုဝင်ရောက်မှုတွေ ရှိတယ်လို့ကြားတယ်၊ အဲဒီတော့ ဆေးက အတုတွေရောဖြစ်နိုင်လား။
ဖြေ - အသည်းရောင် ရောဂါသည်တွေမှာ အမျိုးစား (၆)မျိုးရှိတယ်၊ ဘယ်ဆေးက အသည်းရောဂါသည်တွေနဲ့ တည့်လဲဆိုတာကို မသိဘူး။အသည်းရောင် အသည်း ၀ါသောက်ဆေးက ၁၀မျိုးလောက်ထွက်နေပြီး အိန္ဒိယက ထုတ်တဲ့ဆေးများကို သုံးလစာမှာ အစိုးရက တရားဝင်ထုတ်ရောင်းရင် ငါးသိန်းသာ ကျမယ်၊ ဒါကို တရား ၀င်သွင်းတာ မြန်မာနိုင်ငံမှာ ဆေးများကို စစ်ဆေးပြီး ကောင်းမွန်ရင် ငါးသိန်းနဲ့ ချပေးမှာ။ အိန္ဒိယနဲ့ အမေရိကန်နဲ့ စာချုပ်ချုပ်တာကို ၅သိန်းနဲ့ရောင်းမယ်။
ခုမှာ မှောင်ခိုမှာ ဝင်နေပြီး အပြင်မှာ သိန်း ၂၀နဲ့ ၃၀ ဝန်းကျင်ဖြစ်နေတယ်၊ အစိုးရက စစ်ဆေးနေတုန်းပဲရှိသေတယ်။ အခုမှောင်ခိုဆေးမှာ အဲ့လောက်ဖြစ်နေတယ်၊ အသည်းသမားတွေအနေနဲ့ ဘယ်ဆေးနဲ့ ကိုယ်က ပျောက်တယ်ဆိုတာကို မသိဘူးလေ၊ အဲလိုသောက်တော့ ပျောက်မှာမဟုတ်ဘူး၊ အတုလည်းပေါ်နိုင်တယ်။
အမေရိကန်အစိုးရက ဒီဆေးတွေကို ဘယ်လိုစာချုပ်တာလဲဆိုရင် မြန်မာနိုင်ငံအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံ၊ နောက်ပြီးတော့ INGO အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် နိုင်ငံတွေကိုဆိုရင် ဒီသုံးလစာ သောက်ဆေးကို ငါးသိန်းအောက်မှာပဲ ရှိရမယ်လို့ ပြောတယ်၊ ကိုယ့်ဖာကိုယ် ကုတဲ့သူတွေပေါ့နော်။ ဆရာမတို့ အသည်းဖောင်ဒေးရှင်းကနေလည်း စိတ်ချရတဲ့ဆေး ဝင်လာတယ်ဆိုရင် လူနာတွေနဲ့ စရိတ်မျှပေး အသည်းဖောင်ဒေးရှင်းကနေလည်း ကုပေးမယ်ပေါ့။ အသည်းဖောင်ဒေးရှင်းကိုလည်း အမေရိကန်အစိုးရအနေနဲ့ လူနာတွေကို ကုပေးဖို့ ထောက်ပံ့မယ်။ အန္ဒိယလည်း ဆေးတွေရောက်မယ်ဆိုတော့ အများကြီး လုပ်ပေးနိုင်တာပေါ့။
ဆရာမတို့နိုင်ငံအနေနဲ့ ဘယ်လိုဆေးမျိုးသွင်းမလဲဆိုတာကို National Gudline ခေါ်တာပေါ့။ မြန်မာနိုင်ငံအတွက် ဆေးကုထုံးကို ဒီလထဲမှာ အပြီးသတ်ရေးဆွဲနေ တယ်၊ အစည်းအဝေးက လေးကြိမ်လောက်ရှိပြီ။ လုပ်နေတာက ဆေးကိုဘယ်လောက်မှာမလဲ၊ ဘတ်ဂျက်အတွက် ဆွေးနွေးနေတယ်၊ ဒီနှစ်မကုန်ခင်မှာ အကောင် ထည်ဖော်နိုင်မှာပါ၊ ကျန်းမားရေး ၀န်ကြီးဌာနကဦးစီးပြီး ဆောင်ရွက်တာပါ၊
မေး - စီပိုး ဝေဒနာရှင်တွေကို ကုသပေးမယ့် စီမံချက်မှာ ကျန်းမားရေးဝန်ကြီးဌာနနဲ့ ဘယ်အဖွဲ့အစည်းတွေပါဦးမလဲ။
ဖြေ - ကျန်းမားရေး ၀န်ကြီးဌာနက ဦးဆောင်ပြီး ဆေးသုတေသန ဦးစီးဌာန အပါအ၀င် ပြည့်သူကျန်မားရေးဌာန၊ ဆေးကုသရေးဌာန၊ မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်းရော အာလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားပါမယ်။ အသည်းရောင်ရောဂါကို ကြိုတင်ကာကွယ်ရေးနဲ့ ဘယ်လိုထိန်းသိမ်းဖို့ကို ဘီပိုး၊ စီပိုး ကုသကာကွယ်ဆေးတွေ လိုက်ထိုးပေးနေပါတယ်။
မေး - ဆေးရရှိခဲ့ရင် ဘယ်လိုရောဂါသည်မျိုးကို ဦးစာပေးကုသပေးမှာလဲ။
ဖြေ - ရောဂါကြီးမားတဲ့ သူတွေ အသည်းခြောက်လွယ်တဲ့ သူတွေ အသည်းခြောက်ရင် ကင်ဆာဖြစ်လွယ်တယ်။ HIV နဲ့ စီပိုး ဖြစ်တဲ့သူတွေ ဆိုရင်လည်းရောဂါ ကျွမ်းလွယ်တာပေါ့၊ စီပိုး ဖြစ်ရင် ချက်ချင်းဖြစ်တာမဟုတ်ဘူး စီပိုးက သယ်ဆောင်သူအနေနဲ့က ၁၀နှစ်ကျော်လောက်မှ အသည်းခြောက်တာတို့ အသည်းကင်ဆာ ဖြစ်တာတို့ရှိတယ်။ အဲတာကြောင့် ဓာတ်မှန်ရိုက်ကြည့်မယ် သွေးတွေ စစ်ဆေးလို့ သယ်ဆောင်သူအနေနဲ့ နေမယ်ဆိုရင် သယ်ဆောင်သူ အနေနဲ့ နှစ်ချီပြီးနေ လို့ရတယ်။ ၆လတစ်ကြိမ်လောက် စစ်လို့ရတယ် စောင့်လို့ရတဲ့ လူနာမျိုးဆို ခဏလောက်စောင့်စေချင်တယ်။ အခုဒီနှစ်မကုန်ဘူး ဆေးစီမံချက် က အကောင်အထည် ဖော်တော့မှာပါ။
Credit - Mizzima News
No comments:
Post a Comment