Saturday, June 20, 2015

နိုင်ငံရေးလောကတွင် ဂယက်ရိုက်သွားသော အာဏာငမ်းရူးရောဂါ အပါအ၀င် သူငယ်နာ ၅ မျိုး စွဲကပ် နေကြောင်း

နိုင်ငံရေးလောကတွင် ဂယက်ရိုက်သွားသော အာဏာငမ်းရူးရောဂါ အပါအ၀င် သူငယ်နာ ၅ မျိုး စွဲကပ် နေကြောင်း ကြံ့ခိုင်ရေးဗဟိုအတိုင်ပင်ခံ၏ ပါတီအပေါ် ပြန်လည်ဝေဖန်မှုများ ပြည်သူတို့၏ ရင်ခုန်သံနှင့် အမှန်တကယ် ထပ်တူညီသွားလေသလား - မောင်ရေစက်

ပါတီမှာတော့ လူများတော့လည်းပဲ ရာထူးလိုချင်လို့၊ အခွင့်အရေးလိုချင်လို့ ရတဲ့လူတွေလည်းပါတယ်။ ခိုင်းမှ လုပ် တဲ့လူပါတယ်။ အမိန့်ပေးတာကို နားထောင်ပြီးတော့ လုပ်နေတဲ့လူလည်းပါတယ်။ အမိန့်ပေးမှ အလုပ်ဖြစ်တာ လည်းပါတယ် စသည်အားဖြင့် ဒီရောဂါတွေအားလုံးကို သူက သူငယ်နာ လို့ ခေါင်းစဉ်တပ်လိုက်တာ ဖြစ်ပါတယ်။ ဒါတွေ ကျွန်တော်တို့ အားလုံး လုပ်ပြီးသားပါ။ သို့သော် ပပျောက်သွားပြီ ဆိုတာတော့ ပြောလို့မရပါဘူး။ ကျန်ရင်လည်း ကျန်မှာပေါ့ဗျာ …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၁၃-၆-၂၀၁၅)နေ့ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ်၊ အတွဲ(၄)၊ အမှတ်(၁၄)တွင် ““ဗဟို ကော်မတီ ဥက္ကဋ္ဌသူရ ဦးရွှေမန်း ကြံ့ခိုင်ရေး သမ္မတလောင်းနှင့် ဦးသိန်းစိန်အနာဂတ် ဘယ်လဲ””ဟူသော နိုင်ငံရေးသုံး
သပ်ချက်ဆောင်းပါးတွင် ကြံ့ခိုင်ရေးပါတီ၊ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်ကပါတီ သို့ ပြင်းပြင်းထန်ထန် ပြန် လည် ဝေဖန် ရေးသား ချက်များ အားဖော်ပြခဲ့ရာ ပြည်တွင်းပြည်ပ နိုင်ငံရေး သတင်းလောက၌ အတော်ပင်ဂယက်ရိုက် ခဲ့သည်။

ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကြံ့ခိုင်ရေးအသင်း စတင်တည် ထောင်စဉ်က တပ်မမှူး၊ ဗိုလ်မှူးချုပ် ရာထူးဖြင့်ပါဝင်ခဲ့ပြီး တိုင်းမှူးဗိုလ်ချုပ်တာဝန်ဖြင့် ဘိန်းဘုရင်ခွန်ဆာကို လက်နက်ချ အလင်းဝင်ခဲ့စေသူ အဓိက တာဝန်ရှိပုဂိ္ဂုလ်တစ်ဦးအဖြစ် ယနေ့တိုင် အာဏာရပါတီ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦး အနေဖြင့် မြန်မာ့နိုင်ငံရေးလောကအလယ် တည်ရှိနေသူဖြစ်သည်။

ဦးတင်ထွတ်သည် တပ်မတော်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင် အေး၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နှင့် သီးခြားတာဝန်ယူ ဆောင်ရွက်ခဲ့ရသော နိုင်ငံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အသက်အရွယ် ၇၅နှစ်ကျော်ပြီဖြစ်၍ သမ္မတဦးသိန်းစိန်၏ လေးစားသော ဆရာတစ်ဦးအနေဖြင့် လည်း ပါတီတွင် သြဇာကြီးနေသူတစ်ဦးလည်းဖြစ်သည်။ ကြံ့ခိုင်ရေးပါတီနောက်ကွယ်မှ အဓိက ကြိုးကိုင်နေ သော ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းထက် အသက်အရွယ် ကြီးရင့်သူ ဖြစ်သော်လည်း ၎င်းအပါအ၀င် ထိပ်တန်း ဗဟိုကော်မတီဝင်များက ဦးအောင်သောင်းကို ““ဆရာကြီး””ဟူ၍လည်း ခေါ်ဆိုကြောင်း ဦးတင်ထွတ် က မြန်မာသံတော်ဆင့်သို့ တိတိလင်းလင်း ပြောခဲ့သည်။…
ဦးတင်ထွတ်သည် ၂၀၁၅ရွေးကောက်ပွဲ၌ ပါဝင်ခြင်းမရှိတော့ဘဲ အနားယူတော့မည်ဖြစ်ကြောင်း ပြောကြား ခဲ့ကာ နိုင်ငံရေးနယ်ပယ်၌ အစိုးရနှင့် အာဏာရပါတီ ထိပ်တန်းခေါင်းဆောင်များ အား ပြန်လည်ဝေဖန်ခြင်းမရှိခဲ့သော ကြံ့ခိုင်ရေးခေါင်းဆောင်များအနက် ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားပြောကြားခဲ့သည့် ဗဟိုအတိုင် ပင်ခံဦးတင်ထွတ်သည် ပါတီမှ အမှန်တကယ် အနားယူသွားမည်ဆိုပါက လက်ရှိပါတီတွင်း မမှန်မကန် လုပ် နေကြသော လူတစ်စုအတွက် ၀မ်းမြောက်ဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်ပေတော့သည်။ အကြောင်းမူကား ဥက္ကဋ္ဌသူရဦးရွှေမန်း တောင်းဆိုခဲ့သည့် ပါတီတွင်း ဝေဖန်သုံးသပ်ချက်ကို ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် တစ်ဦးတလေမျှ ဦးတင်ထွတ်ကဲ့သို့ ရေးသားပေးပို့ခဲ့ခြင်း မရှိကြောင်းဟု ဆိုခဲ့သောကြောင့်ဖြစ်သည်။

တပ်မတော်အစိုးရလက်ထက် တည်ထောင်ခဲ့သော ကြံ့ခိုင်ရေး ပါတီသည် ယနေ့အာဏာရပါတီ ဖြစ်လာချိန် အထိ ပါတီတွင်းသာမက ပါတီပြင်ပ မီဒီယာများမှပါ ပါတီသို့ စည်းရုံးရေးယုံကြည် မှု လျော့ နည်း စေသော ဝေဖန် သုံးသပ်ချက်များ အကျယ်တ၀င့်ရေးသားခြင်း၊ ထုတ်ပြန်ခြင်း မရှိခဲ့ကြောင်းေ တွ့ရပေသည်။ ၂၀၁၀ ရွေးကောက် ပွဲအပြီး အာဏာရကြံ့ခိုင်ရေး ပါတီဖြစ်လာချိန်၌ပင် စာပေစိစစ်ရေးမူဝါဒ များ ပြောင်း လဲပေးသည် ဆိုသော်လည်း ထိုစဉ်က ““ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌကြီးသို့ အိတ်ဖွင့် ပေးစာ”” သတင်းဂျာနယ်တွင် ထည့်သွင်းရန် စာပေစိစစ်ရေး ရုံးတင်အဆင့်မှာပင် ပြန်ကြားရေးဝန်ကြီး (ထိုစဉ်က ဦးကျော်ဆန်း) အကြောင်း ပြန်ချက်ဖြင့် ဖော်ပြခွင့် မရခဲ့ပေ။ မှတ်မှတ်ရရ စာပေစိစစ်ရေးဌာန အကြီးအကဲ ဒုညွှန်ချုပ်ဦးတင့်ဆွေ (ယခု ပြန်ကြားရေး ၀န်ကြီးဌာန အတွင်းဝန် )နှင့် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင် (ယခု အထွေထွေ မန်နေဂျာ)တို့က မောင်ရေစက် ကို ခေါ်ယူတွေ့ ဆုံရှင်းပြသည်တွင် ပြန်ကြားရေးဝန်ကြီးက အိတ်ဖွင့်ပေးစာကို ဥက္ကဋ္ဌကြီးထံ ဆက်ဆက်ပေး ပို့ပေးမည်ဖြစ်ကြောင်း၊ ဂျာနယ်တွင် ဖော်ပြရန်မလိုတော့ကြောင်း ရှင်းပြရာ စာရေးသူက ဤပေးစာမှာကြံ့ခိုင် ရေးအတွင်းမှ အများပြည်သူပါ ၀င်သက်ဆိုင်သည့် ပြုပြင်ပြောင်းလဲရန် လိုလားချက်များအား စည်းရုံးရေး အသွင်ဖြင့် ဥက္ကဋ္ဌကြီးသိ ရန် ရေးသားဖော်ပြလိုခြင်းဖြစ်ကြောင်း၊ ၀န်ကြီးက ဥက္ကဋ္ဌထံ ဤပေးစာကို ပေးပို့ပေး မည်ဆိုခြင်း အား ကျေးဇူး တင်ကြောင်း၊ ပါတီဥက္ကဋ္ဌအား မိမိတို့လည်း သီးခြားစာပေးလိုပါက ရုံးတွင် သွားရောက် ပေးနိုင် ပါကြောင်း ပြန် လည်ပြောကြားရာ စာပေစိစစ် ရေးလူကြီးက အထက်ကလူကြီး ပြောခိုင်းလို့ဟူ၍ ပြောဆို ပုံကို သတိရမိသည်။

ဤသို့ဖြင့် ပါတီတွင်းသာမက စာပေနယ်ပယ် အာဏာပိုင်စိုးသည့် အစိုးရ၀န်ထမ်းအကြီးအငယ်များက ပင် ကြံ့ခိုင်ရေးပါတီဘက်မှ တာဝန်ထမ်း၍ ပြောဆိုပေးခဲ့သော အခြေအနေနှင့် မီဒီယာများအပေါ် ပိတ် ဆို့ထား သော ပါတီအကြီးအကဲအချို့ကြောင့် ကြံ့ခိုင်ရေးပါတီအပေါ် ပြည်သူတို့က ရင်နှင့်မဆံ့အောင် ဖွင့်ဟချင်သော် လည်း ပြည်သူ့အသံများ ဆို့နင့်ပျောက်ကွယ်နေခဲ့ရသည်။ ထိုအချိန်မှာပင် ကြံ့ခိုင်ရေးပါတီတွင်း စစ်အလေ့ အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ အချောင်သမားရောဂါ အပါအ၀င် သူငယ်နာ ၅မျိုး စွဲကပ်နေကြောင်း ပါတီ ခေါင်းဆောင်နံပါတ် (၃)၊ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်က တိတိလင်းလင်း ပြန်လည်ဝေဖန်ရေးသား ချက်ကို မြန်မာသံတော်ဆင့်မှ ဖော်ပြခဲ့ရာ ပြည်သူများနှင့် မီဒီယာများ၏ ရင်ခုန်သံနှင့်ထပ်တူညီသော ပါတီ တစ်ရပ် အသွင် (တစ်ချိန်က ပြည်ခိုင်ဖြိုးပါတီ၏ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ဥက္ကဋ္ဌဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်ချက်နှင့်အညီ) ပြောင်းလဲ လာနိုင်မည်လောဟု ၀ိုးတ၀ါးတွေးလိုက်မိသည်။

ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်၏ ပါတီသို့ပြန်လည်ဝေဖန်ချက်များ ထည့်သွင်း၍ မြန်မာသံတော်ဆင့် နိုင်ငံရေး သတင်း သုံးသပ်ချက် ဖော်ပြခဲ့ပြီးနောက် –

၁၆-၆-၂၀၁၅ နေ့ညပိုင်း ဘီဘီစီအသံလွှင့်အစီအစဉ်၌

ကြံ့ခိုင်ရေးပါတီတွင်း သမ္မတ လောင်းရွေးချယ်ဖို့အတွက် အားပြိုင်လွန်ဆွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သုံးသပ်မှု တွေအပေါ် –

““ကြေညာဖို့ ရှိပါသေးတယ်။ ကြေညာပါလိမ့်မယ်။ ပါတီရဲ့အဆုံး အဖြတ်ကို ခံယူမယ်လို့ပြောပါတယ်။ ဦးရွှေမန်း ကလည်း ခံယူမယ်လို့ ပြောပါတယ်””

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီဗဟို အတိုင်ပင်ခံ ဦးတင်ထွတ်ကနေ ပါတီအကြောင်း သုံးသပ်ပြီး သမ္မတဦးသိန်းစိန်ထံ သူ့သုံးသပ်ချက်ကို ပေးပို့ခဲ့ပါ တယ်။ အခုအဲဒီ သုံးသပ်ချက် ပေါ်ထွက်လာရာမှာ သုံးသပ်ချက်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ စစ်အလေ့ အထရောဂါ၊ အာဏာငမ်းရူးရောဂါအပါအ၀င် သူငယ်နာ ၅မျိုး စွဲကပ်နေတာကစလို့ ဝေဖန်ရေးသားထားတာပါ။ ဒီသုံးသပ်ချက်နဲ့ ပတ်သက်ပြီး ပါတီတွင်း ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ခဲ့သလဲလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဗဟို အကြံပေးအဖွဲ့ဝင် ဦးအောင်သောင်းကို မေးကြည့်တော့ သူကပါတီတွင်း စစ်အလေ့အထရောဂါ ကစလို့ ခုလို ပြောပြပါတယ်။

““အမိန့်ပေးစနစ်ကို ပြောတာပေါ့ဗျာ။ အမိန့်ပေးစနစ်တွေပေါ့။ အဲဒါလေးတွေကတော့ နည်းနည်း ကျန်သေး တယ်ဆိုတဲ့ သဘောကို သူကပြောတာဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့က အဲဒါအထက် အောက်စုန် ဆန်ပါ။ ပွင့်ပွင့်လင်းလင်းပြောပါ။ အများဆုံးဖြတ်ချက်အတိုင်းလုပ်ပါ။ အများရဲ့ဆုံးဖြတ် ချက်၊ အများရဲ့ ဦးဆောင်မှုနဲ့လုပ်ပါဆိုတာကိုတော့ ကျွန်တော်တို့က ကောင်းကောင်းကြီး ပုံဖော်နိုင်တဲ့ အနေအထားရှိပါတယ်””

အဲဒီအချက်အပြင် သူက ထောက်ပြတာက သူငယ်နာ ၅မျိုးဆိုပြီး သူကထောက်ပြတယ်။ အာဏာငမ်းရူးရောဂါ၊ အချောင်သမားရောဂါ၊ နောက်သူလျှိုဒလန် ရောဂါပေါ့နော်။ အကျင့်ပျက်ရော ဂါတဲ့။ အဲဒီဟာတွေလည်း ပါတာ ပေါ့။ အဲဒီအချက်တွေကရော ပြီးခဲ့တဲ့ ညီလာခံတုန်းက ဘယ်လောက် ထိဆွေးနွေးဖြစ်လဲ ဒါတွေကိုထိ ရောက် အောင် လုပ်နိုင်ခဲ့လားဗျ။

““ဒါတွေက အားလုံးကတော့ ဆွေးနွေးပြီးသားပါ။ အားလုံးလည်း ရှင်းပြပြီးသားပါ။ ပါတီမှာတော့ လူများတော့ လည်းပဲ ရာထူးလိုချင်လို့၊ အခွင့်အရေးလိုချင်လို့ ရတဲ့လူတွေ လည်းပါတယ်။ ခိုင်းမှလုပ်တဲ့ လူပါတယ်။ အမိန့် ပေးတာကို နားထောင်ပြီးတော့ လုပ်နေတဲ့လူလည်း ပါတယ်။ အမိန့်ပေးမှ အလုပ်ဖြစ်တာလည်းပါတယ် စသည် အားဖြင့် အများကြီးပေါ့ဗျာ။ ဒီရောဂါတွေပေါ့။ အဲဒီတော့ ဒီရောဂါတွေအားလုံးကို သူက သူငယ်နာလို့ ခေါင်း စဉ်တပ်လိုက်တာ ဖြစ်ပါတယ်။ ဒါတွေအားလုံးကတော့ ကျွန်တော်တို့ အားလုံးလုပ်ပြီးသားပါ။ သို့သော် ပပျောက် သွားပြီဆိုတာတော့ ပြောလို့မရပါဘူး။ ကျန်ရင်လည်း ကျန်မှာပေါ့ဗျာ။ သို့သော် အားလုံးတော့ ရှင်းလင်းပြတ် ပြီးပြီ၊ ဒါတွေဟာ မလုပ်သင့်ဘူး၊ မရှိသင့်ဘူးဆိုတာကိုတော့ အားလုံးကိုတော့ လက်ခံသွားပြီဖြစ် ပါတယ်””

ပါတီတွင်းမှာ အဲဒီလိုမျိုး သူငယ်နာဖြစ်နေတဲ့လူတွေကို အရေးယူတာမျိုး၊ ထုတ်ပယ်တာမျိုး အဲလောက်ထိကို လုပ်ခဲ့တာရှိလား။

““အဲဒါမျိုးတော့ မရှိပါဘူး ခင်ဗျ။ အဲဒါမျိုးလောက်လည်း လုပ်ဖို့တော့ မလိုသေးပါဘူး။ အဲလောက် ထိအောင် ကျူးလွန်တာလည်းမရှိ ပါဘူး။ ရေရေရာရာ တိတိကျကျ၊ မည်သူမည်ဝါ၊ ဘယ်လိုဖြစ်သလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါဒီလိုရောဂါလေး ရှိနေတယ်ဆိုတာလောက်ပဲ အကြမ်းဖျင်းအားဖြင့်သာ ပြောလို့ရတာပါ။ ဘယ်ပုဂိ္ဂုလ်က ဘယ်လိုဖြစ်နေ တယ် ဆိုတာကိုတော့ ဂဃနဏ မရှိပါဘူး။ ဘယ်သူမှလည်း မပြောနိုင်ပါဘူး””

ကြံ့ခိုင်ရေးပါတီအနေနဲ့ အခုထက်ထိ သမ္မတလောင်းကို မကြေညာနိုင်သေး တာလည်း သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အကြားမှာ တစ်ဖက်နဲ့ တစ်ဖက် အချေအတင်ဖြစ်နေတယ် ဆိုတဲ့သုံးသပ် ချက်တွေရှိတယ်။ အဲဒါရောမှန်လားဗျ။

““အဲဒါလည်း အထိုက်အလျောက် အနည်းအကျဉ်း ဆိုသလို မှန်ပါတယ်။ အများကြီးတော့ မမှန်ပါဘူး””

အထိုက်အလျောက် မှန်တယ်ဆိုတာ ဘယ်လိုအချက်တွေနဲ့ ဖော်ပြပြောဆိုလို့ ရမလဲဗျ။

““အဲဒါကတော့ အခက်အခဲရှိတယ်ဗျာ။ အခက်အခဲရှိတယ်။ အထိုက်အလျောက် မှန်ပါတယ်။ ပြောစရာ စကားရှိနေတယ်။ ဒါပေမဲ့ ကျွန်တော်အခု ပြောလို့မရသေးဘူးဗျာ””

အဲဒီတော့ ဦးအောင်သောင်း တို့ပါတီကနေ သမ္မတလောင်းကြေညာဖို့ ဘယ်လောက်လိုဦးမလဲ။

““ကြေညာဖို့ ရှိပါသေးတယ်။ ကြေညာပါလိမ့်မယ်။ ပါတီရဲ့အဆုံးအဖြတ်ကို ခံယူမယ်လို့ပြောပါတယ်။ ဦးရွှေမန်း ကလည်း ခံယူမယ်လို့ ပြောပါတယ်””

သမ္မတလောင်းကြေညာတဲ့ ကိစ္စညီလာခံအနေနဲ့ ကြေညာမှာလား၊ ဗဟိုကော်မတီ အစည်းအဝေးကနေ ကြေညာ မှာလား။ ဘယ်လိုပုံစံမျိုး လုပ်မှာလဲဗျ။

““အဲဒါကတော့ အပိုင်း ၂ပိုင်းရှိပါတယ်။ ကျွန်တော်တို့ရွေးကောက်ပွဲ မတိုင်မီဆိုရင်တော့ ဗဟိုကော်မတီကရွေး မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးပြီဆိုရင်တော့ နိုင်သူအားလုံးရဲ့ဆန္ဒနဲ့ ရွေးမှာဖြစ်ပါတယ်။ အဲလိုတော့ ၂ ပိုင်း ရှိပါတယ်။ ဘယ်အပိုင်းကို လုပ်ဖြစ်မယ်ဆိုတာတော့ မပြောနိုင်ပါဘူး။

ဦးတင်ထွတ်ရေးတဲ့အထဲမှာဆိုရင် နောက်တစ်ချက်ပေါ့။ ပါတီအနေနဲ့ လူနည်းစုရဲ့ အမုန်းကိုခံမှာလား၊ ပါတီကို အဆုံးခံမလားဆိုပြီး သူကဖော်ပြထားတယ်။ လူနည်းစု အမုန်းခံမလားဆိုတဲ့အချက်က ဘာကိုဆိုလိုတယ်လို့ ယူဆလဲဗျ။

““သူက တစ်ယောက်တလေက ဆိုးရွားနေတာလေးတွေ အားလုံးကိုပါတီမူဝါဒအတိုင်းလုပ်။ အဲဒီတစ်ယောက်၊ နှစ်ယောက်က မုန်းရင်လည်း မုန်းပါစေ။ ပါတီရဲ့မူဝါဒကို ထောက်ထားရမယ်လို့ ဆိုလိုခြင်းသဘောဖြစ်ပါ တယ်””

အထက်ဖော်ပြပါ သတင်းကို ဘီဘီစီမှ အသံလွှင့်ခဲ့ခြင်းဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက် အလိမ် အညာများ သာ လွှင့်ထုတ်တတ်သော ဘီဘီစီသတင်းဌာနအဖြစ် အစိုးရသတင်းစာများက အကျယ်တ၀င့် ဖော်ပြခဲ့သည့် နောက်ပိုင်း ၎င်းစစ်အစိုးရအဖွဲ့ဝင် ထိပ်တန်းခေါင်းဆောင်များအဖြစ် ပါဝင်ခဲ့သော သမ္မတဦးသိန်းစိန်နှင့် ဦးအောင်သောင်းတို့သည်ပင် ယခုနှစ်ပိုင်း ၂၀၁၅ရွေးကောက်ပွဲ နီးလာချိန် ဘီဘီစီ၏ မေးမြန်းချက်များကို အရေးတယူ ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

လူမှုကွန်ရက် စာမျက်နှာများနှင့် သတင်းမီဒီယာများမှ အကျယ်တ၀င့် ဖော်ပြလျက်ရှိသော အတိုက်အခံ နိုင်ငံ ရေး အင်အားစုများ၏ ပြောကြားချက်များ အထူးများပြားနေချိန်တွင် အာဏာရကြံ့ခိုင်ရေးပါတီဘက်မှ တုံ့ပြန်မှု အသံများသည် လွန်စွာနည်းပါး တိတ်ဆိတ်နေဆဲဖြစ်သည်။ မည်သည့်ပါတီမဆို ထိပ်ပိုင်းခေါင်းဆောင်များ အထိ မီဒီယာများနှင့် ရင်းနှီးစွာ ဆက်ဆံဖြေကြားနေချိန်၌ အာဏာရကြံ့ခိုင်ရေးပါတီ ထိပ်တန်းဗဟို ကော်မတီ ၀င်များသည် မီဒီယာများအား ချွေချွေတာတာတွေ့ ဆုံနေဆဲဖြစ်သည်။

မြန်မာသံတော်ဆင့် သတင်းဌာနအပေါ် ကြံ့ခိုင်ရေးပါတီနှင့် ပတ်သက်၍ ဝေဖန်ရေးသားချက်များ ဖွယ်ဖွယ် ရာရာဖြစ်၍ နှစ်ခြိုက်ကြောင်း အာဏာရကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် တွေ့ ဆုံခွင့်ရခိုက် ပြောကြား သမျှ မှတ်သားထားပြီး သတင်းများကိုချွေ၍ ရေးသားဖော်ပြရန် ဗဟိုအတိုင်ပင် ခံ(၁) ဦးအောင် သောင်း ၏ ပြောကြားချက်ကို ပြန်လည်စဉ်းစားမိရင်း …။

မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/myanmarherald

 

 

 

 

No comments:

Post a Comment