ရန်ကုန်၊ ဇွန် ၁၈
သစ်တောဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့များပါဝင်သည့် တပ်မတော်လှုပ်ရှား စစ်ကြောင်းအား ၀န်းရံမှုဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ဇွန်လဆန်းမှ စတင်ပြီး ယခုအချိန်အထိ “၀” ဒေသ မြောက်ပိုင်းနှင့်တောင် ပိုင်း ဒေသ နှစ်ခုစလုံးတွင် စစ်ရေးအရ ပြင်ဆင်မှုများရှိနေကြောင်း ဒေသခံ များက ပြောသည်။
““အခုအချိန်အထိ မိုင်းတုံမြို့ပတ်ပတ်လည်မှာ တပ်တွေနေရာယူထားတယ်။ မိုင်းဆတ် တာချီလိတ်ကနေ ဒီဘက်လာတဲ့ လမ်းတွေလည်း ပိတ်ထားတော့ ကုန်စည်စီးဆင်းမှုတွေကအစ အခက်အခဲဖြစ်နေတယ်။ တစ်မြို့ နဲ့တစ်မြို့သွားဖို့ ကလည်း လမ်းကြောင်းတွေဖြတ်ထားတာတွေ ပိတ်ထားတာတွေရှိနေတော့ မြို့ခံတွေလည်း မြို့အပြင်ကို သိပ်မသွားကြတော့ဘူး‘”” ဟု မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ် ဦးက ပြောသည်။
မိုင်းတုံမှ မိုင်းကျွတ်၊ နားကောင်းမူးသို့ သွားသည့်လမ်းများတွင် ဇွန်လဆန်းကတည်းက “၀”တပ်ဖွဲ့မှာ နေရာယူ ထားပြီး မိုင်းဆတ်မှမိုင်းတုံကား လမ်းပေါ်တွင်လည်း တပ်မတော်မှနေရာ ယူထားမှုများရှိနေသည်ဟု ဒေသ ခံများက ပြောဆိုသည်။…
ဇွန်လ ၉ ရက်နှင့် ၁၀ ရက်နေ့ကလည်း မိုင်းတုံမြို့နယ်အတွင်း တွင် ဒေသခံလားဟူ နယ်ခြားစောင့်တပ်များနှင့် “၀”တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင်ရှိသော “၀”တောင်ပိုင်းဟု“၀” တို့ကခေါ်တွင်သည့် ယင်းဒေသမှာ UWSA 171 စစ်ဒေသ၏ တပ်များရှိရာဒေသဖြစ်ပြီး “၀”တို့၏ စီးပွားရေးအရ အရေးပါသည့် ယင်းဒေသတွင် ပုံပါကျင်မြို့ နယ်ခွဲရှိ ဘီဘီဝမ်းနယ်စပ်ဂိတ်မှာ “၀”တို့အတွက် အရေးပါသည့် နယ်စပ်ဂိတ်ဖြစ်ပြီး ပုံပါကျင်မြို့နယ်ခွဲတွင် လည်း “၀”တပ်ဖွဲ့များမှာ လမ်းမများပေါ်တွင် နေရာယူထားကြောင်း မိုင်းတုံဒေသခံတစ်ဦးကပြောသည်။
ဇွန်လဆန်းပိုင်းက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ သစ်ထုတ်လုပ်နေသည့် “၀”တပ်ဖွဲ့ဝင်များကို သစ်တောရဲ ၀န်ထမ်း နှင့် တပ်မတော်လှုပ်ရှား စစ်ကြောင်းများ ပါဝင်သည့် စစ်ကြောင်းက ဖမ်းဆီးခဲ့ရာမှ တပ်မတော်နှင့် “၀”တပ်ဖွဲ့ တို့အကြား အပြန်အလှန် ၀န်းရံမှုများဖြစ်ပွားခဲ့ပြီး ဒေသအတွင်း တွင်လည်း စစ်ရေးအရပြင်ဆင်မှုများ ရှိခဲ့သည်။
ယင်းကိစ္စအပေါ် အစိုးရတာဝန်ရှိသူများက ကြားဝင်ညှိနှိုင်းပေးခဲ့သည့် အတွက် ပြေလည်မှုအချို့ရခဲ့ပြီး တပ်များ ပြန်ဆုတ်သွားခဲ့ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယနေ့အချိန်အထိ နှစ်ဖက်တပ်များမှာ ဒေသအတွင်း ဆက်သွယ်သည့် လမ်းများပေါ်တွင် နေရာယူထား ဆဲဖြစ်နေသောကြောင့် ဒေသခံများမှာ စစ်မက်ဖြစ်ပွားလာ မည်ကို စိုးရိမ်မှုများ ရှိနေကြောင်းလည်း အမည်မဖော်လိုသူ မိုင်းတုံဒေသခံတစ်ဦးက ပြောသည်။
““ကြာလာတော့ လူထုက ဒုက္ခရောက်တယ်။ တစ်နယ်နဲ့ တစ်နယ် သွားဖို့ကလည်းခက်တယ်။ ဒီဘက်ကထွက် တဲ့ ကုန်စည်တွေလည်း တာချီလိတ်ဘက်ကို သွားမပို့နိုင်သလို ဘယ်အချိန်များ ထဖြစ်မလဲဆိုတဲ့ စိုးရိမ်မှုက များလာတယ်။ ကုန်စည်တွေလည်း ဈေးတက်ကုန်ပြီ”” ဟု အဆိုပါ ဒေသခံက ပြောသည်။
စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေသည့် “၀”တောင်ပိုင်းဒေသမှာ တာချီလိတ်အောက်ပိုင်း လွယ်လန်းဒေသမှ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန် မြို့နယ်အထိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တည်ရှိပြီး ယင်းဒေသ တွင် လားဟူပြည်သူ့စစ်၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) စ သည့်လက်နက်ကိုင်တပ်ဖွဲ့များလည်း ရှိနေ သည်။
ယင်းဒေသမှာ “၀”တို့၏ မူလဒေသ မဟုတ်ဘဲ ယခင်တပ်မတော်အစိုးရ လက်ထက်က ယင်းနယ်မြေများတွင် အခြေစိုက်သည့် ဦးခွန်ဆာ၊ ဦးယွက် စစ်တို့၏ MTA , SURA , RCSS/SSA စသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ များအား တိုက်ခိုက်နိုင်ပါက တိုက်၍ရသမျှ နယ်မြေများအား “၀” တပ်ဖွဲ့ အားပေးမည်ဆိုသော မူဝါဒကြောင့် “၀”တို့မှာ ယင်းဒေသသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“၀”တောင်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများရှိနေစဉ် လတ်တလော ကာလအတွင်းမှာပင် “၀”မြောက်ပိုင်း ဒေသတွင်လည်း စစ်ရေးလေ့ကျင့်မှုများရှိခဲ့ကြောင်း “၀”ဒေသခံအချို့က တညီတညွတ်တည်းပြောဆိုသည်။
အစိုးရက ၂၀၀၈ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားသည့် ပန်ဆန်း၊ ပန်ဝိုင်၊ နားဖန်းမြို့နယ်များအတွင်းတွင် စစ်ရေးလေ့ကျင့်နေသည်မှာ ၄-၅ ရက်ခန့်ပင် ရှိနေပြီဖြစ်ကြောင်း ပန်ခမ်း (ပန်ဆန်း)အခြေစိုက် “၀”ဒေသရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
‘““လေကျင့်နေတာက လက်နက်ကြီး၊ လက်နက်ငယ်တွေလည်းပါ တယ်။ အဓိကက တောင်ပိုင်းမှာ စစ်ရေး တင်းမာမှုတွေနဲ့ ပတ်သက်တယ်‘”” ဟု အဆိုပါရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး (UWSP) “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ မှ ပြောခွင့်ရပုဂ်္ဂိုလ် ဦးအောင်မြင့်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
ပြီးခဲ့သည့်မေလက “၀”ဌာနချုပ် ပန်ဆန်းတွင်ကျင်းပခဲ့သည့် တိုင်း ရင်းသားညီလာခံတွင် “၀”ဒေသမြောက်ပိုင်း နှင့် တောင်ပိုင်းဒေသနှစ်ခု ကို ပေါင်းပြီး “၀”ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် “၀”အဖွဲ့မှ အဆိုပြု ထားခဲ့ ကြောင်း လည်း သိရသည်။
စိုင်းအောင်ဆိုင်း
မြန်မာသံတော်ဆင့်သတင်းဌာန-https://www.facebook.com/myanmarherald
No comments:
Post a Comment