ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း/မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း နှင့် တနင်္သာရီတိုင်းများတွင် သင်္ကြန်မိုး ရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ုဧပြီ ၁၁ရက် ညနေ ၃နာရီ ခန့်မှန်းချက်အရလည်း အနောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ဧပြီ ၁၁ရက် ညနေမှ ၃ရက် (၇၂နာရီ)အတွင်း တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသများတွင် နေရာကွက်ကြား မိုးရွာနိုင်သည်ဟု ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ မိုးရွာနိုင်၍ သင်္ကြန်ကာလ ခရမ်းလွန်ခြည် အခြေအနေအတွက်မူ စိတ်သက်သာရာ ရစရာဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ဆိုထားသည်။
Credit - Mizzima News
No comments:
Post a Comment