ရန်ကုန်၊ ဧပြီ ၉
ချင်းပြည်နယ် ပလက်ဝမြို့အတွက် လိုအပ်သည့် လျှပ်စစ်မီး လုံလောက်စွာ ရရှိရေးမှာ မဟာဓာတ် အားလိုင်းကို ရခိုင်ပြည်နယ် ကျောက်တော်မှတစ်ဆင့် သွယ်တန်းရန် ကုန်ကျစရိတ်ပေါင်း ကျပ်သန်း ၆၈၃၀ ခန့်ရှိပြီး နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲ ဝေပေးနိုင်မှု အခြေအနေအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ယင်း စီမံကိန်းကို လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ နောင်လာမယ့် ဘဏ္ဍာနှစ်များအတွင်း ရန်ပုံငွေရရှိမှသာလျှင် ဆောင်ရွက် ပေးနိုင် မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက ဧပြီလ ၉ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဖြေကြားလိုက်သည်။
ပလက်ဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပိုက်လင်းက လက်ရှိတွင် ရခိုင်ပြည်နယ် ကျောက် တော်မြို့ အထိ မဟာဓာတ်အား လိုင်းများ ရောက်ရှိနေပြီဖြစ်ကာ ကျောက်တော်နှင့် ပလက်ဝမှာ ရေလမ်းဖြင့် မိုင်၄၀၊ ကုန်းလမ်းဖြင့် ၃၅မိုင်သာ ရှိသောကြောင့် ပလက်ဝမြို့ပေါ် ရှိ ပြည်သူများအတွက် မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် ရှိ၊ မရှိ လွှတ်တော်၌ မေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
““ချင်းပြည်နယ်၊ ပလက်ဝဒေသကို ကျောက်တော်မှတစ်ဆင့် ဓာတ်အားစနစ်ကို ဓာတ်အား ဖြန့်ဖြူးပေးမည် ဆိုလျှင်ကျောက်တော်မှ ပလက်ဝအထိ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၃၅ မိုင်ခန့်နှင့် ပလက်ဝမြို့၌ ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲစက်ရုံ တည်ဆောက်ရ မည်ဖြစ်ကြောင်း၊ ယင်းစီမံကိန်းအတွက် စုစုပေါင်း ခန့်မှန်း တွက်ချက်မှု ကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၆၈၃၀ ခန့် ဖြစ်ကြောင်း၊ ဓာတ်အားလိုင်းနှင့် စီမံကိန်းကို နိုင်ငံတော်၏ ဘဏ္ဍာငွေ ခွဲဝေပေးနိုင်မှု အခြေအနေအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ရန် ကြိုးစား ခဲ့သော်လည်း အခြေအနေ မပေးသည့်အတွက် ထည့်သွင်းပါဝင်ခဲ့ခြင်း မရှိကြောင်း၊ ထို့ကြောင့် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း”” မေးမြန်း မှုနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုဝန်ကြီး ဦးအောင်သန်းဦးက ဖြေကြားသည်။
ချင်းပြည်နယ် ပလက်ဝမြို့မှာ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ၊ အနောက် ဘက်တွင် ဘင်္ဂလားဒေ့ရှ်၊ တောင်ဘက်တွင် ရခိုင်ပြည် နယ်၊ ကျောက်တော်မြို့နှင့် နီးစပ်သည့် မြို့ဖြစ်ကာ ရခိုင်ပြည်နယ် အတွက် နိုင်ငံတော်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပို့လွှတ်ဖြန့်ဖြူးပေးခဲ့သည်။
ကျောက်တော်ဒေသအတွက်ကိုမူ ပုဏ္ဏားကျွန်း-ကျောက်တော် ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ကာ နိုဝင်ဘာလ ၃၀ ရက်နေ့မှစ၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးခဲ့ခြင်း ဖြစ်သည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment