~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်တစ်ပတ်မှအဆက်
ထောင်ထဲမှာ တိုက်တွေက ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ရှိတဲ့အထဲမှာ အားလုံးက တစ်ဖက်ရပ်တိုက်တွေဖြစ်ပါတယ်
အဲ့ထောင်ပိတ်ချိန် ကျော်လွန်တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေ ၇ နာရီမှာ နိုင်ငံရေးသမား ၇ ယောက်ကို သေဒဏ်ကျ ကြိုးတိုက်ထဲကို ပို့လိုက်ပါတယ်။ အဲဒီပုဂ္ဂိုလ်များကတော့ NLD က ၄ ယောက်၊ လူ့ဘောင်သစ်အသင်းက ၁ နှင့် ပြည်သူ့ရဲဘော်က ၁ ဦးဖြစ်ပါတယ်။
NLD ၄ ယောက်ကတော့ မောင်သော်က၊ မောင်ကိုယု၊ ဒေါက်တာ တင်မျိုးဝင်းနှင့် မောင်မိုးသူတို့ ၄ ယောက် ဖြစ်ပါတယ်။ လူ့ဘောင်သစ်အသင်းက ရုံးချိန်းသဘော က အောင်ဇေယျဖြစ်ပြီး ပြည်သူ့ရဲဘော်ကတော့ ဗိုလ်အောင်နိုင် ဖြစ်ပါတယ်။
ပါတီစုံ အဖွဲ့စုံက နိုင်ငံရေးသမား ၇ ဦးကို နိုဝင်ဘာ ၇ ရက် ည ၇ နာရီမှာ သေဒဏ် ကျခံနေကြရတဲ့ သေဒဏ်ကျ ကြိုးသမားများထားရာ ကြိုးတိုက်ထဲကို ပို့လိုက်တာ အာဏာပိုင်တွေဘက်က ဗေဒင်ယတြာ တွေနှင့်များ စီရင်လိုက်လေသလားလို့ မောင်မိုးသူတွေးမိပါတယ်။ မောင်မိုးသူ ကြံဖန်ပြီး တွေးမိသလား မပြောတတ်ပါဘူး။ ကြိုးတိုက်ထဲကိုပို့လိုက်တဲ
၂ တိုက်ဆိုတဲ့ ကြိုးတိုက်က သေဒဏ်ကျများသာ ထားတဲ့တိုက်မို့ အုပ်ချုပ်တဲ့ ထောင်ဝါဒါများက အကြမ်းဆုံး၊ အရမ်းဆို ဖိနှိပ်တာအခံရဆုံး တိုက်ဖြစ်ပါတယ်။ တစ်ယောက်ထောင် ပို့ချိန်ဝင်လာကတည်းက ဆဲဆို ကြိမ်းမောင်း ၀င်လာတာ ဖြစ်ပါတယ်။ တစ်ခါတလေကတော့ ဆဲဆိုပြီး ၀င်လာပြီးမှ လူကြီးတွေ ရှိနေလို့ အားနာပါတယ်လို့ ပြောဖော်ရတာမျိုးလည်း ကြုံရပါတယ်။
မောင်မိုးသူတို့တစ်တွေ ၂ တိုက်၊ ကြိုးတိုက် ရောက်ရှိလာချိန်မှာ မောင်မိုးသူရဲ့ မိတ်ဆွေ ရဲဘော်အများစုက ကြိုးတိုက်ရဲ့ တစ်ဖက်တစ်ချက်က ၁ တိုက်နှင့် ၃ တိုက်မှာ ရောက်ရှိနေကြပါတယ်။ ၁ တိုက်က ပုဂ္ဂိုလ်များကို မမြင်ရ မတွေ့ရပေမယ့် ၂ တိုက်မှာ ရေချိုးတဲ့ရေကန် မရှိတဲ့အတွက် ၂ တိုက်နှင့် ၃ တိုက်အကြား ဘုံရေကန်မှာ မောင်မိုးသူတို့ ရေသွားသွား ချိုးရပါတယ်။
၃ တိုက်မှာတော့ ဦးဝင်းတင်တိုက်ထဲ ပြန်ရောက်နေပါပြီ။ ၃ တိုက်မှာက ဦးဝင်းတင်၊ အောင်လွင်၊ မောင်ဝံသ၊ ဗေဒင်ဆရာ ၂ ယောက်ဖြစ်တဲ့ မင်းသိင်္ခ၊ စံ-ဇာဏီဘိုတို့အပြင် ဦးရဲထွန်းလည်းရှိပါတယ်။ အဲဒီအချိန်က ၃ တိုက်ရဲ့ထောင့်ကပ် အခန်း ၃ ခန်းဟာ နောက်ဖေးပေါက်ရှိပါတယ်။ နောက်ပြတင်းပေါက် ရှိတဲ့အခန်းမှာ အောင်လွင်၊ စံ-ဇာဏီဘိုနှင့်ဦးရဲထွန်းတ
တိုက်တွေအားလုံးထဲမှာ ကြိုးတိုက်ကတော့ သေဒဏ်ကျ ကြိုးသမားများတဲ့ မောင်မိုးသူတို့ ရောက်သွားချိန် မှာ သေဒဏ်ကျ။ အားလုံး ၁၀၀ကျော်လား၊ ၁၀၀ လောက်လား မသိရှိပါတယ်။ သေဒဏ်ကျ ခံရသူများကတော့ အမျိုးမျိုးပေါ့လေ။ အများစုကတော့ အရေးအခင်းကာလ ကိစ္စများနှင့် ကျခံသူများဖြစ်သလို ရိုးရိုးလူသတ်မှုနှင့် ကျခံရသူများလည်း ပါပါတယ်။ ၀ိပါတ်ဆရာတော်ကို သတ်တဲ့သူရှိသလို ရှေ့တန်းမှာ လူသတ်လိုင်စင် ရခဲ့သူစစ်သားတစ်ဦး ရန်ကုန်ထောက်ကြံ့မှာမူးပြီး
ကျန်တဲ့တိုက်တွေကျတော့ အများစုက နိုင်ငံရေးသမားရှိကြလေတော့ သူတို့ အချင်းချင်း ဆက်သွယ်မှုလည်း ရှိကြ၊ ဆက်ဆံမှုလည်း ရှိကြပါတယ်။ မောင်မိုးသူတို့ ၇ ယောက်ကတော့ ကြိုးသမား ၁၀၀ ကျော်တို့ အလယ်မှာ မျက်နှာငယ်နဲ့ ၀ိုင်းဆဲဆို ကြိမ်းမောင်းခြင်းခံရပါတယ်။
ရှေ့အပတ်ဆက်ဖတ်ပါ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment