~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မိမိရဲ့ “နိုင်ငံရေးဝေဖန်ချက်များ”ကို စောင့်ကြည့်ဖတ်ရှုနေတဲ့ ထောင်ကျဘက် တစ်ဦးက “ခင်ဗျားဝေဖန်ချက် များကို ဘယ်လိုရေးသလဲဗျ” လို့ မေးခွန်းထုတ်ပါတယ်။ မိမိရဲ့ ဝေဖန်ချက်များကို ဖတ်ကြတဲ့သူများထဲမှာ လူ့ သက်တမ်းအရ ၄၀၊ ၅၀၊ ၆၀ တန်းများပါမှာ သေချာပါတယ်။ ဒီလူ့သက်တမ်း အထက်မှာရော၊ အောက်မှာပါ ပါဝင်ကြမှာ သေချာပါတယ်။ ဒါအကြမ်းဖျင်း ခန့်မှန်းတာပါ။ ဒီဝေဖန်စာလေးများ ရေးတဲ့သူဟာ
လူ့သက်တမ်းရဲ့ ပျမ်းမျှသက်ကြီးတန်း အစုထဲမှာပါနေမှာပါ။ ဒီတော့““အဘိုးကြီး””က ဘာတွေရေးမှန်း မသိပါဘူးဗျာ လို့ထင် မြင်ချက်အပေးခံရမှာကိုတော့ နည်းနည်း စိုးရိမ်ပါတယ်။ “ဖွတ်ကြီး”တို့လို မင်းဆရာ ၀င်း- ၀င်းသမားတွေက တရားသေကြီးဗျလို့ မှတ်ချက်ပေးတာကို ၀မ်းသာရပါတယ်။ သူတို့က တရားရှင်တွေလေ။ ဒီကွေ့ဒီတက် နဲ့ လှော်၊ ဟိုကွေ့ ဟိုတက်နဲ့ လှော်နေကြတဲ့ ဒေါ်လာစား၊ ပြည်ပြန်ပြေးတွေလေ။ သူတို့များ တစ်ခုမပြောရင် ကမ္ဘာ ကြီး စောင်းသွားမလိုပါပဲ။ ဘယ်လိုနိုင်ငံရေး လက်တွေ့မျိုးကမှ ‘Subjectivism’ ဆန္ဒစွဲ စိတ်ဝါဒကို မျက်နှာ သာ မပေးတတ်ပါဘူး။…
ထောင်ကျဘက် ရဲဘော်မိတ်ဆွေ ကိုယ်တိုင်လည်း စာရေးသူနဲ့ အသက်အများကြီး မကွာလှပါဘူး။ စာတွေ ဘယ်လိုရေး သလဲဆိုတဲ့သူ့မေးခွန်းကိုနိုင်ငံရေး အကျိုးစီးပွားရှုထောင့်ကနေ ရေးသားဖြေ ဆိုကြည့်ချင်ပါတယ်။ လွတ်လပ်ရေးခေတ် မြန်မာ့ သမိုင်းကို ခြေရာကောက်ကြည့်ရင် ခုလိုတွေ့ရပါမယ်။ ဖက်ဆစ်ဝင်ရိုးတန်း ၃နိုင်ငံ (ဂျာမနီ၊ အီတလီ၊ဂျပန်)ကို ဆန့်ကျင်ရေး အတွက် ဥရောပမှာ ဒီမီထရော့ဗ် အစီရင်ခံစာက ၁၉၃၆ ခုနှစ်က တည်းက ထွက်နေပါပြီ။ တရုတ်ပြည်မှာလည်း ၁၉၃၅ ခုနှစ်ကတည်းက (KMT) ချန်ကေရှိတ် တရုတ်အမျိုး သားပါတီနဲ့ မော်တိုရဲ့ CPC က ““ဂျပန်ဆန့် ကျင်ရေးတပ်ပေါင်းစုံ””ဖွဲ့ပြီးကြပါပြီ။ မြန်မာမျိုးချစ်များက ၁၉၃၉ သာယာဝတီတို့ဗမာ အစည်းအရုံးညီလာခံ၊ ၁၉၄၀ မော်လမြိုင် ညီလာခံကြီးများက““အင်္ဂလိပ်အခက်၊ ဗမာ့ အချက်””ကြွေးကြော်သံကို ထုတ်ပြန်ထားတာရယ်၊
ကမ္ဘာနဲ့ အဆက်ပြတ်တာတို့ကြောင့် ““၁၉၄၀မှာ ဂျပန်နဲ့ ပေါင်းမိသွားတာ ဖြစ်တယ်။ ဂျပန်ဖက်ဆစ်များက Asian Mainland ကြီးပေါ်တက်ချင်တာကြောင့် ရဲဘော် သုံးကျိပ် ကိုစုပြီး အာရှကုန်းမြေကြီးပေါ်မှာ အင်္ဂလိပ်ကို တိုက်ခဲ့တာ။ မြန်မာက ဂျပန်နဲ့ပေါင်း အင်္ဂလိပ်တိုက် တစ်ခါ အင်္ဂလိပ်နဲ့ပေါင်း ဂျပန်တိုက်၊ စစ်ကြီးပြီးတော့ အင်္ဂလိပ်ပြန်တိုက်ပြီး လွတ်လပ်ရေးရယူ ခဲ့ကြရတယ်။ အတွေ့အကြုံနုနယ်မှုဟာ မြန်မာ့သမိုင်းမှာ အကွေ့ အကောက်များ ကြုံကြရပါတယ်။ စစ်ကြီးအတွင်း ဂျပန်ဖက် ဆစ်များနဲ့ ပေါင်းမိခဲ့တာကို သင်ခန်းစာမယူနိုင်ဘဲ ဗမာ့လွတ်လပ်ရေးရယူရေးမှာ ဖဆပလဥက္ကဋ္ဌ သခင် အောင်ဆန်းဟာ ကွန်မြူ နစ်ပါတီ အတွင်းရေးမှူး သခင်စိုး ရဲ့ပြင်းထန်တဲ့ တိုက်ခိုက်မှုများကို မခံရပ်နိုင်တာ ကြောင့် လွတ်လပ်ရေးတိုက်ပွဲရဲ့ မဏ္ဍိုင်အင်အားစုကြီး တစ်စု ဖြစ်တဲ့ “ဗကပ”ကို ၁၉၄၆၊ အောက်တိုဘာ ၁၁ ရက်နေ့မှာ ဖဆပလအဖွဲ့ချုပ်ထဲ ဗိုလ်အောင်ဆန်း အမိန့်နဲ့ ထုတ်ပစ်ခဲ့တယ်။ ၁၉၄၇၊ ဇူလိုင် ၁၉မှာ ဖဆပလကြား ဖြတ် အစိုးရအဖွဲ့ လုပ်ကြံခံခဲ့ရတယ်။ ““ဒီကိစ္စနောက် ကွယ်မှာ အင်္ဂလိပ်အက်တလီအစိုးရ ပယောဂမကင်း ဘူး လို့ (ကွယ်လွန်သူ) ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇောက သူ့အင်တာဗျူးတစ်ခုမှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အင်္ဂလိပ်နယ်ချဲ့သမားက မြန်မာ့လွတ်လပ်ရေးပြဿနာကို ဖြေရှင်းရာမှာ-
(၁) မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိသျှ အကျိုးစီးပွားများကို ကာကွယ်သွားရန်။
(၂) နံပါတ်(၁) ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရာမှာ ဗြိတိသျှအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နိုင် တဲ့ မြန်မာ့နိုင်ငံရေး အင်အားစုတစ်ရပ်ကိုရှာရန် ဒါဟာ ဖဆပလအဖွဲ့ချုပ်ကို “ဂိုဏ်းခွဲပစ်ဖို့”။ “ဖဆပလ”မှ ဗကပကို ထုတ်ပစ်ဖို့ပဲ ဖြစ်တယ်။ ကိုအောင်ဆန်းက ဗကပကိုဖဆပလကနေ ထုတ်ပစ်ခဲ့တယ်။ ဗမာပြည်လွတ် လပ်ရေး ခေတ်ဇာတ်အစဟာဒီ နေရာမှာရှိတယ်။
(၃) လွတ်လပ်ပြီး ဗမာပြည်ကို ဗြိတိသျှ ဓနသဟာယအဖွဲ့ကြီးအတွင်းမှာ ထားရန်။ ဒါက ဗမာပြည် တရုတ်နို င်ငံ ပြည်သူ့ဒီမိုကရေစီနိုင်ငံ ဖြစ်သွားမှာ စိုးတာကြောင့်ပါပဲ။
– စစ်ကြီးပြီးတဲ့အခါ အင်္ဂလိပ်နယ်ချဲ့ သမားများဟာ ဗမာပြည်ကို လွတ်လပ်ရေးပေးကို ပေးရတော့မှာပါ။ တစ် ဖက်ကနယ်ချဲ့ အင်္ဂလိပ်အတွက် ရသမျှယူထား၊ ထိန်းထားချင်တာပါ။ လွတ်လပ်ရေးပေးရသည့်တိုင် အင်္ဂလိပ် နယ်ချဲ့နဲ့ အပေးအယူ လုပ်ရမယ့် ဖဆပလလက်ယာ ဂိုဏ်းလက်ထဲအာဏာ ရှိစေချင်တာပါ။ စာချုပ်ကြီး ၆ခုနဲ့ အပြီးသတ် လွတ်လပ်ရေးရယူတဲ့အခါ လွတ်လပ်ရေးအာဏာ အဆောက်အအုံထဲမှာ“ဗကပ”မပါအောင် အက်တလီအစိုးရရဲ့ သခင်နုခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်တို့က လက်ဝါးရိုက်ထားပြီးပါပြီ။ ဒါကြောင့် လွတ်လပ်ရေးနဲ့ ပြည်တွင်းစစ်ဟာ တစ်အူထုံ့ဆင်းဖြစ် လာခဲ့တာပါ။
ဖဆပလဂိုဏ်းကွဲမှု ထက်စောတဲ့ ဂိုဏ်းကွဲမှုများ အများကြီးရှိခဲ့ တာပါ။ မြန်မာနိုင်ငံကြီး လွတ်လပ်ဖို့ မြန်မာမျိုးချစ် များဟာ (၁၉၀၆/ ၁၉၄၈)၄၂နှစ်ကြာ ကြိုးပမ်းရပါတယ်။ ကြိုးပမ်းမှုအတွင်းမှာ မြန်မာမျိုးချစ်များ ပါဝင်ကြတယ်။ တိုင်းရင်းသားမျိုးနွယ်စုများ ပါကြတယ်။ မာ့က်စ်ဝါဒယုံကြည်သူများ ပါဝင်ကြတယ်။ လွတ်လပ်ရေးအတွက် ကြိုး ပမ်းကြသူများဟာ အဲဒီကာလမှာ ရှိနေကြတဲ့ မြေရှင်အရင်းရှင် ချမ်းသာချောင်လည်သူ လူတန်းစားများရဲ့သား သမီးများ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ပါးကျွန်ဖြစ်နေရတာကို မနှစ်မြို့ကြပါဘူး။ ခေတ်ကို သိတယ်။ ကျွန်ဘ၀ က လွတ်ချင်ကြပါတယ်။ ၀ံသာနုအရေးတော်ပုံကြီးကို သူတို့စည်းရုံးစုစည်းတာ၊ အမျိုးသားကျောင်းများ ထူ ထောင်ရေးနဲ့ အမျိုးသားပညာရေးသင်ကြားမှုကို သူတို့စည်းရုံးတာ Home Rule ရဖို့သူတို့ ကြိုးစားတာ၊ သခင် လှုပ်ရှားမှုနဲ့ ဒို့ဗမာအစည်းအရုံးကြီးကို သူတို့စည်းရုံးလှုံ့ဆော်တာ၊ နဂါးနီစာအုပ်တိုက်ကို သူတို့ထူထောင်၊ မာ့က်စ်ဝါဒကို သူတို့ဖြန့်ချိတာ၊ ရဲဘော်သုံးကျိပ်ဆိုတာကို သူတို့စုစည်းတာ (ဘယ်စစ်ဗိုလ်မှ မပါဘူး)။ ဘီအိုင် အေဘီဒီအေကို ပညာတတ်များက စုစည်း၊ စည်းရုံးတာ၊ ဖဆပလကို ရဲဘော် ၃ ကျိပ်၊ ဗကပနဲ့ ပြည်သူ့ အရေး တော်ပုံပါတီ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းတာပါ။ ဒါဟာ ““ပညာတတ်လူမှုအစုရဲ့ အကျိုးဆောင်မှု” ဘက်က အပြုအမူတွေပါပဲ””
ပညာတတ်များရဲ့ အားနည်းတဲ့သူ ဘက်ကတော့ သူတို့ဟာ ကိုယ်ကျိုးမကင်းတဲ့ ရာထူး၊ ဂုဏ်သိမ်၊ လစာမက် ကြတဲ့ ပညာတတ်လူမှုအစုရဲ့ အားနည်းချက်ကြောင့် ““ ဂျီစီဘီအေ (၄)စု ကွဲခဲ့ရတယ်။ သံဃာ့သမဂ်္ဂီ(၄)စု ကွဲခဲ့ ရတယ်။
““တို့ဗမာအစည်းအရုံးကြီး ၂ ခြမ်းကွဲတယ်။ စစ်ပြီးစမှာ ဗကပကို ကိုအောင်ဆန်းက ဖဆပလမှ ထုတ်ပစ်ခဲ့ တယ်။ စစ်ပြီးစ ဗကပ ဒုတိယကွန်ဂရက်အတွင်း သခင်စိုး အစုဗကပ ဗဟိုကော်မတီလူကြီးများ ဖြစ်ကြတဲ့ သိန်းဖေ၊ သိန်းတန် (တပ်နီဗိုလ်ချုပ်)၊ ဗိုလ်အောင်မင်းကြီးတို့ကို ဗကပမှ ထုတ်ပယ် ပစ်ခဲ့တယ်။ သခင်စိုးနဲ့ သခင်သိန်းဖေ(မြင့်) တို့ဟာ ပါတီအတွင်းရေးမှူးများဖြစ်ကြတယ်။ သခင်စိုးက ၁၉၄၇မှာ အလံနီပါတီခွဲ ဖွဲ့စည်း ခဲ့တယ်။ သိန်းဖေဂိုဏ်းက ပါတီဌာနချုပ်ကို နာမည်ဝှက်များနဲ့ တိုက်ခိုက်ခဲ့ကြတယ်။ ၁၉၄၆ အောက်တိုဘာမှာ ဗိုလ်အောင်ဆန်းက ဗကပကို ဖဆပလမှ ထုတ်ခဲ့ပါတယ်။ ၁၉၄၆ ဒီဇင်ဘာ ၁ရက်နေ့မှာ ပြည်သူ့ရဲဘော်တပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့ပါတယ်။ အဖြူ -အ၀ါ ဂိုဏ်းကွဲကြပါတယ်။ လက်နက်ကိုင် ပုန်ကန်မှုများ ဖြစ်နေကြ တာကြောင့် ပြည်သူ့ ရဲဘော်အဖြူက ၁၉၄၉မှာ A.S ထဲ ပါဝင်ခဲ့ကြတယ်။ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်အောင်နိုင်၊ ဗိုလ်အုန်းတင် တို့က၁၉၄၉မှာ ပြည်သူ့ ရဲဘော်ပါတီကို ဖွဲ့စည်းခဲ့ကြတယ်။ ၁၉၅၉မှာ ဖဆပလရဲ့ လက်နက်အပ်တပ်ဖျက်၊ ဥပဒေအတွင်းဝင် ပါတီထောင်ခွင့်ပေးတဲ့ ၂ ချက်နဲ့ အလင်း ၀င်ရေးမူကို လက်ခံပြီး ဥပဒေတွင်း ပြန်ဝင်ခဲ့ကြ တယ်။ ၁၉၆၀မှာ ၀ိဓူရသခင်ချစ်မောင်၊ ဦးအောင်ဘန်းတို့ ကိုယ်စားပြုတဲ့ (“မလညပ”) မြန်မာနိုင်ငံ အလုပ် သမား ညီညွတ်ရေးပါတီကို ဖွဲ့စည်းခဲ့ပါတယ်။
ဒီပါတီထဲမှာ “Legal Marxists” များအားလုံးပါကြပါတယ်။၂၈၊ ၃၊ ၆၄ မှာ မဆလပါတီနဲ့ အစိုးရကရှိရှိသမျှ ဥပဒေတွင်း လက်ဝဲပါတီများအပါအ၀င် အားလုံးကို ဖျက်သိမ်းတဲ့အမိန့် ထုတ်လိုက်ပါတယ်။ ၂၈၊ ၃၊ ၆၄ ခုနှစ်က စပြီး ဥပဒေတွင်းမှာ လက်ဝဲနဲ့ အခြားပါတီများပါ မဆလအစိုး ရကဖျက် သိမ်းပစ်ခဲ့တာပါ။ ရှစ် ၄လုံး နောက် ပိုင်း ၂၇၊ ၁၁၊ ၈၈ နေ့ကစပြီး (န၀တ) စစ်အစိုးရက မှတ်ပုံတင်ပါတီစုံစနစ် ခွင့်ပြုပေးခဲ့တယ်။ ပါတီ ၂၃၂ပါတီ၊ တပ် ပေါင်းစုကြီး ၁၁ စုပေါ်လာပါ တယ်။ ၂၇၊ ၅၊ ၉၀ မှာအထွေထွေရွေး ကောက်ပွဲမှာ ဒီချုပ်အနိုင်ရပါတယ်။ အာဏာ မလွှဲပါ။ ၂၅၊ ၆၊ ၈၉ မှာ အာဏာဖီဆန်ရေး လှုပ်ရှားမှု စတင်ခဲ့ပါ တယ်။ ၁၉၊ ၇၊ ၉၀ အာဇာနည်နေ့မှစပြီး အာဏာဖီဆန်ရေး လှုပ်ရှားမှုများ ချေမှုန်းခံရပြီး၊ တစ်ပြည်လုံး ရှိတက် ကြွတဲ့ပါတီများ ဖျက်သိမ်း၊ လှုပ်ရှားသူများ အဖမ်းအဆီး ခံရ၊ ထောင်အချခံကြရပါတယ်။ ဗိုလ်သန်းရွှေလက် ထက်မှာ ကိုယ်စားလှယ် ၈မျိုးပါတယ်ဆိုတဲ့ အမျိုးသားညီလာခံ(၉၃)ကနေ ဒီကနေ့ အပြင်ခက်၊ ဖျက်သိမ်းရခက် နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ထောင်ချောက် အတွင်းဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲကျင်းပရေး ပါဝင်ဆင်နွှဲရေးအတွက် အားလုံးက ကိုယ့်အထွာနဲ့ ကိုယ်တွက် ချက်ပြင်ဆင်နေကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံရဲ့အခရာက လွှတ်တော် တစ်ရပ်ရပ်နဲ့ အသက်သွေးကြောဖြစ်တဲ့ သုံးပုံနှစ်ပုံကိုယ်စားလှယ်မဲကို ဘယ်သူမှ မရနိုင်အောင် ကိုယ်စားလှယ် ၄၄၀ နဲ့ စုဖွဲ့ထားတဲ့ကြံ့ဖွံ့ လွှတ်တော်ထဲမှာစစ်တပ် ကိုယ်စား ၁၁၀ကို ဗိုလ်ကျပြီးခွဲ တမ်းချယူ ထားတာဖြစ် ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်မရဘူးဆိုရင် လူထု တိုက်ပွဲနဲ့ ပြင်မလား။ ဒီချုပ်က လူထု တိုက်ပွဲနဲ့ ပြင်ချင်တဲ့ ဆန္ဒရှိဟန် မတူပါဘူး။ လူထုတိုက်ပွဲ၊ လူထုအုံကြွမှုကို ကြောက်တာမှာတော့ ကြံ့ဖွံ့ပါတီနဲ့ ဒီချုပ်ရဲ့ stand ကတော့အတူတူပဲလို့ ယူဆရမလိုပါပဲ။ ကြံ့ဖွံ့ပါတီနဲ့ အစိုးရ ဆိုတာကလည်း တကယ့် တကယ် တမ်းပြောကြေးဆိုရင် သူတို့အားလုံးဟာလည်း အနှစ်သာရအရ၊ လူတန်း စား သီဝရီအရ ပြောကြကြေးဆိုရင် သူတို့ ဟာအရင်းရှင် လူတန်းစားချည်းပါပဲ။ အာဏာလက်ကိုင်ရှိသူနဲ့ မရှိသူ ဘဲ ကွဲပြားခြားနေတာပါ။ လူထုကြီး က တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ လုပ်ကိုင်စားရတာ လွယ်ကူတဲ့ ဒီမို ကရေစီရေး၊ လူ့အခွင့်အရေးများ ပေါ့ ပေါ့ပါးပါး ရယူခံစားခွင့် ရှိတဲ့ နိုင်ငံနဲ့လူမျိုး ဖြစ်ချင်ကြတာ၊ မျှော်လင့်ခဲ့ကြ တာ ဒီကနေ့ ဆိုရင်၂၇ နှစ်ရှိပါပြီ။ ၂၇နှစ် ဆိုတာ နိုင်ငံ တစ်နိုင်ငံ၊ လူထုတချို့ကောင်းကောင်းကြီး လူမှုလုံခြုံရေး ရနိုင်တဲ့ ကာလပါပဲ။
မြန်မာနိုင်ငံဟာ ၁၉၉၀ မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆင်တူတယ်လို့ အကြမ်းဖျင်ပြော နိုင်ပါ တယ်။ USSR ဟာပထမဆုံးပေါ်ထွက်လာတဲ့ ဆိုရှယ်လစ် စနစ်နိုင်ငံကြီး ဖြစ်ပါတယ်။ လီနင်တို့၊ စတာလင်တို့လို ကမ္ဘာ့အဆင့် အတန်းရှိတဲ့ ခေါင်းဆောင် များရှိကြတဲ့ နိုင်ငံကြီးပါ။ အမေရိကန်လို နိုင်ငံမျိုးကပင်လေးလေး စားစား သဘောထားရတဲ့ နိုင်ငံကြီးပါ။ ဒါပေမဲ့ USSR ဟာ နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမျိုးချင်း တန်းတူရေး ပြဿနာများရှိနေတဲ့ နိုင်ငံပါ။ ကမ္ဘာ့ပထမ ဆိုရှယ်လစ်နိုင်ငံကြီးမှာ လူထုကြီးဟာ စာရေးနေရေး ခက်ခဲနေတယ်၊ ကြောင့်ကြပူပင် နေကြရတယ်။ ဒီပြဿနာအတွက် လွတ်လွတ်လပ်လပ် ပြောခွင့်ဆို ခွင့်မရဘူး၊ မတူ ခြားနားတဲ့ လူမျိုးနွယ်စုချင်း ဆက်ဆံရေးမှာ တန်းတူတဲ့ဆက်ဆံရေး အခွင့်အရေးများ မရကြဘူးဆိုရင် ဆိုရှယ်လစ်စနစ်ဆိုတာ ဘယ်လိုလူမှုစနစ်မျိုးလဲဆိုတဲ့ မေးခွန်းထွက်လာမှာ မုချပါပဲ။ ဆိုရှယ်လစ်စနစ်ဆိုတာ ပုံစံသစ်လူမှုဆက်ဆံရေးများစီးပွားရေး ဆက်ဆံရေးပုံစံသစ်များရှိရပါမယ်။ လူမျိုး ချင်းဆက်ဆံရေး ပုံစံသစ်များ၊ နိုင်ငံရေး ဆက်ဆံမှုပုံစံသစ် များရှိရမယ်။ အစွမ်းရှိသ မျှလုပ်၊ လုပ်သလောက် ခံစားခွင့်ရှိရမယ် ဆိုတာဟာ ဆိုရှယ်လစ်စနစ်ရဲ့ ဥစ္စာဓနခွဲဝေရေးမူပါပဲ။ ဒီမူပေါ်မှာ နိုင်ငံရေး၊ လူမျိုးရေး တန်းတူမှုများ ရကြရှိကြရပါမယ်။ ဆိုရှယ်လစ်စနစ် နိုင်ငံတော်ကြီး ၇၃နှစ်အကြာမှာ ပြိုကွဲခဲ့ရတာဆိုတော့ Social System လူမှုဆက်ဆံရေး စနစ် သစ်တစ်ခုကို လူ့အဖွဲ့အစည်းတစ်ခုအတွင်း ချမှတ်လက်ခံကျင့် သုံးလာအောင်အချိန် ဘယ်လောက်ပေး ရ မလဲ။ ပထမဆံုးအကြိမ် အင်းစိန်ထောင်ကြီး အတွင်းရောက်စဉ်က အကျဉ်းထောင်စနစ်နဲ့ မိမိအကျဉ်းသားကြား ဆက်ဆံရေး ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်လာဖို့ အချိန်ဘယ် လောက်ပေးခဲ့ရ သလဲဆိုတာ အမှတ်အသား မပြုခဲ့မိဘူး။ သေချာတာတစ်ခု ကတော့ မြန်မာ့မဟာဂီတပညာရှင်ပြင် စည်မင်းသား ကြီးမိန့်ကြားသလို ““ထောင်ဆိုတာ နေ စရာတစ်မျိုးပဲ””ဆိုတာကို ဒုတိယအကြိမ် ထောင်ထဲရောက်တဲ့ အခါ သေချာ သွားပါတယ်။ ဒုတိယ အကြိမ် နောက်ပိုင်းမှာတော့ တရားကိုသိရင် လူဟာလွတ်လပ် သွားတယ်ဆိုတဲ့ ပက်ဗလော့ရဲ့စကားကိုနားလည်သွားပါ တယ်။ လူဟာ တစ်ခါတစ်ရံမှာ တချို့ကိစ္စတွေသိဖို့ အချိန်နည်းနည်းတော့ လိုပါတယ်။
၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ ဆိုတာနဲ့ အစိုးရနေရာ ရောက်လာတဲ့ ကြံ့ဖွံ့အစိုးရက ပထမဗျူဟာ မြောက်ရွှေ့ ကွက်က ဒီချုပ်ဥက္ကဋ္ဌကို အကျယ်ချုပ်က လွှတ်ပေးလိုက်တာပါပဲ။ ဗမာရော၊ ကမ္ဘာကပါ ရှော့ခ်ရသွားခဲ့ကြပါ တယ်။ ဒုတိယဗျူဟာမြောက် ရွှေ့ကွက် Democratic Reformလုပ် သွားမယ်ဆိုတာပါပဲ။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် အစိုးရဟာ ဒီ ၂ကွက်ရွှေ့ပြီး လူမြင်ကွင်းထွက်လာတာပါ။ အမေရိကန် ခေါင်းဆောင်တဲ့ လစ်ဘရယ် ကမ္ဘာကြီးက ကြံ့ဖွံ့အစိုးရကို ဘရာဗိုလုပ်ကြပါတယ်။ ဒီချုပ်ဥက္ကဋ္ဌနဲ့ ပတ်သက်တဲ့ ရွှေ့ကွက်ဟာ ရန်သူအဖြစ်မှ မိတ်ဆွေနဲ့ ပူပေါင်းဆောင် ရွက်သူအဖြစ် ဂငယ်ကွေ့ကွေ့လိုက်တာပါပဲ။ ဒီအပြုအမှုအတွက် လူထုကြီးနဲ့ကြံ့ဖွံ့ အစိုးရအကြားက တင်းမာမှုကိုအများကြီး လျော့ကျသွားစေခဲ့ပါတယ်။ စစ်အာဏာရှင် စနစ်ကျင့်သုံးတဲ့ နိုင်ငံ အဖြစ်မှ ဈေးကွက်စီး ပွားရေးစံနစ်နဲ့ ပါတီစုံစနစ်ကျင့်သုံးတဲ့ နိုင်ငံအဖြစ် ရွေ့ရွေ့လာတဲ့အတွက် တိုတောင်းတဲ့ အချိန်အတွင် လစ်ဘရယ်ကမ္ဘာကြီးက စီးပွားရေးပူးပေါင်းဆောင်ရွက် မှုကို ရှေးရှုထားတဲ့ သံခင်တမန်ခင်းများ လွန်းထိုးသလို လုပ်လာကြပါတယ်။ န၀၀၊ နအဖ စစ်အာဏာရှင်များရဲ့ဒီမိုကရေစီ ဆန့်ကျင်ရေး ပေါ်လစီနဲ့ အပြု အမူများကို ဆန့်ကျင်တဲ့ အနေနဲ့ ဒဏ်ခတ်မှု၊ ပိတ်ဆို့မှုအမျိုးမျိုးကို ရုပ်သိမ်းပယ်ဖျက်ပေးလာကြပြီး။ အသစ် ဖြစ်တဲ့ဆက်ဆံရေးများ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများလုပ်လာကြပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ မကြာခဏအကျပ် ရိုက်မှုများကြုံရတဲ့ မြန်မာကိုအကာ အကွယ် ပေးခဲ့တဲ့ (PRC) တရုတ်ကပင် မြန်မာကြံ့ဖွံ့ အစိုးရရဲ့ အပြုအမှုများကို အံ့သြရတယ် ဆိုပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရင်း အာဆီယံပလက်ဖောင်းကြောင့် ရရှိခဲ့တဲ့ ကမ္ဘာ့နိုင်ငံချင်း ဆက်ဆံရေး အခွင့်အရေးများကို အသုံးချပြီး မြန်မာကြံ့ဖွံ့အစိုးရဟာ၊ ဥရောပနိုင်ငံများ၊ စတင် ဒီနေးဗီးယန်း နိုင်ငံများ၊ အိုရှင်းနီးယားနိုင်ငံများနဲ့ပါ သံတမန်ရေး ၊စီးပွား ရေးဆက်ဆံ ရေးများ၊ လမ်းပွင့်လာခဲ့ပါတယ်။ အားလုံးက ဈေးရောင်းချင်ကြတယ်။ ရင်းနှီးမြှုပ်နှံချင်ကြတယ်။ သဘာဝသယံဇာတ များနဲ့ ဈေးကွက်အသစ်ရချင်တယ်။ ဗမာက အဖြူသက်သက်ဆိုတော့ ကမ္ဘာကြီးက စိတ်ဝင်စားပါတယ်။ အခုထိနိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ၅၀ ရှိပြီဆိုပါတယ်။ မြို့နဲ့ တောနေဆင်းရဲသား ၄၃ ဒသမ ၇ သန်း အလုပ်သမား လယ်သမား လူထုကြီး၊ တောနဲ့မြို့နေ ဆင်းရဲသားလူထုကြီးက ဆင်းရဲတွင်းက ဘယ်နည်းဘယ်ပုံ ထွက်ကြရမှာပါလဲ။ တောင်-မြောက် ဒဂုံလမ်းဆုံက မိုးချုပ်လေဘတ်စ်ကား ကျပ်လေပါပဲ။ အရွယ်ရှိသေးတဲ့ မြို့နေဆင်းရဲ သူမတစ်ဦးက လူပါရင်တော်ပြီဟေ့၊ ထဘီမပါရင် နေပါစေတဲ့။ ဒါဟာမြို့နေ ကျား-မ ဆင်းရဲသူများရဲ့ တကယ့်ဘ၀ပဲ။ ရှိရှိသမျှ ဒီမိုကရေစီပါတီမျိုးစုံဟာ အင်္ဂလိပ် -မြန်မာ ၂ဘာသာနဲ့ ၀ပ်ရှော့အမျိုးမျိုး ကျင်းပခဲ့ကြပါ တယ်။ ဒါ ပေမဲ့ မြို့နဲ့တော နေဆင်းရဲသားများအတွက် ဒီချုပ်အပါ အ၀င်ဘယ်ပါတီကမှ ဘာမှတစ်ခုခု မပြောကြ ပါဘူး။
ဒီလိုပါပဲ။ ပညာရေးဥပဒေပြင်ရေး ချီတက်ဆန္ဒပြပွဲ သပိတ်စစ်ကြောင်း လက်ပံတန်းမှာ ဖြိုခွဲခံရတဲ့အခါ ပေါ်ပြူ လာပါတီ ကြီးများ၊ ပေါ်ပြူလာ အစုကြီးများဟာ ““ကြံ့ဖွံ့အစိုးရနဲ့ ရထားတယ်ဆိုတဲ့ နားလည်မှု ကလေးများ ပျက်ပြားသွားမှာ စိုးလို့ပါ”” ဆိုတဲ့အကြောင်းပြချက်နဲ့ တိတ်တိတ်နေကြ ပါတယ်။ ဒါကို မဝေဖန်ကြပါနဲ့တဲ့။ ပွင့် လင်း မြင်သာမှုရှိရမယ် ဆိုတာကို အားလုံးက တစ်လျှောက်လုံး အော်လာခဲ့တာပဲ။ အခု ဒီကျောင်းသားသပိတ် ဖြိုခွဲခံရတော့မှ ဘာကြောင့်ခုလို ဖြစ်သွားကြတာပါလဲ။ စာရေးသူတို့ အလယ်တန်း ကျောင်းသား ဘ၀မှာ မြင့်ဆွေနီ တိဆိုတဲ့ စာအုပ်ကလေး ထွက်ပါတယ်။ သူ့စာက ရည်ညွှန်းကိုးကားစရာ စာများပါ။ တစ်ပိုဒ် ကို ကောင်းကောင်း မှတ် မိပါတယ်။ သူ့စာက ““တိတ်တိတ်နေက ထောင်တန်လျှင် ““အ,အ””သည် တစ်သိန်း တန်၏”” ပါတဲ့။ ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment