လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွား သည်ဟု သံသယရှိသူ ဒေါ်ခင်ဝင်း အမှုစီရင်ချက်ချသည့် ဧပြီလ ၉ ရက် ရုံးချိန်းအား သွားရောက်၍ပြန်လာ ကြသည့် တောင်သူများ စီးနင်းလာသော ထော်လာဂျီ ကားအတိုက်ခံရမှုတွင် တရားခံ ဖမ်းဆီးရမိခြင်း မရှိကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးသန်းနိုင်က ပြောကြားသည်။
ဒေါ်ခင်ဝင်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး စီရင်ချက်ချသည်ကို သွားရောက်ကြသော သူတစ်စုပါသော ထော်လာဂျီသည် ဆားလင်းကြီးကျေးရွာမှဖြတ်ပြ
ကုန်ကားက ၀င်တိုက်ခြင်းဖြစ်သည်ဟု လိုက်ပါသွားသူထဲမှ တစ်ဦးဖြစ်သော မိုးကြိုးပြင် အလယ်ရွာသား ကိုလပြည့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
““ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်တာ မိုးကြိုးပြင်ရွာလည်း ပါပါတယ်။ ဒေါ်ခင်ဝင်း သေနတ်နဲ့ ပစ်သတ်ခံရတဲ့အထိ မုံရွာပြည်သူတွေကို ကာကွယ်သွားတာ၊ အဲဒီကိစ္စသွားပြီး ပြန်လာတဲ့လမ်းမှာ အတိုက်ခံရတာ””ဟု ကိုလပြည့်က ပြောသည်။
အဆိုပါဖြစ်စဉ်တွင်၂၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ၀င်တိုက်သည့် ကားသမားကို ဆားလင်းကြီးမြို့နယ် ရဲစခန်းမှခေါ်သွား၊ မသွား သေချာစွာ မသိရသေးကြောင်း၊ ဒဏ်ရာရနေသည့် ရွာခံများအတွက် စိတ်ပူ နေကြရ သည့်အတွက် ထိုအကြောင်းကို မသိရသေးကြောင်း ဒေသခံများ က ပြောဆိုသော်လည်း ဆားလင်းကြီး မြို့နယ်ရဲစခန်းမှ တရားခံ မဖမ်းမိသေးကြောင်း ငြင်းဆိုခဲ့သည်။
ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးသန်းနိုင်က ကားတိုက်သည်ဟူ၍ မိုးကြိုးပြင်ရွာသို့ သွားသည့်အချိန်တွင် ရွာမှလူများက တုတ်များဖြင့် ရိုက်မည်ဟုပြောသဖြင့် မသွားရဲသောကြောင့် မစုံစမ်းနိုင်ဘဲ ပြန်လည်၍ ထွက်ပြေး လာခဲ့ရကြောင်း မြန်မာသံတော်ဆင့်သို့ ပြောသည်။
““မိုးကြိုးပြင်က ပြောတာတွေကို ယုံသလား။ ရွာကိုသွားတော့ အဲဒီကလူတွေက တုတ်တွေနဲ့ရိုက်မယ်ပြောလို့
ဒေသခံများကမူ ရဲများကိုပြန်လည် ရန်မူခြင်း မရှိခဲ့ကြောင်း ပြော ကြားကြသည်။
““ဒေသခံတွေက ဒီလိုရိုက်မယ် နှက်မယ်ဆိုတာ တစ်ခုမှမဟုတ်ပါဘူး။ ရဲတွေလာတော့ ရိုက်မယ်နှက်မယ် မပြောပါဘူး။ ကိုယ့်လူတွေကို စိတ်ပူပြီး ထူပူနေကြတာပါ၊ ဘာမှမလုပ်ပါဘူး””ဟု ကိုလပြည့်က ပြောသည်။
လက်ပံတောင်းအရေး ဆောင်ရွက်နေသူ ကိုဟန်ဝင်းအောင်၏ လူမှုကွန်ရက်စာမျက်နှာတွင်လည
““ထို့ပြင် ဆားလင်းကြီးတရား ရုံးမှပြန်လာကြသော တောင်သူများ စီးလာသည့် ထော်လာဂျီအား ၀င်တိုက် ခဲ့သည့် ကားအား ရဲတပ်ဖွဲ့ဝင်အချို့ ရှိနေစဉ်မှာပင် အခင်းဖြစ်ပွားသော နေရာမှ မတောင့်တရွာကို မောင်းနှင် ယူဆောင်သွားကြသည်”” ဟု ဖော်ပြထားသည်။
ဒေါ်ခင်ဝင်းပစ်သတ်ခံရမှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘ
ယုဖြူဟန်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:
Post a Comment