တပ်မတော်အစိုးရလက်ထက် ကက(ပြည်) ညွှန်ကြားရေးမှူး၊ ဗိုလ်ချုပ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ ရင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန်နှင့်အမျှ ရှိနေ . . .ယခုမှလာပြီး အကြီးအကျယ် သတိရ နေတာ မဟုတ်ဘူး ဆိုတာ ပြောကြားလို . . .ဗိုလ်ချုပ် ရဲ့ မြင့်မားတဲ့ဂုဏ်ရည်ပင်စည်ပေါ်တက်ပြီး တပ်မတော်ကို သစ်ခွပန်းဖြစ်အောင် လုပ်နေတာ လည်း မဟုတ် . . . ဗိုလ်ချုပ်ပြောခဲ့တဲ့
“အိပ်ကြရဖို့ မြေကြီး၊ စားသောက်စရာ ဆိုလို့ ကျောက် ခဲနဲ့သလဲပဲရှိမယ်” ဆိုတဲ့စကားကို ကျွန်တော်တို့ တပ်မတော်သားတွေဟာ ခံယူပြီး အစားဆင်း ရဲ၊ အနေဆင်းရဲ၊ အ၀တ်ဆင်းရဲ အမျိုးမျိုးကြား မှာ သေမယ် မှန်း၊ ပြတ်မယ်မှန်း သိရက်သားနဲ့ မမောနိုင်မပန်းနိုင် စစ်မှုထမ်းနေကြ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နေပြည်တော်၊ ဧပြီ ၎
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် (တပ်မတော်အစိုးရ လက်ထက် ကာကွယ်ရေး ၀န်ကြီးဌာန ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တာဝန်ယူခဲ့သူ) ဦးဆောင်သည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ အနုပညာရှင်များ သည် လောက်ကိုင်ဒေသ ဖြစ်စဉ်ကြောင့် ရှေ့တန်း တွင် အမိမြေ၏ အချုပ်အခြာအာဏာကို ကာကွယ်နေသည့် တပ်မတော်သားများအား အားပေးထောက် ပံ့ခြင်း၊ နိုင်ငံတော်အတွက် အသက်ပေးဆပ်သူများ၊ ဒဏ်ရာရစစ်သည်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များနှင့် သတင်း မီဒီယာသမားများအား ဂုဏ်ပြုရန် နေပြည်တော်မှ ဧပြီ (၄) ရက်နေ့ နံနက် (၀၈း၀၀) နာရီတွင် လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ လားရှိုးမြို့ သို့နံနက် (၀၉း၁၀)နာရီတွင်ရောက် ရှိခဲ့ကြ သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့သည် လားရှိုးမြို့အမှတ် (၉)တပ်မတော်ဆေးရုံ၊ ခုတင်(၁၀၀) တွင်တက် ရောက်ကုသလျက်ရှိသော ဒဏ်ရာရ တပ်မတော်သားများကို သွားရောက်ကြည့်ရှု အားပေးပြီး တစ်ဦး ချင်းသို့ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။…
ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် လားရှိုးမြို့ မြို့တော်ခန်းမတွင် ကျင်းပသော ရှေ့တန်းရောက် တပ်မတော်သားများ၊ နိုင်ငံအတွက် အသက်ပေး ဆပ်သူ၊ ဒဏ်ရာရသူနှင့် ရှေ့တန်းတွင်တာ ၀န်ထမ်းဆောင်နေသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲနှင့် ဒဏ်ရာ ရ မီဒီယာအား ထောက်ပံ့ခြင်း အခမ်းအနား၌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပတဲ့ အခမ်းအနားကတော့ လောက်ကိုင်ဒေသဖြစ်စဉ်ကြောင့် ရှေ့တန်းမှာ အမိမြေရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်နေကြရတဲ့ တပ်မတော်သားများကို အားပေးထောက်ပံ့ခြင်း၊ နိုင်ငံတော်အတွက် အသက် ပေးဆပ်သူများ၊ ဒဏ်ရာရ စစ်သည်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနဲ့ သတင်းမီဒီယာများကို ဂုဏ်ပြုတဲ့ အခမ်း အနား ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ဆန့်ကျင်သူများဟာ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်ခဲ့ကြပါကြောင်း၊ ပေါ်ပေါက် ခဲ့ဖူးတဲ့ လက်နက်ကိုင် ဆန့်ကျင်မှုများကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် နိုင်ငံရေး အယူဝါဒမတူ လို့တော ခိုတာနဲ့ လူမျိုးရေး အမြင်အရ တောခို တာတွေ ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်ကတော့ နိုင်ငံရေး အယူဝါဒအရလည်း မဟုတ်၊ လူမျိုးရေးအမြင့်ကြောင့်လည်း မဟုတ်သည်ကို တွေ့ရပါကြောင်း၊
ကိုးကန့်ဒေသဟာ ကူမင်တန်အရေး အခင်းကာလက တရုတ်ဖြူတပ်တွေ အကြီးအကျယ် အခြေစိုက်ခဲ့ တဲ့ နေရာဖြစ်ပါကြောင်း၊ ဒါကြောင့်လည်း ဦးဖုန်ကြားရှင်ဟာ တရုတ်ဖြူကူမင်တန်ရဲ့ အကူအညီနဲ့ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းပြီး ရပ်တည်ခဲ့သူဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ထဲကနေ တရုတ်ပြည်ထဲကို ထွက် ပြေးခဲ့ရတဲ့ ဗမာ ပြည်ကွန်မြူနစ်ပါတီဟာ အင်အားအလုံး အရင်းနဲ့ ပြည်တွင်းကို ပြန်ဝင်လာတဲ့အခါ ဦးဖုန်ကြား ရှင်ဟာ ဗကပတပ်ရင်းကြီး (၄၀၄)ရဲ့ တပ်ရင်းမှူးအဖြစ် အဖြူကနေအနီ ဖြစ်သွား ခဲ့တာ တွေ့ရ ပါကြောင်း၊
တရုတ်ဖြူ လက်ထဲမှာတုန်းက ဘိန်းကုန်ကူးခဲ့တဲ့ ဖုန်ကြားရှင်ဟာ ကွန်မြူနစ် ဘ၀မှာလည်း ဘိန်းလုပ်ငန်းကို အကြီးအကျယ်လုပ်ပြီး အဆမတန် ချမ်းသာလာပါကြောင်း၊ ဒါကြောင့် ဗကပ နိုင်ငံရေးမှူး ယမ်ကွမ်း(ခ) တင်ရီနဲ့ မသင့်မမြတ် ဖြစ်လာပါကြောင်း၊ တစ်ဖက်နိုင်ငံက အကူအညီမပေးတော့လို့ အင်အားချည့်နဲ့လာတဲ့ ဗကပကို ၁၉၈၉ ခုနှစ်မှာ လမ်းခွဲပြီး ဥပဒေ ဘောင်အတွင်း ၀င်ရောက်တယ်လို့ဆိုကာ ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့ ပါ ကြောင်း၊ အနီရောင်ကနေ ဘိန်းမည်း၊ ဘိန်းဖြူ၊ မူးယစ်ဆေးနဲ့ ဖြူကြောင်ကျား ဖြစ်သွားတော့ေ ကြာင်း၊
ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါးအကြီး အကျယ်ထုတ်လုပ်ရောင်းချမှု၊ လက်နက်စက်ရုံ တည်ဆောက် မှုကြောင့် နိုင်ငံတော် အစိုးရက အတန်တန် သတိပေးသော်လည်း နာခံခြင်း မရှိတဲ့အတွက် ၂၀၀၉ ခုနှစ်မှာအစိုးရ က အရေးယူဖို့ စီမံခဲ့ပါကြောင်း၊ အဲဒီအခါ ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာ တာဝန် ကျနေတဲ့ခရိုင် ရဲတပ်ဖွဲ့မှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် (၅၀)ကျော်ကို ကိုးကန့် လက်နက်ကိုင်တွေက ၀ိုင်းဝန်း ပိတ်ဆို့ထားခဲ့ပါကြောင်း၊ တပ်မတော်က သွားရောက် ကယ်တင်တဲ့အခါ အချုပ်ခန်းထဲမှာ ထည့်ထားတဲ့ ရဲတပ်ဖွဲ့ဝင် (၁၄)ဦးကို ရက်စက်ကြမ်းကြုတ် စွာပစ်ခတ် သတ်ဖြတ်ခဲ့တာ ယနေ့ထက်တိုင် မျက်စိထဲကမထွက်ဘဲ ပြန်လည်မြင်ယောင် မိကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ အဲဒီနောက်တော့ ဖုန်ကြားရှင်နဲ့ တစ်ဆွေတစ်မျိုးလုံးဟာ တစ်ဖက်နိုင်ငံထဲကို ထွက်ပြေး သွားခဲ့ကြပါကြောင်း၊
နိုင်ငံတော်အစိုးရက ဘယ်လောက်အထိများ သဘောထားကြီးခဲ့သလဲဆိုရင် ဖုန်ကြားရှင်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပြီး မိုင်းလားမှာနေထိုင်ခွင့် ပင် ပြုပေးခဲ့ပါသေးကြောင်း၊ လောက်ကိုင်ဒေသကိုတော့ ဖွဲ့စည်း ပုံအခြေခံ ဥပဒေနှင့် အညီ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထူထောင်ပေးပြီး တရားဥပဒေနှင့်အညီ အုပ်ချုပ် ရေး အဖွဲ့ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊
မကြာမီက ကွမ်းလုံတံတားကို မိုင်းခွဲဖျက်ဆီးဖို့ ကြိုးစားတဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါကြောင်း၊ ဒါဟာ ကွမ်းလုံ ရက် ၄၀တိုက်ပွဲတုန်းက ဗကပဘက်က ထင်ရှားခဲ့တဲ့ ဖုန်ကြားရှင်ရဲ့ လက်ချက်ပဲဖြစ်မယ်ဆိုတာ ခန့်မှန်းနိုင် ပါ ကြောင်း၊ ၂၀၁၅ခုနှစ်မှာတော့ ဖုန်ကြားရှင်ဟာ လူအင်အား၊ လက်နက်အင်အား တောင့် တင်းစွာ နဲ့ လောက်ကိုင် ဒေသကို ပြန်လည်တိုက်ခိုက် လာခဲ့တာဖြစ်ပါကြောင်း၊ ဒါကြောင့် ကျွန်တော်ပထမဆုံးပြောခဲ့သလို ဖုန်ကြားရှင်ရဲ့ လက်နက်ကိုင် ဆန့်ကျင်မှုဟာ နိုင်ငံရေးအယူဝါဒကြောင့်လည်း မဟုတ်၊ လူမျိုးစွဲအမြင်ကြောင့် လည်း မဟုတ်၊ မူးယစ်ရာဇာ တစ်ယောက်ရဲ့ နယ်မြေလုတိုက်ပွဲပဲ ဖြစ်ပါကြောင်း၊ ဖုန်ကြားရှင်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ထူထောင်ထားတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေး အာဏာစတဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာ ၃ရပ်ကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့်ရယူ ရန်ဆောင်ရွက်မှုတို့ကို ကျူးလွန်နေတာ ဖြစ်ပါကြောင်း၊ တပ်မတော် ဟာနိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား စောင့်ရှောက်ဖို့ တာဝန်ရှိကြောင်း၊
ဒါကြောင့် တပ်မတော်ဟာ ရင်မြေက တုတ်လုပ်ပြီး တွန်းလှန်ချေမှုန်း နေပါကြောင်း၊ သူရသတ်္တိနဲ့ ပြည့်ဝကြတဲ့ တပ်မတော်သားတွေဟာ ကြယ်တွေကြွေသလို တစ်ဖြုတ်ဖြုတ်ကြွေနေကြကြောင်း၊ ဒဏ်ရာရနေကြကြောင်း၊ မိဘပြည်သူ တစ်ရပ်လုံးက ယူကျုံးမရဖြစ်နေကြရကြောင်း၊
နိုင်ငံတော်အတွက် အသက်ကိုပေးဆပ်ရခြင်းထက် ကြီးမြတ်သော ဂုဏ်မရှိပြီလို့ ဗိုလ်ချုပ်အောင်ဆန်းမှာ ကြားခဲ့ ကြောင်း၊ ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ကိုးကားရသလဲဆိုရင် ကျွန်တော်တို့ရင်ထဲမှာ ဗိုလ်ချုပ်အောင် ဆန်းဟာ အချိန်နှင့်အမျှရှိနေကြောင်း၊ ယခုမှလာပြီး အကြီးအကျယ် သတိရနေတာ မဟုတ်ဘူးဆိုတာပြောကြား လိုကြောင်း၊ ဗိုလ်ချုပ်ရဲ့ မြင့်မားတဲ့ဂုဏ်ရည် ပင်စည်ပေါ်တက်ပြီး တပ်မတော်ကို သစ်ခွပန်းဖြစ်အောင် လုပ်နေ တာလည်းမဟုတ်ကြောင်း၊ ဗိုလ်ချုပ်ပြောခဲ့တဲ့ ““အိပ်ကြရဖို့ မြေကြီး၊ စားသောက်စရာဆိုလို့ ကျောက်ခဲ နဲ့သလဲ ပဲရှိမယ်”” ဆိုတဲ့စကားကို ကျွန်တော်တို့ တပ်မတော်သားတွေဟာ ခံယူပြီး အစားဆင်းရဲ၊ အနေဆင်းရဲ၊ အ၀တ် ဆင်းရဲအမျိုးမျိုးကြား မှာ သေမယ်မှန်း၊ ပြတ်မယ်မှန်း သိရက်သားနဲ့ မမောနိုင်မပန်းနိုင်စစ်မှုထမ်း နေကြတာဖြစ် ကြောင်း၊ ၁၉၄၅ခု မတ်လ ၁၇ရက်နေ့က မိန့်ကြားခဲ့တဲ့ (ရဲဘော်တို့ အကျယ်ချဲ့ပြီး ရှည်ရှည် မပြောချင်ဘူး၊ အခု စစ်မြေပြင်ကို ထွက်ရမယ်၊ ဆင်းရဲမယ်၊ ငတ်မယ်၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်၊ ဗမာပီပီ ဗမာ့သွေးကိုပြကြ ပါ။ အထက်ဗိုလ်များရဲ့ အမိန့်ကိုနာခံကြပါ၊ အထက်ဗိုလ်တွေကလည်း သာတူညီမျှ ရဲဘော်စိတ်ထားပါ။ ရဲဘော် တို့ကို ကတိပေးထားတဲ့အတိုင်း ကျုပ်ကိုယ်တိုင် ရဲဘော်တို့နဲ့အတူ ချီတက်မယ်၊ ဗမာ့ရန်သူကို ချေမှုန်းကြ၊ အနီး ကပ်ဆုံး ရန်သူကိုရှာပြီး တိုက်ကြပါ။) ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ စစ်ထွက်အမိန့်ကို တပ်မတော် သားတိုင်း ယနေ့ ထက် တိုင်အောင် စွဲစွဲမြဲမြဲ ဦးထိပ်ထားဆဲပဲ ဖြစ်ပါကြောင်း၊
ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ရှေ့တန်းရောက် တပ်မတော်သားတွေကို လာရောက်အားပေးခြင်း ဖြစ်ကြောင်း၊ ကျွန်တော်နဲ့အတူ အမျိုးသားလွှတ်တော်မှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးက တိုင်းရင်း သားကိုယ်စား လှယ်တွေလည်း အားတက်သရောလိုက်ပါလာကြောင်း၊
ကျွန်တော်တို့လွှတ်တော်နဲ့ ပတ်သက်လို့လည်း ပြောရဦးမယ်ဆိုရင် လွှတ်တော်မှာ အစိုးရကဘတ်ဂျက် ဥပဒေ ကြမ်းတင်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကာကွယ်ရေး အသုံးစရိတ်နဲ့ ပတ်သက်လို့ ဘယ်သူမှ မထိဘူး ။ အဲဒါဘာကြောင့်လဲ၊ ၁၉၄၂ခု၊ နိုဝင်ဘာလ (၁)ရက်ကပြောခဲ့တဲ့ ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်အောင်ဆန်းရဲ့သေနင်္ဂဟာစစ်ပညာ ဟောပြောချက်မှာ (ကျွန်တော်တို့နားလည် ရမှာက ကာကွယ်ရေး အတွက် အရင်းခံပြီး အများအားဖြင့် သုံးကြရမယ်၊ ကာကွယ်ရေးကို အဓိကထားပြီး တိုင်းသစ် ပြည်သစ် ထောင် မယ်၊ ကာကွယ်ရေး တောင့်တင်းရန် အခြားတိုင်းပြည်ဘဏ္ဍာများကို ကျုပ်တို့ချို ပေးရလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင်တိုင်း ပြည်ဌာန အားလုံးကာကွယ်ရေးကို အမှီသဟဲဖြစ်နေရမယ်။ ဗမာပြည်ရဲ့ ကာကွယ် ရေးဟာ ဗမာ ပြည်သစ် ထူထောင်ရေးစနစ်မှာ ဗဟိုအချက်အချာဖြစ်ရမယ်။ ဖြစ်မှ လည်းဗမာပြည်ဟာ တကယ်ကြီးပွားနိုင် မယ်၊ ကာကွယ်ရေးအတွက် နှစ်စဉ်ဗမာ ပြည်အစိုးရရဲ့ ၀င်ငွေထွက်ငွေ ခန့်မှန်းချက်တွင် အများဆုံးပေးရမယ့် အပြင် ကာကွယ်ရေးကို အထောက်အပံ့ဖြစ်စေဖို့ တခြားဌာနများကို စီစဉ်လုပ်ကိုင်ရမယ်လို့ ပြောခဲ့ တာကို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိတ်ထဲမှာ အလိုလိုခံစားသိ သိနေလို့ဖြစ်နိုင်ကြောင်း၊ ကျွန်တော်အထောက် အထားမဲ့ ပြောနေတာ မဟုတ်ကြောင်း၊ The Key Collection ၂၀၁၃က ထုတ်ဝေတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ပေါင်းချုပ် စာမျက်နှာ ၁၉-၂၀မှာ ဗိုလ်ချုပ်ပြောခဲ့တာ အထင်အရှားပါကြောင်း၊ အဲဒီတော့ ဆိုလိုချင် တာက တပ်မတော် စစ်အောင်ဖို့ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှု အများကြီးလိုကြောင်း၊
နောက်တစ်ပိုင်းကတော့ ဖြူစင်နှလုံးသားပိုင်ရှင် နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်သွားသူ ကြက်ခြေနီ တပ်ဖွဲ့ဝင် ဒုအရာခံဗိုလ် ဦးမိုးကျော်သန်း ကိစ္စဖြစ်ပါကြောင်း၊ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ကျ ဆုံးလို့မသုံး ဘဲ နိုင်ငံတော်အတွက် အသက်ကိုပေးဆပ်သူလို့ သုံးစွဲသွားပါကြောင်း၊ ကျဆုံးလို့သုံးရင် ရှုံးနိမ့်တဲ့သဘော သက်ဝင် နိုင်ကြောင်း၊ နိုင်ငံတော်အတွက် အသက်ကို ပေးဆပ်သူ ဆိုရင်ကြီး မြတ်တဲ့ဂုဏ်ရှိကြောင်း၊ ဒါကြောင့်နိုင် ငံ အတွက် အသက်စွန့်သွားသူ မှန်သမျှကို ကျဆုံးလို့ မသုံးစေချင်ဘဲ နိုင်ငံတော်အတွက် အသက်ကို ပေးဆပ် သွားသူလို့သာ သုံးနှုန်းကြစေချင်ပါကြောင်း၊
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက် နေ့ကဖြစ်စဉ်မှာ ကြက်ခြေနီအလံကြီးကို ထောင်၊ ကြက်ခြေနီ အမှတ် တံ ဆိပ်ကြီး အထင်အရှားဖြစ်ပါလျက် ပစ်ခတ်သတ်ဖြတ်ရက်သူတွေဟာ လူသားမဆန်ဘူးလို့ ပြောလိုက် ချင် ကြောင်း၊ ဒီနေရာမှာ ဥပဒေအကြောင်းပြောလို့လည်း ဥပဒေအပြင်ဘက်က လူတွေအတွက်ကတော့ နားလည် မယ်လို့မထင်ကြောင်း၊ တပ်မတော်သားတွေ နိုင်ငံတော်အတွက် အသက်ကိုပေးဆပ်သွား လို့ဇနီးသားသမီးတွေ ဒုက္ခပင်လယ် ဝေခဲ့ကြရတာ များလွန်းလှပါပြီ ဖြစ်ပါကြောင်း၊ ယခု ဦးမိုးကျော်သန်းမှာ မိသားစုတွေရှိကြောင်း၊ ကျန်ရစ်သူသား သမီးတွေထဲက အသက် (၇)နှစ်အရွယ်နဲ့ (၅)နှစ်အရွယ် ကလေး၂ဦးဟာ ဖခင်အတွက် ရည်မှန်းပြီး သင်္ကန်းဆီးမယ်ဆိုတာကြားရတော့ ၀မ်းနည်းဝမ်းသာ ခံစားရပါကြောင်း၊ ဦးမိုးကျော် သန်း ဟာ အသက် (၄၅)နှစ်ပဲ ရှိသေးကြောင်း၊ အလွန်နှမြောတသစရာ ကောင်းလှပါကြောင်း၊ ဦးမိုးကျော်သန်း အတွက် ဟင်နရီဒူး နန့် ဆုချီးမြှင့်ခြင်း ခံရရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အပါအ၀င် သက်ဆိုင်သူအားလုံးက ကြိုးပမ်း နေကြတယ်လို့ ကြားသိရပါကြောင်း၊ ဦးမိုးကျော်သန်းရဲ့ ကြက်ခြေနီဂုဏ်ရည် ဟာ ကမ္ဘာကျော်သွား ပါလိမ့်မယ် ဖြစ်ကြောင်း၊ အလားတူပဲ ဒဏ်ရာရကြက်ခြေနီအဖွဲ့ဝင်များ၊ သတ်္တိဗျတ်္တိနဲ့ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တဲ့ ကြက်ခြေနီများကိုလည်း လေးစားစွာဂုဏ်ပြုပါကြောင်း ပြောကြားလိုပါကြောင်း၊
နောက်တစ်ပိုင်းကတော့ သတင်းမီဒီ ယာသမားတွေဖြစ်ကြောင်း၊ လောက်ကိုင် ဒေသကာကွယ်ရေးဟာ တိုင်း ပြည်ရဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် သက်စွန့်ကြိုးပမ်းထမ်းဆောင်ကြရတဲ့ အမျိုးသားရေး တိုက်ပွဲဖြစ်ပါကြောင်း၊ အသက်တွေ၊ ကိုယ်လက်အင်္ဂါတွေနဲ့ ကြီးကြီးမားမားရင်းနှီးရတဲ့ အရေးတော်ပုံတစ်ခုဖြစ် ပါ ကြောင်း၊ ဒီအရေးတော်ပုံပွဲကြီးမှာ သတင်း မီဒီယာသမားတွေရဲ့ အခန်းကဏ္ဍလည်း ပါဝင်နေတာ ကို တွေ့ရပါ ကြောင်း၊ အမြောက်ဆန်၊ ဗုံးဆန်၊ ကျည်ဆန်တွေကြားကို သတင်းမီဒီယာသမားတွေ ဘာကြောင့်ေ ရာက် လာ ကြသလဲ၊ သတင်းမီဒီယာ သမားဆိုတာ အမှန်တရားကို ပြည်သူအတွက် တင်ဆက်ဖို့လာတာ။
သတင်းမီဒီယာမရှိရင် အမှန်တရားဟာ လုပ်ကြံခြင်းခံသွားရနိုင်တာကြောင့် သတင်းမှန်ကိုဖော် ထုတ်ဖို့ရောက် လာကြကြောင်း၊ တပ်မတော်သားတွေက လက်နက်ကိုကိုင်ကြကြောင်း၊ သတင်းမီဒီယာ သမားတွေက ကင်မ ရာနဲ့ ကလောင်ကိုကိုင်ကြကြောင်း၊ ကိုင်စွဲတဲ့ လက်နက်ချင်း မတူပေမယ့် စွန့်လွှတ်ရဲ စွန့်စားရဲတဲ့ သူရဲကောင်း စိတ်ဓာတ်ချင်းကတော့ အတူတူပဲလို့ ပြောချင်ပါကြောင်း၊
ဒါကြောင့် နိဂုံးချုပ်အားဖြင့် ပြောရရင်ဒီနေ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ် စားလှယ်များရဲ့ခရီး စဉ်ဟာ အမိမြေကို ကာကွယ်နေကြတဲ့ သူရဲကောင်းများကို လာရောက် အလေးပြုတဲ့ပွဲပါပဲလို့ တင်ပြရင်း နိဂုံး ချုပ်အပ်ပါ ကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများ အတွက် ကျပ်သိန်း(၁၈၀၀)တန်ဖိုးရှိ ဂုဏ်ပြုပစ္စည်းများကို ပေးအပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် အမျိုးသားလွှတ် တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ လားရှိုးမြို့ရှိ အညတရ စစ်သည် ဗိမာန်သို့ သွား ရောက် ကာ နိုင်ငံတော်အတွက်အသက် ပေးဆပ်သူများကို ဂုဏ်ပြုအလေးပြုကြပြီး နေ့လယ်ပိုင်း တွင် လားရှိုးမြို့မှ ပြင်ဦး လွင်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြသည်။
အမျိုးသားလွှတ်တော်သတင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald






No comments:
Post a Comment