~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယခင်တစ်ပါတ်မှအဆက်
ထိုအချိန်တွင် ဥက္ကဋ္ဌကြီး ဦးနေ၀င်း နှပ်ကြောင်းပေးသွားသော ပါတီစုံဒီမိုကရေ စီစနစ်ကို ခွင့်ပြုနိုင်ရန်အတွက် ပါတီဗဟို အမှုဆောင် ကော်မတီ (““C.C ””) အဖွဲ့ဝင် တစ်ထောင်ကျော်ကမူ မရမ်းကုန်းမြို့နယ် ပါတီဌာနချုပ် ကြီး၌ ကျင်းပရန် (၁၂-၉-၁၉၈၈)တွင် ချိန်းဆို ကြေညာချက်
ထုတ်ပြန်ထားသည်။ ထိုအစည်းအဝေးဆုံးဖြတ် ချက်အရ ပြည်သူ့လွှတ်တော်ကလည်း တစ်ပါတီစနစ်ကို ဖျက်သိမ်း၍ ပါတီစုံစနစ်ကို လက်ခံကြောင်း ထိုနေ့မှာ ပင် ဆက်လက် ဆုံးဖြတ်ရန် စီစဉ်ထားရှိသည်။
ကမ္ဘာအေးသာသနာရေး ဦးစီးဌာန၊ ရုံးချုပ်နှင့် ပုံနှိပ်တိုက်ရှေ့ ကမ္ဘာအေးစေတီ လမ်းမကြီးမှ ဖြတ်သန်းသွားလာ ကြသော ဆန္ဒပြသူများက““ဤဌာနက ဆန္ဒပြမထွက်ဘူးလား။ မီးရှို့လိုက်ရမလား”” ဟု ကြိမ်းမောင်း သဖြင့် ညွှန်ကြားရေး မှူးချုပ်သည် မှီခိုအားကိုးရာ မရှိသဖြင့် ၀န်ထမ်းများအား လှည့်လည်ဆန္ဒပြစေရန် မော်တော် ယာဉ် (၂) စီး ထုတ်ပေးလိုက်ရသည်။ ၀န်ထမ်းများသည် တစ်ပျော်တစ်ပါး လှည့်လည်ဆန္ဒပြကြသည်။…
ထိုအချိန်တွင် ရှေ့နေများအဖွဲ့ ““ဘားကောင်စီ””က ဆန္ဒပြမှုကို ဦးစီးဦးဆောင်ပြု လုပ်တော့မည် ဖြစ်၍ ဆန္ဒပြ သူများသည် ရန်ကုန်ဆေးရုံကြီး အတွင်း၌ ဖွင့်လှစ်ထားသော ““ဘားကောင်စီရုံး””သို့ လာရောက် မှတ်ပုံတင်ကြ ရသည်။ ထိုအခါ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် တို့သည် ““ဘားကောင်စီ”သို့ သွားရောက်၍ စာရင်းပေးသွင်းပြီးမှာ သာလျှင် တာဝန်ကျေသည်။ ကျွန်တော်၏ရုံးမှ ဆန္ဒပြသူများကို ဦးဆောင်သည့် လက်ထောက်ညွှန်ကြား ရေးမှူး တစ်ယောက်က ““ဘားကောင်စီရုံး””၌ လက်မှတ်ရေးထိုးခဲ့သည်ကို သူ့ထက်တစ်ဆင့်မြင့် ညွှန်ကြားရေးမှူး လုပ် သူက မကျေနပ်သဖြင့် ““ဘားကောင်စီရုံး””သို့သွားရောက်ပြီး ယခင်စာရင်း ကိုပယ်ဖျက်ကာ သူ၏နာမည် စာရင်းကို ထည့်သွင်းခဲ့သည်။ ဤပုံစံကိုကြည့်ရသည်မှာ ဆန္ဒပြအဖွဲ့အစည်းကို ““ဘားကောင်စီ”” ကဦးဆောင် ပြီး ယှဉ်ပြိုင်အစိုးရ ဖွဲ့စည်းတော့မည်ဟု ထင်မြင်ယူဆရသည်။ ရုံးတိုင်း၊ ရပ်ကွက်တိုင်း၌ သမဂ္ဂများ ဖွဲ့ရန် ““ဘားကောင်စီ””က ညွှန်ကြား သဖြင့် သူ့ထက်ငါ ဦးနေရာရရှိရန် သမဂ္ဂခေါင်းဆောင်နေရာလုပြီး ဖွဲ့စည်းခဲ့ကြ သည်။ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း ညနေပိုင်း နိုင်ငံရေးတရားပွဲများ၊ ဟောပြောပွဲ ကျင်းပပြုလုပ်ကြသည်။
ဆန္ဒပြလူအုပ်ကြီးမှာ အင်အားကောင်းလာ၍ ရဲဘော်ဖြူအဖွဲ့၊ ဗကပကွန်မြူနစ်အဖွဲ့ စသည်ဖြင့် ရောင် စုံပေါ် ပေါက်လာသည်။ ပုလိပ်သားသမီးများ၊ စစ်သားသားသမီးများ ကို တွေ့ရာသင်္ချိုင်းခေါင်းဖြတ်ပစ်မည် ဟု ကြိမ်း မောင်းသဖြင့် မိမိအိမ်အထဲ၌ကုပ်၍ နေကြရသည်။ အပြင်မထွက်ရဲဘဲ ဆန်ပြုတ်သောက်နေ ကြရသည်။ ရပ်ကွက်အတွင်းရှိ ရေလှောင်ကန်ကို အဆိပ်ခတ်မည်ဟု သတင်းလွှင့်နေသောကြောင့် နေ့၊ ည ကင်းစောင့် ထားရသည်။ ညအချိန်တွင် မီးများပိတ်ထား၍ ဂျင်ဂလိမြားပစ်ခတ်သံများကြားရ၍ ရပ်ကွက်ထိပ်ရှိ ၀ါးကပ်ကို ထိမှန်သံကြားနေရသည်။
၈-၉-၁၉၈၈ တွင် လေတပ်ယူနီဖောင်း၊ ရေတပ်ယူနီဖောင်းများ ၀တ်ဆင်၍ ထရပ် ကားကြီးများနှင့် လှည့်လည်၍ ကာ စာရွက် စာတမ်းများ ဝေငှကြသည်။ ယင်းစာရွက်မှာ ““၁၂-၉-၁၉၈၈”” တွင် ပါတီဌာနချုပ်ကြီးနှင့် လွှတ် တော်ကြီးကို မြန်မာ့လေတပ် မှဗုံးကြဲမည်၊ မြန်မာ့ရေတပ်မှ အမြောက်ဖြင့် ပစ်မည်၊ သို့ဖြစ်ပါ၍ ပြည်သူလူထု သည် ပါတီဌာနချုပ်နှင့် ပြည်သူ့ လွှတ်တော်၏ အနီးတစ်ဝိုက်တွင် နေထိုင်ခြင်း မပြုဘဲ ဝေးရာသို့ ရှောင် ရှား ပေးကြပါရန် မေတ္တာရပ်ခံလိုက်သည်ဟု ပုံ- လေတပ်ဗိုလ်ချုပ်ကြီး တင်ထွန်း၊ ပုံ-ရေတပ်ဗိုလ်ချုပ်ကြီးေ မာင် မောင်ခင် လက်မှတ်များဖြင့် ထုတ်ပြန်ခဲ့ကြသည်။
ထိုအချိန်တွင် မြန်မာနိုင်ငံပိုင်ကြယ် ငါးပွင့်သင်္ဘောတစ်စင်းသည် စင်ကာပူနိုင်ငံမှ ရန်ကုန်သို့ပြန်လာခဲ့ရာ ကိုကိုး ကျွန်းအနီး၌ ရေတပ်ကြီး တစ်ခုက ကမ်းတက် သင်္ဘောများ၊ သံချပ်ကာကားများ အတက် အဆင်း လေ့ကျင့် နေ ကြသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်သို့ ပြန်ရောက်လာသောအခါ သတင်း ပို့လိုက်သည်။
ထို့ကြောင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမှုဆောင် အဖွဲ့အစည်းအဝေးကို (၁၀-၉-၁၉၈၈) ညပိုင်းတွင် ကျင်းပ၍ တစ်ပါတီစနစ်မှ ပါတီစုံစနစ်သို့ ပြောင်းရန် သဘောတူကြောင်း ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ ထိုသို့ ချမှတ်ပြီးနောက် လွှတ်တော်ကိုယ်စားလှယ် များကိုလည်း စုဝေးစေ၍ တစ်ပါတီစနစ်မှ ပါတီစုံစနစ် သို့ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် (၁၉၇၄) ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ပေး လိုက်ကြောင်း နောက် တစ်နေ့(၁၁-၉-၁၉၈၈)တွင် သတင်းထုတ်ပြန်လိုက်သည်။ သက်ဆိုင်ရာ ကော်မတီဝင် များ၊ လွှတ်တော်ကိုယ် စားလှယ်များ သည် (၁၀)ရက်နေ့ ညကပင် ရန်ကုန်မြို့မှ သက်ဆိုင်ရာဒေသ အသီးသီးသို့ ပြန်လည် ထွက်ခွာသွား ကြပြီ ဖြစ်သောကြောင့် ဗုံးကြဲရန်အစီအစဉ်မှာ တေ့လွဲလွဲသွားတော့သည်။
ပြည်ထဲရေးဌာနကလည်း အမေရိကန် သံအမတ်ကြီးကို ဆင့်ခေါ်၍ မြန်မာ့ပင်လယ် ရေပြင်၌ အမေရိကန် ရေ တပ် ရောက်ရှိနေခြင်း အကြောင်းကို မေးမြန်းခဲ့ရာ အမေရိကန် သံအမတ်ကြီးက ““ မြန်မာ့ရေပြင်တွင် အမေရိကန်ရေတပ် လုံးဝမရှိပါကြောင်း”” သံအမတ်ကြီးကိုယ်တိုင် လက်မှတ်ရေးထိုးသည့် ကြေညာ စာတမ်း ကို ည(၈)နာရီသတင်း လွှင့်ချိန်၌ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးခဲ့ပါသည်။
အခြေခံဥပဒေကို ပြင်ပြီးနောက် ပါတီ စုံစနစ်ကိုလက်ခံကြောင်း ထုတ်ပြန်လိုက်သည့်အခါ နိုင်ငံရေးပါတီပေါင်း (၂၆၀)ခန့် မှတ်ပုံတင်ခဲ့ကြသည်။ ကျွန်တော်နှင့် ရင်းနှီးသောဦးကျော်ဟန်သည် မိမိကိုယ်တိုင်က ဥက္ကဋ္ဌ၊ သူ၏ ဇနီးအကြီးက အတွင်းရေးမှူး၊ အငယ်က ဘဏ္ဍာရေးမှူးဟူ၍ ပါတီဝင် (၅)ယောက်ဖြင့် ဖွဲ့စည်းပြီး မှတ်ပုံတင် လိုက်ရာ မှတ်ပုံတင်သော ပါတီများအား တယ်လီဖုန်းတစ်လုံး ဆက်သွယ်ခွင့်ပေးသည်။ ဓာတ်ဆီဂါလန် (၅၀)ချ ပေးသည်။ ကျွန်တော်၏ သူငယ်ချင်းသည် သဲတော၊ ဟံဇားဇာတိ ဖြစ်၍ ဆွေမျိုးများက ဆီးကြိုအားပေးထောက် ခံခဲ့ကြသဖြင့် အားတက်လာပြီး ရွေးကောက်ပွဲ ၀င်ရောက် အရွေးခံခဲ့သည်။
မဲရုံ (၂၅)ရုံ သတ်မှတ်ထားရှိခဲ့ရာ မဲရုံတစ်ခုလျှင် ကိုယ်စားလှယ်တစ်ယောက် ကျစီခန့် ထားပေးခဲ့ သည်။ ရွေး ကောက်ပွဲ ပြီးသောအခါ ဆွေမျိုးများ၏ အားပေးစကားကို ယုံကြည်၍ အရွေးခံခဲ့သော်လည်း မဲရုံ (၂၅)ရုံမှ သူကိုယ်တိုင် နေ့တွက်ပေး၍ ခန့်ထားခဲ့သော မဲရုံစော့င်များထည့်ပေးသည့် (၂၅)မဲကိုသာ ရရှိခဲ့သည်ဟု သိရ ပေသည်။
သမ္မတကြီး ဒေါက်တာမောင်မောင်သည် ပါတီစုံစနစ်ကို လက်ခံပါသည်ဟု ကြေညာပြီးသည်နှင့် တစ်ပြိုင်နက် ရွေးကောက် ပွဲကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။ ဥက္ကဋ္ဌမှာ ဦးဘဌေး၊ အဖွဲ့ဝင်မှာ စမစ်ဒွန်း၊ အတွင်းရေးမှူးမှာ ဦးအေးမောင် စုစုပေါင်း (၅)ယောက် ဖွဲ့စည်းပေးခဲ့သည်။ နိုင်ငံရေးပါတီများအား မစောင့်နိုင်သာလျှင် (၄၅) ရက် အတွင်း ရွေးကောက်ပွဲ လုပ်ပေးပါမည်။ စောင့်နိုင်ပါလျှင် ရက်ပေါင်း (၉၀)၊ (၃)လအတွင်း ရွေးကောက်ပွဲ လုပ် ပေးပါမည် ဟူ၍ ကတိပြုခဲ့ပါသည်။
သို့ရာတွင် ““အောင်-စု-တင်”” ပါတီကရွေးကောက်ပွဲနှင့် ယှဉ်ပြိုင်မဲရွေးရန်ကို သဘောမတူ ငြင်း ဆန်ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးမှာ (၂၆)နှစ် တာကာလပတ်လုံး တစ်နိုင်ငံလုံးကို စိတ်တိုင်းကျ အချိန်ယူ စည်းရုံးထားသော ပါတီကြီးဖြစ်၍ သူတို့၏ပါတီမှာ““ရက်သား၊ လသား၊””မျှသာဖြစ်၍ ယှဉ်ပြိုင်မဲရွေးရန် မဖြစ် နိုင်ပါကြောင်း၊ ရွေးကောက်ပွဲ လုပ်မနေဘဲ သူတို့၏ပါတီသို့ ကြားဖြတ်အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးပါရန် တောင်းဆိုနေ တော့သည်။
အကယ်၍သာ ထိုအချိန်က ဒေါက်တာမောင်မောင်ပြောသည့်အတိုင်း (၄၅) ရက် အတွင်းကျင်းပပေး မည့် ရွေး ကောက်ပွဲကို လက်ခံလိုက်ပါက အောင်-စု-တင် ပါတီ ကသေချာပေါက်နိုင်သွား ပေမည်။ ထိုအ ခါ အောင်-စု-တင်ပါတီ အနိုင်ရလာပါက အခြေခံဥပဒေကို မိမိတို့ကြိုက်သလိုတစ်ပိုဒ်ချင်း တစ်ပိုဒ်ချင်းပြင်ဆင်၍ ငြိမ်သက် အေးချမ်းစွာ ပြုပြင်ပြောင်းလဲမှု (““Evolution ””) ဖြစ်၍ တိုင်းပြည်၏ စီးပွားရေးအခြေအနေမှာ ငြိမ်းချမ်းစွာတိုး တက်ဖွံ့ဖြိုးသွားမည်မှာ သေချာလှပေသည်။
သို့ရာတွင် အတိုက်အခံခေါင်းဆောင် ပြုလုပ်သူများက ရွေးကောက်ပွဲကို လက်မခံဘဲ ကြားဖြတ်အစိုးရ ဖွဲ့စည်း ပြီးအာဏာ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သောကြောင့် ဆန္ဒပြလူထု၏ ကြွေးကြော်သံမှာလည်း ယခင်က ““ ရရင်ရ၊ မရရင်ချ ”” ဟစ်ကြွေး နေရာမှ တစ်ဆင့်တက်လာ၍ ““ရရ – မရရ၊ ချ””ဟူ၍ ကြွေးကြော်သံ ပြောင်းလဲ လာတော့သည်။ ဆန္ဒပြလူအုပ်ကြီးသည် မင်းမဲ့စိတ်ဓာတ်လာ၍ တစ်ဖြည်းဖြည်းနေမြင့်လေ အရူးရင့်လေဖြစ် လာကာကြမ်းလာတော့သည်။
တောင်ဥက္ကလာပတွင် ရဲအရာရှိတစ်ယောက်ကို လူအုပ်ကြီးကဖမ်းဆီးခေါင်း ဖြတ်လိုက်သည်။ တောင်ဥက္ကလာပ မြို့နယ်၊ စီမံကိန်းရပ်ကွက်ရှိ လူများစုမှာ စစ်သားဟောင်းများဖြစ်ကြ၍ ဆန္ဒပြရာသို့ အများသူငါနည်းတူ မလိုက် ပါဘဲ ကိုယ့်ဝမ်းစာ ကိုယ်ရှာနေခဲ့ကြသည်။ ဤတွင် နိုင်ငံရေးသမားလူလည် တစ်စုကမဟုတ် မတရား ကောလာ ဟလ၀ါဒ ဖြန့်ကြသည်။ စီမံကိန်း ရပ်ကွက်အနီးရှိ ဘီစကွတ်စက်ရုံကြီး၌ ဘီစကွတ်မုန့်ဖုတ်သည့် ဂက်စ်အိုးကြီး ကို ဖောက်ခွဲပစ်မည်ဟု ကြိမ်းမောင်းသောကြောင့် ကျောင်းသား (၁၂) ယောက်နှင့် ဘုန်းကြီး (၂)ပါးတို့သည် ဘီစကွတ် စက်ရုံအတွင်းသို့ ဖောက်ခွဲခြင်း မပြုရန်၊ စေ့စပ်ညှိနှိုင်းရန် ၀င်ရောက်သွားသည်ကို တံခါးပိတ် ထားပြီး ကျောင်းသားများကို ရိုက်နှက်ပြီး ဘုန်းကြီး (၂)ပါးကိုခေါင်းဖြတ်ပြီး နောက်ဖေးရှိ ငမိုး ရိပ်ချောင်းထဲသို့ ပစ်ချ လိုက်ကြောင်း ကောလာဟလသတင်းကို ဟိုင်းလက်ကားအပေါ်၌ အသံချဲ့စက်တင်ကာ လိုက်လံဟစ်အော် လှုံ့ဆော်ခဲ့ကြသည်။ ကြားရသမျှလူနှစ် သောင်းကျော်ခန့်သည် စီမံကိန်းရပ်ကွက်ကို ၀ိုင်းဝန်းပြီး ဂျင်ဂလိများ၊ ခဲများဖြင့် ၀ိုင်းဝန်းပေါက်လာကြသည်။ ရပ်ကွက်လူထုသည်လည်း ဘုမသိဘမသိ ဖြစ်နေ၍ မိမိတို့ ၌ရှိသော ၀ါးကပ်များကို အကာအကွယ်ယူ၍ ပြန်လည်ခုခံကြသည်။ ထိုအခါအများစု လူထုမှာ ဒဏ်ရာရရှိကြ၍ ဆေးရုံသို့ ပို့ကြရသည်။ ရပ်ကွက်လူထုသည် သန်းခေါင်ကျော်အထိ ခုခံနေခဲ့သော်လည်း ခြေကုန်လက်ပန်းကျကာ လက်မြှောက်အရှုံးပေး လိုက်ရတော့သည်။
ထိုအခါ ထိုရပ်ကွက်အတွင်းမှ သန်သန်မာမာလူငယ်၊ လူရွယ်ယောက်ျားများ အားလုံးကို (နှစ်ရာကျော်ခန့်) ဖမ်းဆီးလာပြီး ““——””ဓမ္မာရုံ၌ စစ်ဆေးသည်။ စီမံကိန်းရပ်ကွက်သားများမှာ အသေခံအဖြစ် ရွေးချယ်ထား၍ စိတ်ကြွဆေးများကို ကျွေးထားသဖြင့် ဓားနှင့်ထိုး အပ်နှင့် ထိုးပြီး နှိပ်စက်သော်လည်း နာလို့ နာမှန်းမသိ၊ အော် ဟစ်ရမှန်းမသိဟု ၀ါဒဖြန့်၍ လူအုပ်ကြီး အားဝိုင်းဝန်း ရိုက်နှက်နှိပ်စက်ကြသည်။ အရေးပါသည့် ပုဂ်္ဂိုလ် (၁၄- ၅)ယောက်ကို ရပ်ကွက်အလိုက် ခွဲတမ်းချပေးပြီး သတ်ဖြတ်ကြစေရန် ဆန္ဒပြခေါင်းဆောင်များက ခွဲဝေပေး လိုက်သည်။ ကျန်သောလူ (၂၀၀)ခန့်ကို ငွေကြာယံဆရာတော်နှင့် တပည့်များကထိန်းသိမ်းပေး ရန် ငွေကြာယံ ကျောင်း တိုက်သို့ ခေါ်ဆောင်သွားတော့သည်။
နောက်နေ့ နံနက်တွင် (၁၀) ရပ်ကွက် ဈေးအတွင်း၌ တရားခံ၊ အသတ်ခံရမည့် သူကို လက်ပြန်ကြိုးတုပ်ခေါ် ဆောင်လာပြီး ငါးစိမ်းသည် အဒေါ်ကြီး တစ်ယောက် အားငှက်ကြီး တောင်ဓားအပ်နှံပြီး““ ဒီလူကို ခုတ်လိုက်၊ ခင်ဗျား အိမ်ဆွမ်းခံကြွနေတဲ့ ဘုန်းကြီးကို ဒီလူကသတ်တာ။”” ဟုပြောဆိုချက်အရ ငါးစိမ်းသည် အဒေါ်ကြီး သည် ““နင်လားဟဲ့-ငါ့ဘုန်းကြီးကိုသတ်တာ””ဟု ပြောပြောဆိုဆို လည်ပင်းကို ဓားဖြင့်ပိုင်း လိုက်တော့သည်။ ထိုသို့ခုတ်ပိုင်းနေသည့် ဓာတ်ပုံကို သတင်းစာများ၌ ထည့်သွင်းလိုက်သည်။ ထိုအချိန်က သတင်းတိုက် အားလုံး မှာလည်း ဆန္ဒပြ လူထုက သိမ်းပိုက်ထားပြီးဖြစ်သည်။ အလားတူပင် ကျားကူး ကျောင်းတိုက် အနောက်ဘက် ဦးဝိစာရလမ်း ပေါ်၌မချူး ဆိုသူဘွဲ့ရ အမျိုးသမီးတစ်ဦး အားဓားပေးပြီး““ ခုတ်လိုက်ခုတ်လိုက်””ဟု ပရိသတ် ကြီးက ၀ိုင်းဝန်းအော်သံညာသံ ပေးသောကြောင့် သွေးကြွလာပြီး ခုတ်ပိုင်းလိုက်တော့သည်။
ဟယ်လ်ပင်လမ်း ကလေးဆေးရုံမှ သူခိုး(၅)ယောက် ကို ခေါင်းမိုးပေါ်၌ တွေ့သဖြင့် လူအုပ်က ၀ိုင်းလိုက်သော အခါ သူခိုးများ ထွက်ပြေးပျောက်ကွယ်သွား သော်လည်း ရန်ကုန်ဘူတာကြီးအနီး၌ ရထားများ မထွက်သဖြင့် ၄-၅-၁၀ရက် ညအိပ် စောင့်နေကြသော လင်မယားနှစ်ယောက်ကို ဖမ်းဆီးမိ၍ ကလေးဆေးရုံကြီးကို အဆိပ်ခပ် မည့်သူဟူ၍ စွဲချက်တင်လိုက်သည်။ သက်သေပြရန်မလို ရှေ့နေ မရှိ၊ လျှောက်လဲချက် ပေးခွင့်မရှိ။ သေဒဏ် အမိန့်ကို လူအုပ်ကြီးက ချမှတ်ရန်သာဖြစ်သည်။ ယောက်ျားဖြစ်သူကိုမူ ယောက်ျားအချင်း ချင်းသတ်စေ၍ မိန်းမ ဖြစ်သူကိုမူ မိန်းမ အချင်းချင်းသတ်စေရန် တောတွင်း ဗကပ ကွန်မြူနစ်တို့၏ လုပ်ထုံးအတိုင်းစီရင်ချက် ချလိုက် သည်။ ပတ်ဝန်းကျင်ရှိလူ အုပ်ကြီးက ““သတ်- သတ် ””ဟူ၍ဟစ်အော်လိုက်လျှင် တရားခံမှာ သေဒဏ်အတည် ဖြစ်သွားတော့သည်။
ထိုမိန်းကလေးမှာ ကိုယ်ဝန် ၅လခန့် ရှိနေသည်။ မိန်းမချင်း ၀ိုင်းအုံ၍ ရှေးဦးစွာ အင်္ကျီနောက်ကျောကို ဆွဲဖြဲ ဆုတ်ပစ်လိုက်သည်။ ထဘီကိုလည်း ဆွဲဖြဲလိုက်သည်။ တစ်ကိုယ်လုံး မိမွေးတိုင်းဖမွေးတိုင်း ဖြစ်နေသော အမျိုး သမီးငယ်ကို လူအုပ်ထဲမှ မိန်းမတစ်ယောက်က လည်ပင်းကို ဓားဖြင့်ခုတ်သည်။ ကျန်သော မိန်းမများက လက် နှစ်ဖက်ခြေနှစ်ဖက်ကို မလှုပ်နိုင်စေရန် ၀ိုင်းဆွဲ၊ ဖိညှပ်ထားသည်။ ခုတ်သော ဓားမှာတုံးနေသဖြင့် မပြတ်ချေ။ ထိုအခါ ဓားကိုင်သော အမျိုးသမီးသည် လည်ပင်းကို ဓားဖြင့်ကြိတ်၍ လှီးဖြတ်လိုက်သည်။ သာမန်အချိန်အခါ မျိုးတွင် အမျိုးသမီးဘတ်စ်ကားပေါ်၌ သို့မဟုတ် လူလယ်ကောင်၌ အင်္ကျီ၊ လုံချည်ဆုတ် ဖြဲပြီး အမြင်မတော် ဖြစ်သွားပါက မိန်းမအချင်းချင်း အကာအကွယ်ပေးလေ့ ရှိကြသည်။ အရှက်ကို လူမမြင်စေရန် ဖုံးဖိပေး ကြ သည်။ ယခုကိစ္စမှာမူ မိန်းမအချင်းချင်း အရှက်ကို ဖုံးဖိမပေးကြဘဲ မိမွေးတိုင်း၊ ဖမွေးတိုင်း ဗလာကိုယ်လုံးတီးပြု လုပ်ပြီး ကြက်လည်လှီးသလို လှီးဖြတ်ခဲ့ကြသည်။ အမျိုးသမီးတိုင်းသည် သေချင်ရင်သေ ပါစေ။ အရှက်ကိုတော့ လုံအောင်ဖုံးသွားလို ကြသည်။ ဤအမျိုးသမီးငယ်လေးမှာ လူစိတ်ပျောက်နေသော ပတ်ဝန်းကျင် အမျိုးသမီး လူအုပ်ကြီး အလယ်၌ အရှက်ကင်းမဲ့စွာ သေဆုံးသွားရပုံကို လွန်စွာစိတ်နာစရာ ကောင်း လှပေသည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment