Sunday, April 12, 2015

တယ်လီနောက သင်္ကြန်တွင်း ဖုန်းဘေလ်ချေးပေးမည်

ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောက သင်္ကြန်ကာအတွင်း တယ်လီနောဖုန်းအသုံးပြုသူများ ဖုန်းဘေလ် ၂၀၀ကျပ်အောက် ရောက်ချိန်တွင် ကျပ် ၅၀၀ကို ချေးငှား အသုံးပြုနိုင်ရန် စီစဉ်ထားသည်ဟု ထုတ်ပြန်ထားသည်။

ကြိုတင်ငွေ ကျပ် ၅၀၀ ရယူနိုင်ရန် *500#ကို ဖုန်းခေါ်ဆိုကာ ကြိုတင်ငွေ တောင်းခံ၍ ချေးငှားနိုင်မည်ဖြစ်သည်။ ရရှိသည့် ကြိုတင်ငွေအား *124*1#ကို နှိပ်ကာ ဖုန်းဘေလ်စစ်နိုင်မည်ဖြစ်သည်။


ဖုန်းဘေလ်ပြန်လည်ဖြည့်ပြီးပါက ကြိုတင်ငွေ ၅၀၀ကျပ်နှင့်အတူ ၀န်ဆောင်ခ ၅ရာခိုင်နှုန်းကိုပါ ဖုန်းဘေလ်မှ ပြန်လည် ဖြတ်တောက်မည်ဟု သိရသည်။

Credit -  Mizzima - News in Burmese

 
 

No comments:

Post a Comment