~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျွန်တော်တို့ ဂျာနယ်များမှ အယ်ဒီတာအဖွဲ့ဝင်များ၊ သတင်းထောက်များ သာမက ရန်ကုန်တိုင်းဒေသကြီး မြို့နယ် အသီးသီးမှ ပြည်ခိုင်ဖြိုး အသင်းကြီး၏ တွဲဖက်အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များသည် အခါ အား လျော်စွာပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့နယ်များသို့ ဆင်းပြီး ဒေသတွင်း ကျေး လက်ဖွံ့ဖြိုးမှု
တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် သတင်းယူကာ မိမိတို့ဂျာနယ် အသီးသီး တွင် ဖော်ပြလေ့ရှိပါသည်။
ဤသို့ မိမိနှင့် မိမိတို့အယ်ဒီတာအဖွဲ့ ဆောင်ရွက်မှုကို မီဒီယာကို မီဒီယာနှင့် တိုက်မည့် မဟာဗျူဟာမှူးကြီး ဖြစ်သူ ထိုအချိန်က ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ခိုင်းစေခြင်းလည်း မဟုတ်ပါ။ ၀န်ကြီး၏ မီဒီယာတိုက်ခိုက်ရေး အဖွဲ့များကလည်း ယင်းအစီအစဉ်နှင့် ပတ်သက်ပြီး ၀န်ကြီးကို တစ်စုံတစ်ရာ ““ဆေးထိုး”” ပေးခြင်း မရှိကြပါ။ ပြည်ခိုင်ဖြိုး ဂျာနယ်ကို ပြည်သူလူထုလက်ထဲ ထဲထဲဝင်ဝင်ရောက် ရှိရေး၊ မဟာ ဗျူဟာ၊ နည်းဗျူဟာများနှင့် ဆောင်ရွက်နေကြသည့် မီဒီယာကိုမီဒီယာနှင့် တိုက်ခိုက်ကြမည့် ၀န်ကြီး၏ အန္တေ၀ါ သိကများသည် ပြည်ခိုင်ဖြိုး အသင်းကြီး၏ အဓိကအားဖြစ်သည့် ကျေးလက်ပြည်သူတွေ၏ စိတ်ပါဝင်စားမှုကို ဥပေက္ခာပြုလျက် ရှိတော့သည်။…
တိုင်းနှင့်ပြည်နယ်တွေကို ကိုယ်တိုင် ကိုယ်ကျသွားရောက်ပြီး ပြည်ခိုင်ဖြိုး အသင်းကြီး၏ ကျေးလက် ဒေသ ဖွံ့ဖြိုး ရေး သတင်းတွေကိုယူသည့် ကိစ္စရပ်အပေါ် ၀န်ကြီးသည်ထောက်ခံခြင်းလည်းမပြု၊ ကန့်ကွက်ခြင်းလည်း မပြု သလို မိမိတို့ ယခုကဲ့သို့ နယ်အသီးသီးသို့ သွားရောက်သည့် စရိတ်စကသည်လည်း မိမိတို့အစီအစဉ်နှင့် မိမိ တို့ဖြစ်သလို ဒေသခံအဖွဲ့အစည်းနှင့် လူပုဂိ္ဂုလ်များကလည်း စေတနာ အလျောက် အပြန်ခရီးအတွက် မီးရထား လက်မှတ်၊ မော်တော်ယာဉ် လက်မှတ်ဝယ်ပေးကြတာ မျိုးရှိကြသည်။ အခါအားလျော်စွာမှာလည်း မိမိတို့ အယ်ဒီတာအဖွဲ့ ကိုယ့်အစီအစဉ်နှင့်ကိုယ် စုပေါင်းစပ်ပေါင်း ကျခံကြပါသည်။ ကျေးလက်နေဒေသခံ ပြည်သူများ အတွက် ပြည်ခိုင်ဖြိုး အသင်းကြီး၏ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေကို မိမိတို့ဂျာနယ် အသီးသီးမှ တစ်ဆင့် ပြည်သူများကို ဖော်ပြခြင်းဖြင့် အသင်းကြီး၏ Imgae ကို မြင့်တက်လာစေလိုသည်မှာ မိမိတို့၏ ပထမ ဦးစားပေး စေတနာဖြစ် သည်။ ပြည်ခိုင်ဖြိုးအသင်းကြီး၏ အခြားမျက်နှာစာတွင် အငြင်းပွားဖွယ်ရာ အချေအတင် များနှင့် မည်သို့ လက်သီးလက်မောင်း တန်းနေပါစေ။ မိမိတို့ဂျာနယ် မျက်နှာစာတွင်မှာတော့ အနာတရတွေရှိခဲ့ လျှင် မူလအခြေအနေတွေ ပြန်လည်ရောက်ရှိအောင် အတတ်နိုင်ဆုံး ကုစားမည်ဆိုသည့် ရည်ရွယ်ချက်မှအပ အခြားမည်သည့် ဘက်လိုက်မှုမျှ မရှိ။
၂၀၀၈ ခုနှစ်မှာ ပြည်ခိုင်ဖြိုးအသင်းကြီးညီလာခံကို မိမိတို့ဂျာနယ်မှ တက်ရောက်ပါသည်။ စရိတ်စကက ကိုယ့် အစီအစဉ်နှင့် ကိုယ် ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းအသီးသီးက ပြည်ခိုင်ဖြိုးအသင်း ညီလာခံကိုယ်စားလှယ် များနှင့် အဲဒီညီလာခံမှာ တွေ့ဆုံခွင့်ရသည့် တချို့ညီလာခံကိုယ်စားလှယ်တွေနှင့် ဒေသဖွံ့ဖြိုးရေးဆောင် ရွက် ချက် တွေနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခွင့်ရသည်။
၂၀၀၉ ခုနှစ် ပြည်ခိုင်ဖြိုးအသင်းကြီး ညီလာခံကို ကျွန်တော်၊ ကျော်စွာနှင့်အယ်ဒီတာအဖွဲ့ဝင်များ တက်ရောက် ကြသည်။ တက်ရောက်ခွင့်ရဖို့ အတက်ကြွဆုံးလှုပ်ရှားသူက ကျော်စွာပဲဖြစ် သည်။ ပြည်ခိုင်ဖြိုး အသင်းကြီး၏ သင်းလုံးကျွတ် ညီလာခံတက်ရောက်ဖို့ အဲဒီအချိန်က ပြည်ခိုင်ဖြိုးအသင်းကြီး၏ ဗဟိုဌာနချုပ်ပညာရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီးအနေဖြင့် တစ်စုံတစ်ရာ အတိုင်းအတာအဖြစ် နှုတ်၏ဆောင်မခြင်း၊ ကိုယ်၏ေ ဆာင်မခြင်းကို ပံ့ပိုးပေးခဲ့ ခြင်းမရှိ။ အသိအမှတ်ပင် မပြုသယောင်။ ဌာနချုပ်ဂျာနယ်၏ အယ်ဒီတာအဖွဲ့ဝင်များ ဌာနချုပ်တွင် ကျင်းပသည့် အသင်းကြီး၏ နှစ်ပတ်လည် ညီလာခံတွင် မိမိတို့ကို အသိအမှတ်ပြု အရေးတယူ စတင်ဆက်ဆံ မည့်သူပင် ခပ်ရှားရှား။
တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးတိုးလုံ၏ကောင်းမှုကြောင့် သတင်းယူခွင့်ကတ်ပြားများရရှိသည်။ မိမိတို့ အယ်ဒီ တာအဖွဲ့အတွက် ညအိပ်ခိုနားစရာအခန်း မရှိ။ ၀န်ကြီးက ဘာမျှပြောထားပုံ မရ။ စားဖိုဆောင်တို့၊ အိပ်ဆောင် ခန်းမ မြေညီထပ်တို့တွင် အိပ်ရမည့် ကိန်းဆိုက်နေသည်။ သို့ရာတွင် ကျော်စွာနှင့် ကနဦးကတည်းက ရင်းနှီး ခင်မင်ကြသည့် ဌာနချုပ်က ဗိုလ်မှူးကြည်ဝင်းနှင့် ဌာနချုပ်မှူး ရုံးတာဝန်ခံ တစ်ဦးဖြစ်သည့် ဗိုလ်မှူးသိန်းနိုင်တို့၏ ရဲဘော်ရဲဘက် စိတ်ကြောင့် သူတို့နှစ်ယောက် ရရှိထားသည့်အခန်းတွင် မိမိတို့အယ်ဒီတာအဖွဲ့ ၄ ယောက် ပေါင်းပြီး ၆ ယောက် ကျပ်ကျပ်တည်းတည်း အိပ်ကြရသည်။
ဌာနချုပ်ရဲ့ ပညာရေးဌာနတာဝန်ခံလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးလည်းဖြစ် သူဗိုလ်မှူးချုပ်ကျော်ဆန်း အနေ ဖြင့် သူတို့ အသင်းကြီး၏ ညီလာခံကိုတက်ရောက်ပြီး သတင်းယူကာ ပြည်သူတွေကို အသင်းကြီး၏အကျိုးငှာ ဂျာနယ်တွင် ဖော်ပြပေးကြမည့် စာနယ်ဇင်းဆရာ အယ်ဒီတာများကို နေရာထိုင်ခင်းကျော တစ်နေရာရရှိဖို့ အတွက် စီစဉ်ပေးသင့်သည်။ သူက ဥပေက္ခာပြုထားသည်။ သူလှန်ထားသော မိမိတို့ပေါင်ဗလာများကို သူ့ အပေါ်မကျေနပ်သူ အချို့က ၀င်ရောက်ထောင်းထောင်းသွား ကြသည်။
မိမိတို့ အယ်ဒီတာအဖွဲ့ ညီလာခံရက်အတွင်း တစ်နေ့တာအစည်းအဝေးပြီးလို့ ညဘက်နားနေသည့် အချိန် (ယင်းအချိန်များတွင်သာ ကိုယ်စားလှယ်များအားလပ်သလို မိမိတို့လည်း တွေ့ဆုံမေးမြန်းခွင့်ရ ကြသည်) များ တွင် အဆောင် A,B,C,D သို့ တစ်ခန်းဝင် တစ်ခန်းထွက်ပြီး ခုတင်ပေါ်တွင်၊ ကြမ်းပြင်ပေါ်တွင်၊ လှေကားထစ် များတွင် ဖြစ်သလိုထိုင်ပြီး ကိုယ်စားလှယ်များနှင့် အင်တာဗျူးခဲ့ကြသည်။
ဒေါက်တာ ဒေါ်မြင့်ကြည်(ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်)၊ ဦးသန်းဝင်း(ကျိုက်လတ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးသန်းထွန်း (ဧရာဝတီတိုင်းအသင်း အတွင်းရေးမှူးနှင့် ယခုသမ၀ါယမ ဒုတိယ ၀န်ကြီး)၊ ရမည်းသင်းခရိုင်အတွင်းရေးမှူး ဦးမြင့်ဆွေ၊ ရှမ်း/မြောက်မှ ဦးပယ်စောက်ချိန်၏သားကို ခင်မောင်လွင်၊ ဦးစိုင်းနောင်ခမ်း၊ ကရင်ပြည်နယ်မှ ဦးစောထားလုံ စသည့်ပုဂိ္ဂုလ်များနှင့် တွေ့ဆုံမေး မြန်း ခွင့်ရခဲ့သည်။
ယင်းတို့၏ သက်ဆိုင်ရာမြို့နယ်/ကျေး လက်ဒေသတွင်း ရေ၊ မီး၊ လမ်းတံတား စသည့် ဖွံ့ဖြိုးတိုးတက်ေ ရး ဆောင်ရွက်ချက်များကို မိမိတို့ဂျာနယ် တွင် ဖော်ပြနိုင်ခဲ့သည်။
ညီလာခံရက်များအတွင်း ကိုယ်စားလှယ်ကြီးများနှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိရေး ဆောင်ရွက်ပေးသူက ယခု မွေး/ရေဘဏ် အထွေထွေမန်နေဂျာ တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးသိန်းနိုင်ဖြစ်သည်။ ပုဆိုးတိုတို၊ တိုက်ပုံရင်ခွဲ၊ ဦးထုပ်မွဲမွဲကိုဆောင်း၊ ပါးစောင်ထဲ ကွမ်းထည့်ဝါးရင်း တစ်ဆောင် ၀င်တစ်ဆောင်ထွက် အလုပ် များနေသည့် ဗိုလ်မှူးသိန်းနိုင်ကို ဌာနချုပ်အတွင်း အစောင့်ကျနေသည့် တာဝန်ခံရဲဘော်တစ်ဦးက လက်ယပ် ခေါ်သည်။
““ဦးလေး ကျွန်တော်တို့ကို ရေသန့်ဘူးနဲ့ ကွမ်းယာဝယ်ပေးစမ်းပါ။”” ““အေး အေး””လို့ပြောပြီး ပိုက်ဆံလည်း မယူဘဲ ထွက်သွားမည်။ ခဏအကြာ ရေဘူးအချို့နှင့် ကွမ်းယာထုပ်ယူလာပေးသည်။ လုံခြုံ ရေးရဲဘော် နောက် တစ်သိုက်က သူ့ကို ဦးလေးဟုလှမ်းခေါ်ပြီး သူတို့လိုအပ်ချက် တစ်ချို့ကို ၀ယ်ခိုင်းပြန်သည်။ ဗိုလ်မှူး သိန်းနိုင်က လည်း သူကိုယ်တိုင်ဆေးလိပ်၊ ကွမ်းယာ၊ ရေသန့်ဘူးတွေ ယူလာပေးလိုက်တယ်။ သူကနေ အခြားတစ်ယောက် ကို ညွှန်ကြားနေလိုက်၊ ခေါက်တုံ့ခေါက်ပြန် ၀င်ထွက်သွားလာနေသည့်သူ့ကို ရဲဘော်တစ်သိုက်က လှမ်းပြီး ““ဦးလေး၊ ဦးလေး တစ်ယောက်ပဲ ဒီမှာ ၀င်ထွက်သွားလာ ခွင့်ရနေတယ်။ ဦးလေးဆိုင်က အပြင်ဆိုင် တန်းမှာ ဆိုတာလား””
““မဟုတ်ပါဘူး၊ ငါဗိုလ်မှူးသိန်းနိုင်”” ဟု ဆိုတော့ ရဲဘော်လေးများ သတိထစွဲ နေကြသည်။ တောင်းပန်သည့် ရဲတွေကတော့ တောင်းပန်သည်။ ဗိုလ်မှူးသိန်းနိုင်က ဘာမှမဖြစ်သယောင် လက်ကာပြပြီး သူ့အလုပ်ကို သူ ဆက်လုပ်နေသည်။ အဲဒီမြင်ကွင်းကို မြင်ယောင်နေသည်။
အခန်းထဲက တစ်ယောက်အိပ်ခုတင်တွင် မိမိနှင့် နှစ်ယောက် အိပ်ရသည့်အတွက် မိမိကို အားနာကာ ထမင်းစား ဆောင်တွင် သွားအိပ်လေ့ရှိသည့် ဗိုလ်မှူးသိန်းနိုင်ရဲ့ ကူညီပံ့ပိုးမှု အပါအ၀င် ကျော်စွာရဲ့လူငယ် ပီပီ အ၀င် အထွက် ညက်ညောမှုတွေကြောင့် ညီလာခံ ကိုယ်စားလှယ်များနှင့် အဆက်အသွယ်ရကာ အခါအားေ လျာ်စွာ တွေ့ဆုံ မေးမြန်းခွင့်များနှင့်အတူ တိုင်းနှင့်ပြည်နယ် အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင် ရွက် ချက်များကို ဂျာနယ်မှတစ် ဆင့် ဖော်ပြခွင့်ရကြသည်။
တစ်ရက်သားမှာတော့ နေပြည်တော်၊ ပျဉ်းမနား ပြည်ခိုင်ဖြိုး အသင်းခရိုင်အတွင်းရေးမှူး ဦးခင်မောင်ဌေး (ယခု အမျိုးသား လွှတ်တော်ရေးရာ ကော်မတီအတွင်းရေးမှူး)၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်အဆင့် ဒေသ ခံ ကျေး ရွာပြည်ခိုင်ဖြိုး အသင်းဝင်များ ပါဝင်လျက် နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေး ပတ်ဝန်း ကျင် တောင်ပေါ် ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးအသင်းကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားသည်ကို ကိုယ်တိုင် ကိုယ်ကျသွား ရောက်လေ့လာ သတင်းယူခွင့်ရခဲ့သည်။
ပျဉ်းမနား ရှမ်းကန်ရှိ ခရိုင်ပြည်ခိုင်ဖြိုးရုံးမှ နံနက် ၇နာရီသာသာတွင် မော်တော် ကားနှင့် ထွက်သည်။ လယ်ဝေး မြို့နယ် အရှေ့ဘက်တောင်တန်းတွေကို မျက်နှာမူလျက် မိမိတို့ ခြေလျင်ခရီး စတင်မည့် စုရပ်ကို ၁၀ နာရီခန့် တွင် ရောက်ကြသည်။ မိမိတို့စုရပ်သည် အတော်အတန်ကျယ်ဝန်းသည့် ချောင်းကြီး၏ အနောက်ဘက် ကမ်း ဖြစ်သည်။ စုရပ်ကနေ မီတာ ၂၀၀လောက် အထိ ချောင်းတွင်းမှာရေမရှိ။ ပွင့်လင်းရာသီမို့ ရေများခြောက်ေ သွ့ နေသည်။ ရေစပ်ကျင်းကို စတင်တွေ့ရှိရာ နေရာကနေ ချောင်း ဟိုဘက်ကမ်းခြေအထိ သစ်သားတံတားကြီး တည်ဆောက်ထားသည်။ တံတား အောက်တွင်ကြည်လင်သောရေများ မြောက်မှတောင်သို့ တည်ငြိမ်စွာ စီးဆင်းနေသည်။ အဆိုပါတံတားကြီးကို တိုင်းဒေသကြီးနယ် မြေတာဝန်ခံများဖြစ်ကြသည့် ဦးအောင်သောင်း နှင့် ဗိုလ်ချုပ်သိန်းဆွေတို့၏ စီမံခန့်ခွဲမှုအောက်တွင် ခရိုင်နှင့်မြို့နယ်အဆင့် ပြည်ခိုင်ဖြိုးအသင်း တာဝန်ရှိ သူ ဒေသခံ ပြည်သူများ ကာယအား၊ ဉာဏအားဖြင့် တည်ဆောက်ထားသည်ဟု ဆိုသည်။ တံတားကြီးပြီးဆုံး သည် မှာ မကြာလှသေးဟု ဆိုသည်။ ချောင်းအရှေ့ဘက်ကမ်းမှသည် တောင်ခြေနီးစပ်ရှိရွာများမှ ကျေးလက်ပြည် သူများ ယင်းတံတားပေါ်မှ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်သည့်အတွက် ကျေးလက်ပြည်သူတွေ အလွန် ၀မ်းသာနေကြသည်။ ချောင်းတံတားကို အကျယ်ပေ ၂၀ ခန့်နှင့် အရှည်မီတာ ၂၀၀ ခန့်ရှိမည်။
ချောင်းအရှေ့ဘက်ကမ်း တံတားထိပ်ကနေ ရွာထဲကို အတော်အတန်ဝင်ခဲ့ရသည်။ ရွာထဲတွင် ပြည်ခိုင်ဖြိုးပါဝင် ကူညီပံ့ပိုးပေးနေသည့် မူလတန်းကျောင်းများ၊ ရေတုံကင်များတွေ့ ရှိရသည်။ ကျေးရွာပြည်သူများ မိမိတို့အဖွဲ့ ကို လာရောက်တွေ့ဆုံသည်တွင် ရွာအတွင်း လူအတော်အတန် စည်ကားသွားသည်။ ရွာထိပ်မှထွက်ပြီး တောင် ခြေကို လှမ်းမျှော်ကြည့်လိုက်သည်။ ““ပြည်ခိုင်ဖြိုးတံတား””ဟု ဆိုင်းဘုတ်တင် ထားသည့် တံတားကိုတွေ့ရ သည်။ အဲဒီကနေ ဆက်သွားလျှင် ရေအားလျှပ်စစ် တည်ဆောက်ပေးထားသည့် တိုင်းရင်းသားတောင်ေ ပါ် ကျေးရွာ ကို ရောက်မည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဌေးကပြောသည်။ ဆက်သွားသင့်သည်၊ မသွားသင့်သည်ဆိုသည်ကို ဦးခင်မောင်ဌေးကပဲ ဆုံးဖြတ်သည်။ အချိန်နှင့်အခါ တစ်ထပ်တည်း မကျ။ ဆက် မသွားတော့ဘဲ ပြန်ကြမည်။
နေပြည်တော် ပျဉ်းမနားရဲ့ ဆောင်းတွင်းနေ့လယ်နွေကလည်း တဖြည်းဖြည်း ပူလောင်ပြင်းထန်လာသည်။ ရွာ ထဲကနေ ချောင်းတံတားထိပ် အထိ လျှောက်ကြပြီးလျှင် ပြည်ခိုင်ဖြိုးက ပံ့ပိုးကူညီထားသည့် တံတားကနေဖြတ် ဟိုဘက်လယ်ဝေးအပိုင် ထဲရောက်ကြမည်။
တစ်ဖွဲ့လုံး အတော်အတန် ပင်ပန်းကြသည်။ နံနက်စာမစားကြရသေး။ အရှေ့ဘက်ကမ်းကနေ အနောက်ဘက် ကမ်းကို ဆက်သွယ်ထားသည့် တံတားပေါ်မှ ဦးခင်မောင်ဌေး ဦးဆောင်သည့် ခရိုင်မြို့နယ်နှင့် ဒေသခံပြည် ခိုင်ဖြိုးအဖွဲ့ဝင်များ မိမိတို့ဂျာနယ် ၂စောင်မှ အယ်ဒီတာအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ အဆိုပါတံတားကြီးပေါ် မှ ဖြတ်ကြသည်။
ချောင်းသည် အတော်အတန် ရေစီးသန်ပုံရသည်။ စစ်တောင်းမြစ်ကြီး၏ လက်တက်ဟုဆိုကြသည်။ တံတားကြီး ပေါ်မှ ဖြတ်လျှောက်ပြန်လာကြသည့် မိမိတို့အဖွဲ့ကို ဓာတ်ပုံတွေရိုက်ကြသည်။ မည်သို့ဆိုစေ အဲဒီအချိန်က အဲဒီ နေရာတွင် ဒေသတွင်း ကျေးလက်ပြည်သူတွေရဲ့ ချစ်ခင်လေးစားအားကိုးမှုကို အပိုင်ရယူထား သည်မှာ ဦးအောင်သောင်းနှင့် ဦးသိန်းဆွေဆိုသည်ကိုတော့ ငြင်းလို့မရပါချေ။
အပြန် လယ်ဝေးအထွက် မော်တော်ကားလမ်းဘေးရှိရာ ဆိုင်တစ်ဆိုင်တွင် ထမင်းစားဖြစ်ကြသည်။ လယ်ဝေး က ပြည်ခိုင်ဖြိုးတာဝန်ရှိသူတစ်ဦးက ထမင်းဆိုင်က လှမ်းမြင်နေရသည့် တာဝါတိုင်နှင့် ပါဝါမီးဘုတ်ကြီး လက်ညှိုးလှမ်းထိုးပြပြီး လယ်ဝေးကျေးလက်ပြည်သူတွေ မီးရရှိရေး သိန်း ၁၃၀ခန့်ကုန် ဆောင်ရွက်ချက်အချို့ ကို ရှင်းပြသည်။
ည ၆ နာရီခန့်တွင် ရန်ကုန်ပြန်သည်။ နောက်တစ်နေ့ ဂျာနယ်ဖောင်ပိတ်သည်။ ပြည်ခိုင်ဖြိုးတံတားမြင်ကွင်းနှင့် တံတားပေါ်မှ မိမိတို့တစ်ဖွဲ့လုံး လျှောက်လာသည့်ပုံကို လှုပ်ရှားမှု ဦးစားပေးဖော်ပြထားသည့် မိမိတို့ဂျာနယ် မျက်နှာဖုံးကို မိမိတို့ကျေနပ်လို့နေသည်။
ရက်အတန်ကြာမှာတော့ ပြည်ခိုင်ဖြိုးက ပုံနှိပ်တိုက်မန်နေဂျာ မိမိရုံးခန်းထဲဝင်လာပြီး တိုးတိုးတိတ်တိတ်အမူ အရာဖြင့် ပြောဆိုကာ တိုင်စာတစ်စောင် ထုတ်ပြသည်။ ပြန်ကြားရေးဝန်ကြီးကို လိပ်မူပြီး တိုင်သည့်တိုင်စာ။
““မောင်မြားနှင့် သူ့၏တပည့်များသည် သူတို့၏ဓာတ်ပုံများကို ဂျာနယ်မျက်နှာဖုံးတွင် တင်ပြီး လုပ်စားနေသဖြင့် အရေးယူပေးပါရန်”” ဖြစ်သည်။
တိုင်သူက မြတ်ခိုင်ပါ။ ။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment