Sunday, April 12, 2015

တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်သော တိဘက်သီလရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

ပေကျင်း၊ ဧပြီ ၁၁။       ။ ဒလိုင်လာမား ကိုထောက်ခံပြီး ဟိမဝန္တာဒသပေါ်တွင် တရုတ် အုပ်ချုပ်မှုကို ဆန့်ကျင် သည့်အနေဖြင့် ကိုယ့်ကိုယ် ကိုယ်မီးရှို့ ခဲ့သော တိဘက်သီလရှင် တစ်ဦး သည်သေဆုံး သွားပြီဟု ယုံကြည်ရကြောင်း လူ့အခွင့်အရေး အုပ်စုများနှင့် မီဒီယာများ ကဖော်ပြခဲ့သည်။

Tibat



တိဘက်ဗုဒ္ဓဘာသာတွင် တွေ့ရလေ့ရှိသော ဝတ်ပြုမှုပုံစံအတိုင်း သီလရှင် ယေရှီခန်ဒိုသည် ကာ့ဒ်ဇေဘုန်းကြီးကျောင်းကို ပတ်၍လျှောက်သည်။

ထို့နောက် ဂန်ဇီကောင်တီရဲစခန်းအနီး ဧပြီ ၈ ရက်က ကိုယ့်ကိုယ်ကိုယ်မီးရှို့ခဲ့သည်ဟု ဗြိတိသျှအခြေစိုက် Free Tibet အုပ်စု၊ တိဘက်အတွက်နိုင်ငံ တကာ လှုံ့ဆော်ရေး ICT အဖွဲ့နှင့် အာအက်ဖ်အေ သတင်းဋ္ဌာနတို့က သတင်းထုတ်ပြန်ခဲ့သည်။

အသက် ၄၇ နှစ်အရွယ် သီလရှင်သည် ဒလိုင်လာမားပြန်လာရန် တောင်းဆိုသည့်အပြင် ဒလိုင်လားမား သက်တော် ရှည်စေကြောင်းလည်း ဆုတောင်းခဲ့ သည် ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် များကို ကိုးကားလျက် အာအက်ဖ်အေ ကဖော်ပြခဲ့သည်။

ထို့အပြင် သူမသည် တိဘက်လွတ်လပ်စေရန်လည်း တောင်းဆိုခဲ့သည်။ ခန်ဒိုအသက်ရှင်နေသေးသည်ဟု သတင်းတင်ပြသူများက မယုံကြည်တော့ကြောင်း လည်းအာအက်ဖ်အေက အစီအရင်ခံခဲ့သည်။

၎င်း၏ အလောင်းကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက လျင်မြန်စွာဖယ်ရှားခဲ့ပြီး၎င်း၏မိသားစုကိုလည်း ရဲတပ်ဖွဲ့ကဆင့်ခေါ်ခဲ့သည်ဟု Free Tibet ကကြာသပတေးနေ့ ကပြောသည်။ ယခုသီတင်းပတ်တွင် တိဘက်၏ ကွန်မြူနစ်ပါတီအတွင်းရေးမှူး ချန်ကွမ်ကို့က တိဘက်ဘုန်းကြီးကျောင်းများတွင် တရုတ်အလံများပြသ ထား ရန်နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးနှင့် သီလရှင်များ၏ မျိုးချစ်စိတ်ဓါတ်ကိုအကဲဖြတ်ရန် အမိန့်ပေးထားသည်။

၂၀၀၉ခုနှစ်ကတည်းက တရုတ်တွင် တိဘက်လူမျိုးများ ကိုယ့်ကိုယ်ကိုယ် မီးရှို့မှုပေါင်း ၁၃၀ကျော်ဖြစ်ပွားခဲ့ပြီး အများစုမှာ သေဆုံးခဲ့ကြောင်း ICT နှင့် အာ အက်ဖ်အေက ထုတ်ပြန် ထားသည်။

တိဘက်အများအပြားက ဘာသာရေးဖိနှိပ်မှုရှိသည်ဟု တရုတ်အစိုးရကို စွပ်စွဲခဲ့သည့်အပြင် တရုတ်၏ အဓိကလူများစု ဟန်တရုတ်အုပ်စုများ သမိုင်းဝင် တိ ဘက် ဧရိယာများသို့ ရွှေ့ပြောင်းဝင်ရောက်မှုများကြောင့် ယဉ်ကျေးမှုများ တိုက်စားခံရကြောင်း ပြောကြားလျက်ရှိသည်။

Credit - Mizzima News

No comments:

Post a Comment