မြေယာသိမ်းမှုတွေ မပြေလည်တာ အုပ်ချုပ်ရေးပိုင်းက အားနည်းမှုကြောင့် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
တောင်သူလယ်သမားတွေ
လတ်တလော ရင်ဆိုင်နေကြရတဲ့ လယ်သိမ်း ယာသိမ်း ကိစ္စရပ်တွေ မှာ ပြေလည်မှု
မရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ် ကျခံနေရခြင်းဟာ
အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ဖြစ်တယ် လို့
ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ ရဲ့ အပတ်စဉ် အမေးအဖြေကဏ္ဍတစ်ခု ဖြစ်တဲ့
“ဒီမိုကရေစီ ခရီးကြမ်း" အစီအစဉ် မှာ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
" လယ်တွေပေါ့နော် ပြန်ပြီးပေးဖို့ မူလပိုင်ရှင်တွေကို ဘယ်လို အခြေအနေမျိုး
ဆိုရင် ပြန်ပေး မှာလည်းဆိုပြီးတော့ လွှတ်တော်ကတော့ အကြံပြုတယ်၊ ဒါပေမဲ့
လွှတ်တော်ကတော့ အကြံပေး တာပဲရှိတယ်၊ ဒီဟာကို အကောင်အထည်ဖေါ် ဖို့ဟာက
အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အကောင်အထည်ဖေါ်ရမှာပေါ့ " ဟု သူမက ဖြေကြားခဲ့သည်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပီအာစနစ်အသုံးပြုဖို့ ကြိုးပမ်းချက်တွေ
အရှိန် မြင့်တက် လာခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ရွေးကောက်ပွဲ
စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲကျင့်သုံးမယ်ဆိုရင် ပြည်သူပြည်သားတွေရဲ့ လိုလို လားလား တောင်းဆို ချက်အရသာ ဖြစ်သင့်ကြောင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဓါတ်ပုံ - NLD
Ref - RFA Burmese
The Ladies News Journal
No comments:
Post a Comment