Wednesday, September 10, 2014

မုံရွာမှာ နှစ်ရက်ဆက် ဖျော်ဖြေမယ့် အိုင်စီ

Credit - 7DAY DAILY
အိုင်းရင်းခရော့စ်အဖွဲ့ ၏ ဖျော်ဖြေပွဲကို မုံရွာမြို့တွင် နှစ် ရက်တိုင်တိုင် ပြုလုပ်သွားရန် အ စီအစဉ်ရှိကြောင်း ပုဂံအင်တာ တိန်းမန့်မှ ဈေးကွက်မန်နေဂျာ ကိုညီက ပြောသည်။
‘‘မုံရွာမှာ မလုပ်ဖြစ်တာက ၂၀၁၀ နောက်ပိုင်းကတည်းက ဆိုတော့ တော်တော်ကြာနေပြီ။ ခုမှ ပြန်လုပ်ဖြစ်တာ နောက်ပြီး မုံရွာက ပရိသတ်တွေက တောင်း ဆိုလို့ နှစ်ရက်လုပ်ဖြစ်တာပါ’’ ဟု ၎င်းက ပြောသည်။

ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အိုင်းရင်း ခရော့စ်အဖွဲ့၏ ပင်တိုင်အဆိုရှင် များသာမက အမျိုးသမီးအဆိုရှင် များဖြစ်သည့် ဆုန်သင်းပါရ်နှင့် စိုးပြည့်သဇင်တို့လည်း ပါဝင် ဖျော်ဖြေသွားမည်ဟု ၎င်းက ပြော သည်။
ယင်းဖျော်ဖြေပွဲဝင်ကြေးကို ကျပ်ရှစ်ထောင် သတ်မှတ်ထားပြီး မုံရွာမြို့ ဇေယျာရွှေမြေကစား ကွင်းတွင် နေ့စဉ် ည ၇ နာရီမှ စ၍ ဖျော်ဖြေပေးမည်ဖြစ်သည်။
အိုင်းရင်းခရော့စ်အဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် တောင် ကြီးမြို့၌  ပြုလုပ်မည့် အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အ ထိမ်းအမှတ် ရန်ပုံငွေ ဖျော်ဖြေပွဲ သို့ သွားရောက်ဖျော်ဖြေမည်ဖြစ် သည်။

No comments:

Post a Comment