Sunday, September 7, 2014

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ယနေ့ပြောကြား

ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုကော်မရှင် တို့ အစည်း အဝေးကို မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင်စတင် ကျင်းပ ခဲ့ပြီး ပြည်ထောင်စုကော်မရှင် ဥက္ကဌ ဦးတင်အေးက ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပတော့မည်မဟုတ်ကြောင်း ပြောကြားသွား ခဲ့သည်။


MPC တွင် ကျင်းပသည့်အစည်းအဝေးတွင် ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေးအပြောင်းအလဲ များကို မည်သို့ မျှ သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း၊ မည်သည့် ရလာဒ်ထွက်ပေါ်ခဲ့ သည် ဖြစ်စေ နိုင်ငံရေးအရ ထူးခြားမှုရှိမည် မဟုတ်ကြောင်း၊ နိုင်ငံရေး ပါတီများ အနေနှင့်လည်း လုံလောက်သည့် အချိန်မရရှိ နိုင်ကြောင်း၊ ထို့ ကြောင့် ပိုမို အရေးကြီးသည့် ၂၀၁၅ ရွေးကောက်ပွဲ ကိုသာ အာရုံစိုက် သင့်ကြောင်း ပြော ကြား ခဲ့ပြီး ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲအား ကျင်းပတော့မည် မဟုတ်ကြောင်း နိုင်ငံရေးပါတီများမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များ အား ပြောကြားခဲ့သည်။

တက်ရောက်ခဲ့သည် နိုင်ငံရေးပါတီတစ်ခုမှ ကိုယ်စားလှယ်က "ရွေးကောက်ပွဲ ဆိုတာ နိုင်ငံရေးပါတီတွေ နေရာရဖို့အတွက် ကျင်းပတယ်ဆိုတဲ့ အတွေးအခေါ် အပြောအဆိုကကို အတော်လေးကို လွဲနေပါတယ်။ အခုဆို မဲဆန္ဒနယ် ၃၃ ခုကျော်ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေ လှစ်လပ်နေ ပါတယ်။ အဲသည်က ပြည်သူတွေရဲ့ အခက်အခဲတွေ အသံတွေကို လွတ်တော်ထဲကို သယ်ဆောင်လာဖို့ရာ ကိုယ်စားလှယ်တွေ ၂၀၁၆ အစောပိုင်းအထိ မရှိနိုင်ဘူးဆိုတဲ့ သဘောဖြစ်သွားတယ်" ဟု The Ladies ဂျာနယ်သို့ ပြောကြားခဲ့ပါသည်။

ဓါတ်ပုံ - MPC

The Ladies News Journal


 

No comments:

Post a Comment