---- --- ---
““ပေါ်အူးရယ်၊ သာမောဖွယ် နန်းတော်အလယ်မှာလေ ငါကိုယ် တော် ရွှေရှင်ဘုရင်ပြောမယ်။ ခက်တယ်၊ မျက်ချယ်၊ သက်လှယ် လူတွေ သိပ်ခက်ပါတယ်။ မင်းကြီးရဲ့လက်ထက်မှာကွယ် အဂတိလိုက် စားမှုတွေ များပြားတာကို တော်တော်ကြီးကို ထိုးနှက်ဝေဖန်နေကြတယ်။ တကယ်တော့ ဒါဟာ လွယ်လွယ်လေးပါ ပေါ်အူးရာ၊ မခက်ပါဘူး။ လူတွေအားလုံး စိတ်ထားပြောင်းဖို့လိုတယ်။ စိတ်ထားလေးသာ နည်း နည်းလေးပြောင်းလိုက်ရုံနဲ့ ဒီပြဿနာတွေအားလုံး ပြေလည်သွားမယ် မဟုတ်လား ပေါ်အူးရဲ့””
““မှန်ပါ့၊ မိုးပေါ်ထောင်မပစ်ရင်တော့ တည့်တည့်မှန်တာပဲမင်းကြီး။ ဒါပေမဲ့ ခက်တာက မင်းကြီးပြောတဲ့ စိတ်ထားလေးတွေ ပြောင်းအောင် ဘယ်လိုလုပ်မှာလဲ။ လွယ်လွယ်ကူကူနဲ့တော့ စိတ်ထားတွေက ပြောင်းမှာ မဟုတ်ဘူး””
““အဲဒါတော့ မင်းကြီးလည်း သေသေချာချာ မသိဘူး ပေါ်အူး ရယ်။ စိတ်ကူးထဲရှိတာ မှန်များလေမလားလို့ ပြောကြည့်ရတာပေါ့””
““မသိဘဲနဲ့များ ပြောနေရသေးတယ် မင်းကြီးရယ်။ ခု ကြည့်လေ၊ လာဘ်စားတဲ့ တရားသူကြီးတွေကို ဥပဒေကြောင်းအရ အရေးမယူလို့ တရားစီရင်ရေးမဏ္ဍိုင်ဟာ သိပ်ကိုဆိုးရွားလွန်းနေတယ်လ
““မဟုတ်လောက်ဘူး ထင်ပါတယ် ပေါ်အူးရာ။ ကောလာဟလတွေ ထင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် အဲဒီကိစ္စ ခဏထားပါတော့လေ။ ဒီကိစ္စ နောက်ဆက်တွဲသတင်းတွေ ထွက်လာမှ ကြည့်လုပ်ကြတာပေါ့။ ခုလော လောဆယ် သေမှ မသေချာသေးတာ။ မောင်မင်းပြောမှ မင်းကြီး စိတ်ရှုပ်သွားပြီ။ တခြားခေါင်းစဉ်ပြောင်း ပြောကြရအောင် ပေါ်အူးရာ””
““ခေါင်းစဉ်ပြောင်းရင်လည်း ပြောင်းပြောပေါ့ မင်းကြီးရာ။ ဘာခေါင်း စဉ်ပြောင်းပြောင်း စနစ်ကြီးတခုလုံး အပြောင်းအလဲမလုပ်နိုင်ရင်တေ
““ဒီနေ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်
““ပေါ်အူး ဉာဏ်သိပ်မမီချင်ဘူး။ ပေါ်အူး သဘောမတွေ့တာ အဲဒါ တွေလည်းပါတယ်။ မိန့်ခွန်းဆိုတာမျိုးဟာ ပြည်သူလူထု နားလည်လွယ် အောင် ပြောရတယ်။ ရေးပေးတဲ့သူကလည်း ရေးပေး၊ ဖတ်တဲ့သူကလည်း ဖတ်၊ မင်းကြီးစကားတွေဟာ ပေါ်အူးတောင် နားမလည်ဘဲ မျက်စိလည် သွားတယ်။ ခုတော့ မော်ဒန်လိုလို စာညွန့်လိုလိုနဲ့””
““ဒါဆို မင်းကြီး မိန့်ခွန်းအောင်မြင်တယ်။ အဲဒီလို ဖြစ်စေချင် တာ ပေါ်အူးရဲ့””
““မင်းကြီးစကားတွေက တဖြည်းဖြည်းနဲ့ တော်တော်တူလာပြီ””
““ဘာတူတာလဲ ပေါ်အူးရယ်၊ ရှင်းရှင်းလင်းလင်း လျှောက်တင် စမ်းပါ””
““လွန်ခဲ့တဲ့ ၂၆ နှစ်တုန်းကပြောခဲ့တဲ့ ဗိုလ်စောမောင်ရဲ့ ကြောင် တောင်တောင်မိန့်ခွန်းတွေနဲ့
““ပေါ်အူး တော်တော်ဆိုးပါလား။ မောင်မင်းကိုပြောရတာ ကောက်ညှင်းပေါင်းစားပြီး ပုလွေမှုတ်သလို လက်ပေါက်ကပ်တယ်။ နွားကို ပလာတာကျွေးသလို ပေါ်အူး အရသာမသိဘူးဖြစ်နေပုံရတယ်။ ဆက်ပြောမယ် နားထောင်””
““ပြောပါ၊ ပြောပါ နားဆင်လျက်ပါ။ ပေါ်အူး ၀ဋ်ရှိလို့ ခံရတယ် မှတ်ပါတယ်””
““အသွင်ကူးပြောင်းရေး ဆောင်ရွက်ရတဲ့ နိုင်ငံတိုင်းမှာ ကြုံတွေ့ ရတဲ့ ပြဿနာများထဲမှာ ကျေးလက်မြို့ပြ မြေယာစီမံခန့်ခွဲရေးလုပ်ငန်
““တရုတ်သိုင်းပြောင်းပြန် ရုပ်ရှင်ကားကြည့်ရသလိုပါပဲ။
““တော် တန် တိတ်၊ ကဗျာဆက်ရွတ်မယ်။ နားထောင် အဲဆက် ပြောမယ်””
““ဒါနဲ့ မင်းကြီးရယ်၊ မြေယာမဲ့တွေကို မြေယာခွဲဝေပေးမယ်ဆိုတာ ဘယ်ကမြေတွေကို ပေးမှာလဲ မင်းကြီး။ ပေါ်အူး မသိလို့မေးတာနော်။ ပြီးတော့ တန်ဖိုးနည်းအိမ်ရာဆိုတာတွေက
““အို ပေါ်အူးရယ်၊ အ,ပါ့။ လူကြံရင် အိမ်သာတောင် ချီးတွင်း ဖြစ်သေးတာပဲ။ ဝေခြမ်းပေးဖို့ တို့တိုင်းပြည်မှာ မြေတွေပေါလွန်းလို့။ ပြီးတော့ မောင်မင်းပြောတဲ့ ဘတ်ရှစ်သောင်းတန်အိမ်ဆိုတာ တွက် ကြည့်ပါဦး။ တဘတ်မှာ ကျပ် ၃၀ ရှိတာ၊ ဘတ် ရှစ်သောင်းဆိုတာ သိန်း ၂၄၀ ရှိတယ်။ ဘယ်မှာ သက်သာလို့လဲ””
““မဟုတ်သေးဘူး မင်းကြီး။ သေသေချာချာ ပြန်တွက်ပါဦး။ ဘတ် ရှစ်သောင်းဆိုတာ ၂၄ သိန်းပဲရှိတယ်””
““အင်၊ ဟုတ်လား။ ပေါ်အူး””
““ဟုတ်ပါ့ မင်းကြီး””
““ဒါဆိုရင် လက်တန်းစိတ်တွက် အမြန်တွက်တော့ မှားတဲ့အခါ လည်း မှားပေမပေါ့ ပေါ်အူးရယ်””
““ပေါ်အူးတို့ တိုင်းပြည်က တန်ဖိုးနည်းအိမ်ရာတွေက ဈေးများလွန်း တယ်နော်။ သူဌေးတွေမှပဲ ၀ယ်နိုင်မယ်။ သာမန်လူတန်းစားက ၀ယ်နိုင် မယ် မထင်ပေါင်””
““ပေါ်အူးရယ်၊ ဈေးနှုန်းများတာက သာမန်မျက်စိနဲ့ မမြင်ရတဲ့ ကုန်ကျစရိတ်တွေ ရှိမှာပေါ့။ ပြီးတော့ အဆင့်ဆင့် ၀န်ဆောင်ခတွေ ကလည်း ရှိသေးတယ်လေ။ အဲဒါကြောင့်နေမှာပေါ့ ဟုတ်ဖူးလား””
““ဒါနဲ့ မင်းကြီးပြောတော့ ၀န်ဆောင်ခ ၃ သိန်းမကျော်ရဘူးဆို””
““ခက်ပြီ ပေါ်အူးရယ်။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာ ပေါ်အူး မေ့နေပြီနဲ့တူတယ်။ ၃ သိန်းဆိုတာ ဘတ်ငွေလည်း ဖြစ်နိုင်တယ်။ ဒေါ်လာတို့၊ ယူရိုငွေတို့လည်း ဖြစ်နိုင်တာပဲ။ ပညာရှိ သတိဖြစ်ခဲ့တဲ့။ ဒီတခါတော့ ပေါ်အူး လျှော်သွားပြီ။ ညံ့ပါ့””
““ထားပါတော့ မင်းကြီးရယ်၊ ထားပါတော့။ ပေါ်အူး ညံ့ပါတယ်””
““အဓိကကျတဲ့အချက်တချက်အနေနဲ
““အလုံး ၁၄၀ ရှိတယ်။ ပေါ်အူး သေသေချာချာ ရေတွက်ထား တယ် မင်းကြီး””
““ဘာလဲဟဲ့ ပေါ်အူးရဲ့။ အလုံး ၁၄၀ ဆိုတာ နွားနို့ပုလင်းကို ပြောတာလား””
““နို့ပုလင်းကို ပြောတာမဟုတ်ပါဘူး။ မင်းကြီးရဲ့ နှုတ်ထွက်စကား ၀ါကျတကြောင်းမှာပါတဲ့ စကားလုံးပေါင်းကို ပေါ်အူး ရေတွက်ကြည့်တာ ကို ပြောတာပါ””
““ပေါ်အူးရယ်၊ အဲလောက်တောင်များလား။ မင်းကြီးဖြင့် သတိ တောင် မထားမိပါဘူး။ မင်းကြီး ဘာပြောတာလဲဆိုတာရော သိလိုက် ရဲ့လား””
““သိပါတယ်၊ ပေါ်အူး ကြားလိုက်ပါတယ်။ ဒါပေမဲ့ မင်းကြီးရယ် နောက်ဆိုရင် အဲဒီလောက် ရှည်ရှည်ကြီးမပြောပါနဲ့။ နောက်ရောက်တော့ ရှေ့ကစကားလုံးတွေမေ့သွားပြီ
““အေးလေ၊ သူတို့ကိုပြောလိုက်ပါ့မယ်။ နောက်ဆို ၀ါကျခပ်တိုတို ရေးလို့ ပြောရမှာပေါ့။ လူဆိုတာ အမျိုးမျိုးရှိတယ်။ တိုတာကြိုက်တဲ့ သူလည်းရှိသလို ရှည်တာကြိုက်တဲ့သူလည်း ရှိပေမပေါ့ ပေါ်အူးရယ်””
““မင်းကြီး နိုင်ငံရေးတွေ မပါကြေးနော်””
““မင်းကြီးက ၀ါကျ အတိုအရှည်ကို ပြောတာပါ””
““ဟုတ်ပါတယ်။ ပေါ်အူးကလည်း အဲဒါပဲပြောတာပါ။ တိုတိုရေး တာ ၀မ်းသာပါတယ် မင်းကြီး။ ဒါမှလည်း မင်းကြီးလည်း အသက်ရှူချိန် ရမှာပေါ့။ မင်းကြီး သက်သာအောင် ပြောရတာပါ””
““ဒါနဲ့ ပေါ်အူးရေ၊ စတုတ္တမဏ္ဍိုင်ကြီးရော ဘာတွေထူးလဲ””
““ဓမ္မစေတီခေါင်းလောင်းရှာပံ
““သူများနိုင်ငံကငွေတွေ ကိုယ့်နိုင်ငံကိုရောက်တာ မကောင်းဘူး လား ပေါ်အူးရဲ့။ မြေဈေးတွေ တန်ဖိုးတက်တာလည်း သတင်းကောင်း မဟုတ်ဘူးလား””
““မင်းကြီးရယ်၊ နိုင်ငံခြားသားတွေလက်ထဲကို ကိုယ့်မြေတွေရောက် တာ ဘယ်ကောင်းပါ့မလဲ။ ကြာရင် မြန်မာပြည်က တရုတ်ပြည်ဖြစ်သွားမှာ ပေါ့””
““ဒါတော့ ပေါ်အူးရယ်။ တံခါးဖွင့်လိုက်ပြီဆိုမှတော
““မှန်ပါတယ်။ မြေဈေးပြန်ကျဖို့ကတော့ ပေါ်အူးမထင်သေးပါဘူး။ မြေတကွက်တောင်မှ မပိုင်တဲ့သူတွေမှာတော့ ခုလိုဈေးနှုန်းတွေနဲ့ မြေကွက် ၀ယ်ဖို့ မစဉ်းစားနိုင်ကြပါဘူး မင်းကြီးရာ””
““ဒါကြောင့် မင်းကြီးပြောတာပေါ့။ ထပ်ပြောမယ်၊ ပြန်နား ထောင် ပေါ်အူး။ အသွင်ကူးပြောင်းရေး ဆောင်ရွက်ရတဲ့ နိုင်ငံတိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေထဲမှာ ကျေးလက်မြို့ပြ မြေယာစီမံခန့်ခွဲရေး လုပ်ငန်းစဉ်ဟာ အရေးအကြီးဆုံးနဲ့ ခက်ခဲတဲ့ကိစ်္စတရပ်ပဲ ဖြစ်တယ် ပေါ်အူးရဲ့။ မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန
““ကြုံရခေတ်အဆက်ဆက် ယုံရခပ်ခက်ခက်ပါပဲ မင်းကြီးရယ်””
ညွန့်လွင်(R.I.T)
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:
Post a Comment