မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက်
နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေကြောင်း နိုင်ငံတော်အကြီးအကဲများက
ပြောဆိုနေသော်လည်း ဗန်းမော်မြို့ပေါ်တွင် တပ်မတော်အရာရှိတစ်ဦးမှ
လက်နက်ဖြင့် ခြိမ်းချောက်၍ အဓမ္မခိုင်းစေမှုဖြစ်စဉ်တစ်ခု
ဗန်းမော်မြို့ ရွှေဧရာရှပ်ပြေးဂိတ်တွင် ဖြစ်ပေါ်ခဲ့ကြောင်း ထိုဂိတ်မှ အမည်မဖေါ်လိုသူ တစ်ဦးမှ herjule mediaသို့ ဆက်သွယ်ပြောကြားခဲ့ပါသည်၊ထိုဖြစ်စဉ်အပေါ် herjule media မှ စုံစမ်းခဲ့ရာ ထိုဖြစ်စဉ်မှာ မှန်ကန်မှုရှိကြောင်း သိရှိရပါသည်၊
ဖြစ်ပွားပုံမှာ ၉၊၉၊၁၄ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဗန်းမော်ဆိပ်ကမ်းရှိ
ရွှေဧရာရှပ်ပြေးဂိတ်သို့ စကခ(၂၁)၊ ကွန်မန်ဒိုတပ်ခွဲမှ
တပ်ခွဲမှူးဗိုလ်ကြီးဝဏ္ဏဌေး ဦးစီးသည့် တပ်ဖွဲ့ဝင်(၁၀)ဦးရောက်ရှိလာပြီး
မြစေတီကျေးရွာသို့ ရှပ်ပြေးရေယာဉ်ဖြင့် လိုက်ပိုရ့န်
ဂိတ်တာဝန်ခံ
ဥိးပိန် ကိုပြောဆိုခဲ့ရာ ဂိတ်တာဝန်ခံမှ ဆီပေး မပေး မေးမြန်းခဲ့ပါသည်၊
ထိုဗိုလ်ကြီးမှ နယ်မြေရှင်းလင်းရေးသွားလုပ်မည်ဖြစ်သဖြင့်
ဆီမပေးနိုင်ကြောင်း ပြောဆိုသဖြင့် ဂိတ်မှူးမှ (၂)ဦး (၂)ဖက်
အဆင်ပြေစေရေးအတွက် “မိမိတို့ ရှပ်ပြေးရေယာဉ်မှာ
လူ(၁၀၀)စီး
ရေယာဉ်ဖြစ်ပြီး ဆီးစားအလွန်များပါကြောင်း ၊ယခုဗိုလ်ကြီးတို့
တပ်ဖွဲ့ဝင်အင်အားမှာ အင်းလေးဘုတ်ဖြင့် သွားပါက ဆီစား နည်းသဖြင့် ပိုမို
အဆင်ပြေနိုင်ကြောင်း” ရှင်းလင်းပြောဆို၍
အင်းလေးရေယာဉ်အသင်းဥက္ကဌဥိးလှရွှေထံသို့ ကိုယ်တိုင်လိုက်လံ
ခေါ်ဆောင်
သွားပေးခဲ့သည်၊ အင်းလေးရေယာဉ်ဘုတ်မှလည်း ဆီ မပေးပါက လိုက်မပို့နိုင်ကြောင်း
ငြင်းဆိုသဖြင့် ထိုဗိုလ်ကြီးနှင့်အဖွဲ့သည် ရှပ်ပြေးဂိတ်သို့
ပြန်လှယ်ရောက်ရှိလာပြီး ရှပ်ပြေးအသင်း ဥက္ကဌဦးတင်စော၊ ဒုဥက္ကဌဦးမင်းဦး၊
ဂိတ်တာဝန်ခံဦးပိန်တို့အား
တာဝန်ဝတ္တရားနှောက်ယှက်သည်ဟုပြောခါ
သေနတ်များကျည်ထိုး မောင်းတင်ပြီး သူနှင့်အတူလိုက်ခဲ့ရန်ပြောပြီး
ကမ်းနားလမ်းအတိုင်း မြောက်ဘက်(၂)ဖါလုံခန့်အကွာသို့ ခေါ်ဆောင်သွားခဲ့ပြီး
ခြိမ်းချောက်ပြောဆိုမှုများပြုလုပ်ခဲ့သဖြင့် အသင်းလူကြီးများမှ
ကြောက်လန့်၍ မြစေတီကျေးရွာဆိပ်ကို ရှပ်ပြေးဖြင့်
လိုက်လံပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရပါသည်၊ ထိုဖြစ်စဉ်အပေါ် ကျေနပ်မှု
မရှိ၍ ဥက္ကဌဦးတင်စော စကခ(၂၁)မှ စစ်ဦးစီးပထမတန်းထံ
သွားရောက်တင်ပြတိုင်ကြားခဲ့ပြီး နောက်နောင် ယခုလိုဖြစ်စဉ်များ
မဖြစ်စေရေးအတွက် ဆောင်ရွက်ပေးပါရန် ထိုနေ့ (၁၀)နာရီခွဲအချိန်က လူကိုယ်တိုင်
သွားရောက်၍ တိုင်ကြားထားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်၊
(ဟာဂျူလီ-ကသာ)
No comments:
Post a Comment