မကြာမီ
ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်ခြင်းသည်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင်လုပ်ပိုင်ခွင့်မရှိကြောင်း
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဋ္ဌာန်းချက်အရလည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး(သို့ မဟုတ်) ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရလည်း ကောင်း၊ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ဥပဒေအရ လည်းကောင်းရွေးကောက်ပွဲကို ဖျက်သိမ်းနိုင်ခွင့်အာဏာမရှိကြောင်းဦးကိုနီကဆိုသည်။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ တာဝန် များကို ဖော်ပြထားရာ၌ ပုဒ်မ ၃၉၉(က)လွှတ်တော်ရွေးကောက် ပွဲများကို ကျင်းပခြင်း၊ပုဒ်မ ၃၉၉ (င)တွင် သဘာဝဘေးအန္တရာယ် ကြောင့်သော်လည်းကောင်း၊နယ် မြေလုံခြုံရေး အခြေအနေအရ သော်လည်းကောင်းလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒ နယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းဟုပါရှိသည်။
ရွေးကောက်ပွဲကို သဘာဝ ဘေးအန္တရာယ်ကြောင့် သော် လည်းကောင်း၊ နယ်မြေ လုံခြုံရေး အခြေအနေအရသော်လည်း ကောင်း လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲ ကျင်းပနိုင် ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်း ခြင်းဟုသာပါရှိပြီးဖျက်သိမ်းခွင့်မပါရှိဟုရှေ့နေဦးကိုနီကထောက်ပြသည်။
၂၀၁၂ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင် ဥပဒေ တွင်ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ပြဋ္ဌာန်းထားရာပုဒ် မ ၁၀(က)အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်သည် ရွေး ကောက်ပွဲများကို ကျင်းပပေးရ သည့်တာဝန်သာရှိကြောင်း၊ သ ဘာဝဘေး(သို့မဟုတ်)လုံခြုံရေး အရရွေးကောက်ပွဲကိုမကျင်းပနိုင် သောကြောင့် ပုဒ်မ ၁၀(စ)အရ ရွှေ့ဆိုင်းခြင်းနှင့်လိုအပ်ပါကပယ် ဖျက်နိုင်သည့်နေရာသည် သဘာ ၀ဘေးအန္တရာယ်ကျသည့်နေရာ နှင့် လုံခြုံရေးမရှိသည့်နေရာများ ကိုသာ ပယ်ဖျက်နိုင်ခြင်းဖြစ်ပြီး အခြားသောနေရာများကို ပယ်ဖျက်နိုင်သည်ဟု ပြဋ္ဌာန်းထားခြင်း မရှိဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီကဆိုသည်။
၂၀၁၀ပြည့်နှစ်ပြည်သူ့လွှတ် တော် ရွေးကောက်ပွဲ ဥပဒေ၊ ၂၀၁၀ ပြည့်နှစ်အမျိုးသားလွှတ် တော် ရွေးကောက်ပွဲ ဥပဒေနှင့် ၂၀၁၀ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများလွှတ်တော်ရွေးကောက်ပွဲ ဥပဒေတို့၏ ပုဒ်မ ၈၉ တွင်လွှတ် တော်၌ တစ်စုံတစ်ရာသော အ ကြောင်းကြောင့်လွှတ်တော်ကိုယ် စားလှယ်နေရာ လစ်လပ်ခဲ့လျှင် ဥပဒေနှင့်အညီ အစားထိုး ရွေး ကောက်တင်မြောက်ရမည်ဟုပါ ရှိသည်ဟုလည်း ဦးကိုနီကပြော သည်။
‘‘အဲဒီဥပဒေငါးခုအရကော်မ ရှင်ဟာရွေးကောက်ပွဲကိုလုပ်ပေး ရမယ်လို့ တာဝန်ရှိပြီးရွေးကောက် ပွဲကိုဖျက်သိမ်းခွင့်မပေးထားဘူး။ အဲဒီတော့ ကော်မရှင်သည် ရွေး ကောက်ပွဲကိုဖျက်နိုင်တဲ့အာဏာ မရှိဘဲ ဖျက်လိုက်တာဖြစ်တဲ့အ တွက် ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ဟာတရားမ၀င်တဲ့ ကြေညာချက်ဖြစ်တယ်’’ဟု ဦးကို နီကပြောသည်။
ယခုနှစ်ဒီဇင်ဘာ ၂၇ရက် တွင် ကျင်းပရန် လျာထားသည့် ကြားဖြတ်ရွေးကောက်ပွဲကို မ ကျင်းပတော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက စက်တင်ဘာ ၇ရက် နိုင်ငံရေးပါတီများ နှင့် ရန်ကုန်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
Credit - 7DAY DAILY

No comments:
Post a Comment