၂၀၁၅ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကိုကျင့်သုံး ပြင်ဆင်နေပေမယ့် နည်းဥပဒေတွေ ထုတ်ပြန်ဖို့ အချိန်မလုံလောက်တဲ့အတွက် ရွေးကောက်ပွဲ စနစ်မကျမှုတွေ၊ အားနည်းချက်တွေ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။
“ရွေးကောက်ပွဲ နည်းဥပဒေတွေ အသစ်ရေးဆွဲဖို့၊ ရွေးကောက်ပွဲ ပြည်သူလူထု ပညာပေးတာတွေကို အစအဆုံး အသစ် ပြန်လုပ်ဖို့ အချိန် နည်းလို့ရှိရင် ရွေးကောက်ပွဲ စနစ်ကျမှုနဲ့ အားနည်းချက်တွေ ဖြစ်လာနိုင်ပါတယ်” လို့ ဦးတင်အေးက ပြောပါတယ်။ ဒါပေမယ့် PR စနစ်ကသုံးဖို့ လွှတ်တော်က ဆုံးဖြတ်ရင် ကော်မရှင်က ငြင်းပယ်ခွင့်မရှိပါဘူး လို့လည်း သူက ဆိုပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့တော်မှာရှိတဲ့ မြန်မာငြိမ်းချမ်ရေးစင်တာ (MPC) မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ထုတ်ဖော်ပြောဆိုတာပါ။
ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က အတည်ပြုထားပါတယ်။ PR စနစ် အကောင်အထည် ဖော်ရေး ကော်မတီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုမှလွဲရန် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ PR စနစ်ကျင့်သုံးဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် PR စနစ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီတွေက ကန့်ကွက်ထားကြပါတယ်။
Credit - The Voice

No comments:
Post a Comment