မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့်
ဖုန်းတစ်ခါလာတိုင်းပိုက်ဆံငါးကျပ်ရရှိမည့် (Cash For
Call)မိုဘိုင်းကြော်ငြာဝန်ဆောင်မှုကို ပြည်တွင်း၌
စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း VMG Telecomesကုမ္ပဏီမှ သတင်းရရှိသည်။
အဆိုပါဝန်ဆောင်မှုကို အသုံးပြုမည်ဆိုပါက ဖုန်းဝင်လာ လျှင် ဖုန်း Ringtone နေရာတွင် လုပ်ငန်းရှင်များ၏ ကုမ္ပဏီအမှတ်တံဆိပ်နှင့်ကြော်ငြာများလာနေမည်ဖြစ်ပြီး ကြော်ငြာများကို ဆယ်စက္ကန့်မှ စက္ကန့်သုံးဆယ်အတွင်း ကြည့်ရှု၍ ဖုန်းကိုင်လိုက်ပါက ငွေငါးကျပ်ရရှိမည်ဖြစ်သည်။
‘‘ဖုန်းလာတဲ့အခါပေါ်လာတဲ့ ကြော်ငြာလေးတွေကိုကြည့်ရုံနဲ့ အသုံးပြုသူတွေက ပိုက်ဆံရမှာ ဖြစ်သလို လုပ်ငန်းရှင်တွေအနေနဲ့လည်း ကိုယ့်ကြော်ငြာကို ဘယ်လိုလူမျိုးတွေဘယ်နှယောက်ကြည့်တယ်ဆိုတာ သိနိုင်မယ့်အတွက် နှစ်ဖက်စလုံးအဆင်ပြေမှာဖြစ်ပါတယ်’’ဟု VMG Telecomes ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာဒေါ်စမိုင်းကပြောသည်။
ဝန်ဆောင်မှုကို အသုံးပြုလိုသော လုပ်ငန်းရှင်များအနေဖြင့်Cash For Call အက်ပလီကေးရှင်း ဆော့ဖ်ဝဲတွင် Loginလုပ်၍ အမှတ်တံဆိပ်နှင့် ကြော်ငြာများကို အသက်အရွယ်အပိုင်းအခြား၊ နယ်မြေတစ်ခု(သို့)မြန်မာတစ်နိုင်ငံလုံးအထိ နှစ်သက်သည့်ပုံစံအမျိုးမျိုးကိုရွေးချယ်၍ ကြော်ငြာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ကုမ္ပဏီများ၏ ကြော်ငြာများကို ပျှမ်းမျှတစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် တစ်လကြော်ငြာပေးသွားမည်ဖြစ်ပြီး ပိုက်ဆံအသုံးပြုမှုပေါ်တွင် မူတည်၍ လူအများအပြားထံသို့ ကြော်ငြာများရောက်ရှိမည်ဖြစ်သည်။ ဥပမာ-ငွေကျပ်သန်းသုံးဆယ်အသုံးပြုလျှင် လူတစ်သိန်းဆီ ဖိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် ကြော်ငြာများရောက်ရှိမည်ဖြစ်သည်။
ဝန်ဆောင်မှုကို အသုံးပြုလိုသူများအတွက် Cash For Call မိုဘိုင်းApp ကို နိုင်ငံတစ်ဝန်းရှိ မိုဘိုင်းဖုန်းဆိုင်များတွင်အခမဲ့ထည့်သွင်းပေးသွားမည်ဖြစ်သလို အွန်လိုင်းမှ ဒေါင်းလုတ်ဆွဲ၍အခမဲ့ရယူရန်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit - 7DAY DAILY

No comments:
Post a Comment