တရုတ်ကွန်မြူနစ်ပါတီက လွှတ်တော်အတွင်း မြန်မာ့တပ်မတော်ရဲ့ သဘောထားရပ်တည်
ချက်တွေကို စောင့်ကြည့်နေတယ်လို့ နိုင်ငံတကာဆက်ဆံရေးဌာန
ညွှန်ကြားရေးမှူးချုပ် Ms.Raohuihua က ဆိုပါတယ်။
ခုလို စောင့်ကြည့်နေတဲ့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အလွန်မှာ
ပြောင်းလဲဖွယ် ရှိနေတဲ့ လွှတ်တော်အတွင်း တပ်မတော်ရပ်တည်ချက် ကိုလည်း
စောင့်ကြည့်နေဦးမယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ပြောင်းလဲ
ကျင့်သုံးဖို့ လွှတ်တော်အတွင်း အကောင်အထည်ဖော်နေမှု အခြေအနေတွေကို
မေးမြန်းတယ်လို့လည်း သိရပါတယ်။
“သူတို့ရဲ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်ပြီး အိမ်နီးချင်းမြန်မာရဲ့
ဒီမိုကရေစီ ဖော်ဆောင်မှု အခြေအနေကို မပြတ်စောင့်ကြည့်နေတဲ့ သဘောပါ။ သူတို့
စိုးရိမ်မယ် ဆိုလည်း စိုးရိမ်စရာ အခြေအနေပါပဲ” လို့ NDF ပါတီဥက္ကဋ္ဌ
ဦးခင်မောင်ဆွေက ဆိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့
တပ်မတော် အစိုးရ လက်ထက်မှာ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အကျိုးတူ
ပူးပေါင်းမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး လက်နက်ပစ္စည်း
ရောင်းချမှုတွေပါ လုပ်ခဲ့တယ်ဆိုတာကို နိုင်ငံတကာက ထောက်ပြဝေဖန်မှုတွေ
ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်သစ်လက်
ထက်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းလိုက်ပြီး နောက်
အစိုးရချင်းနီးကပ်တဲ့ ဆက်ဆံရေးကနေ အတိုက်အခံ ပါတီတွေ၊
နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အရက်ဘက် ဆက်ဆံရေးကို တိုးမြှင့်
လုပ်ဆောင်လာတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြထားပါတယ်။
Credit - The Voice
ပြည်တွင်းနိုင်ငံရေး
ပါတီတွေနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးပမ်းနေတယ်ဆိုတဲ့
တရုတ်ကွန်မြူနစ်ပါတီက လွှတ်တော်အတွင်း မြန်မာ့တပ်မတော်ရဲ့ သဘောထားရပ်တည်
ချက်တွေကို စောင့်ကြည့်နေတယ်လို့ နိုင်ငံတကာဆက်ဆံရေးဌာန
ညွှန်ကြားရေးမှူးချုပ် Ms.Raohuihua က ဆိုပါတယ်။
ခုလို စောင့်ကြည့်နေတဲ့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အလွန်မှာ ပြောင်းလဲဖွယ် ရှိနေတဲ့ လွှတ်တော်အတွင်း တပ်မတော်ရပ်တည်ချက် ကိုလည်း စောင့်ကြည့်နေဦးမယ် လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ် (PR) ပြောင်းလဲ ကျင့်သုံးဖို့ လွှတ်တော်အတွင်း အကောင်အထည်ဖော်နေမှု အခြေအနေတွေကို မေးမြန်းတယ်လို့လည်း သိရပါတယ်။
“သူတို့ရဲ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်ပြီး အိမ်နီးချင်းမြန်မာရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှု အခြေအနေကို မပြတ်စောင့်ကြည့်နေတဲ့ သဘောပါ။ သူတို့ စိုးရိမ်မယ် ဆိုလည်း စိုးရိမ်စရာ အခြေအနေပါပဲ” လို့ NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီဟာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိခဲ့တဲ့ တပ်မတော် အစိုးရ လက်ထက်မှာ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အကျိုးတူ ပူးပေါင်းမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး လက်နက်ပစ္စည်း ရောင်းချမှုတွေပါ လုပ်ခဲ့တယ်ဆိုတာကို နိုင်ငံတကာက ထောက်ပြဝေဖန်မှုတွေ ရှိခဲ့ဖူးပါတယ်။
ဒါပေမဲ့လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်သစ်လက် ထက်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းလိုက်ပြီး နောက် အစိုးရချင်းနီးကပ်တဲ့ ဆက်ဆံရေးကနေ အတိုက်အခံ ပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အရက်ဘက် ဆက်ဆံရေးကို တိုးမြှင့် လုပ်ဆောင်လာတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြထားပါတယ်။
- See more at: http://www.thevoicemyanmar.com/index.php/news/item/2608-htt#sthash.St2GXdUQ.dpuf

No comments:
Post a Comment