
မြန်မာနိုင်ငံ၏ ပထမဆုံး အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုမည့် Translate-a-thon ဟူသည့် ပြိုင်ပွဲတစ်ရပ်ကို Ooredoo Myanmar နှင့် Khan Academy Myanmar တို့ကပူးပေါင်း ကျင်းပမည်ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ဒီဂျစ်တယ်ပညာ သင်ကြားရေးစနစ် ဖွံ့ဖြိုးလာရန်အတွက် အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီနှင့် အခမဲ့ အွန်လိုင်းပညာ သင်ကြားရေးကို ဆောင်ရွက်နေသော အဖွဲ့အစည်းတို့က ပူးပေါင်းပြုလုပ်လိုက်ခြင်းဖြစ်သည်။ အွန်လိုင်းပေါ်မှ ထောင်ပေါင်းများစွာသော ပညာသင်ကြားမှုများတွင် အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုနိုင်သည့် အခက်အခဲရှိနေခြင်းကြောင့် မြန်မာဘသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးလုံးကို ကျွမ်းကျင်သူများအနေဖြင့် Khan Academy Myanmar တွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးနိုင်ရန်အတွက် ယခုကဲ့သို့ Translate-A-Thon ဟူသော ပြိုင်ပွဲတစ် ရပ်ကို စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
အပြည့်အစုံဖတ်ရန် - http://www.myanmarinternetjournal.com/content/13783
No comments:
Post a Comment