
ပြည်မြို့တွင် ဗိုလ်ချုပ်ကျောက်ရုပ်နှင့် အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် ပန်းခွေချလျှင် အရေးယူမည်ဟု အမိန့်စာဖြင့် ထုတ်ပြန်
ပြည်၊ ဇူလိုင် ၁၇
၆၇ နှစ်မြောက် အာဇာနည်နေ့တွင် ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်နှင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် ပန်းခွေချလျှင် တည်ဆဲ ဥပဒေများအရ အရေးယူခံရမည် ဖြစ်ကြောင်း ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အမိန့်စာဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။
ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးက ဇူလိုင် ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ယင်းအမိန့်စာတွင် အများပြည်သူ စိတ်ငြိုငြင်စေမည့် လုပ်ငန်း၊ အနှောင့်အယှက် ဖြစ်စေသည့် လုပ်ငန်းများ လုပ်ဆောင်ခြင်း မပြုရန်၊ အာဇာနည်နေ့တွင် ဂုဏ်ယူဖွယ်ရာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု၊
“ဒီနေ့ပဲ ထုတ်ပြန်လိုက်တယ်။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖြန့်ထားတယ်။ ဘယ်သူမဆို သွားကြည့်လို့ရတယ်။ လိုက်နာမှု မရှိရင် သက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူသွားဖို့ ရှိတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်က အတည်ပြု ပြောကြားသည်။
၂၀၁၃ ခုနှစ်က ကျရောက်ခဲ့သည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသန္တရ အမိန့်ဖြစ်သည့် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများက အထက်ဖော်ပြပါ နေရာများတွင် စီတန်းလှည့်လည်မှုများ၊ ပန်းခွေချမှုများ ပြုလုပ်ခဲ့ကြသည်။
“ကျွန်တော်တို့က အစဉ်အလာအတိုင်းပဲ ဒီနှစ်လည်း လုပ်သွားမယ်။ မနှစ်က ပန်းခွေချတုန်းက ၁၈၈ နဲ့ တရားစွဲတယ်။ အဲတုန်းက အလုပ်နဲ့ ထောင် ၇ ရက် သို့မဟုတ် ဒဏ်ငွေ ၂၀၀ ပြစ်ဒဏ်ချလို့ ဒဏ်ငွေ ၂၀၀ ဆောင်ခဲ့ရတယ်” ဟု တရားစွဲဆို ခံခဲ့ရသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့ ပြည်ဒေသခံ ဦးသိမ်းမင်းထွန်းက ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့တွင် ဇူလိုင်လ (၁၉) ရက်နေ့၌ ကျရောက်မည့် (၆၇) နှစ်မြောက် အာဇာနည်နေ့၌ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများကို ဥသြဆွဲ ဂုဏ်ပြုခြင်းကို ခွင့်ပြုမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး ဒုတိယဦးစီးမှူး ဦးစိန်သောင်းက ပြောကြားသည်။
အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲ ဂုဏ်ပြုခြင်းကို ၂၀၁၃ ခုနှစ်ကလည်း ခွင့်ပြုပေးခဲ့ကြောင်း၊ ဥသြဆွဲ ဂုဏ်ပြုသူများ အနေနှင့် အာဇာနည်ကြီးများ ကျဆုံးချိန်၌သာ ဥသြဆွဲ ဂုဏ်ပြုနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

No comments:
Post a Comment