
ထောက်ရှာအိုင်နဲ့ ပေကြီးရွာက လယ်သမားကွန်ရက်ခေါင်းဆောင်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ယောက်၊ အခြားလယ်သမား ၃ ယောက်ကို ကန့်ဘလူတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့  တရားစွဲခံထားရသူ တောင်သူတစ်ဦးဖြစ်တဲ့ ကိုထွန်းနိုင်က အခုလိုပြောပါတယ်။
"ချတာတော့ ၆ ယောက်ပေါ့ဗျာ၊ ကျနော်တို့ တောင်သူလယ်သမားကွန်ရက်အဖွဲ့ဆိုပြီး ဖွဲ့စည်းတာတွေရှိတယ်လေ၊ ဦးသောင်းထွန်းကတော့ အဖွဲ့ခေါင်းဆောင်ပေါ့ဗျာ၊ ပေကြီး ဥက္ကဌ ဦးစိန်ထွန်း၊ ထောက်ရှာအိုင် ဥက္ကဌ ဦးဝင်းကို သူတို့ ၃ ယောက်ကတော့ တစ်ယောက်ကို ၂ နှစ်စီဗျ၊ ကိုကျော်ရင်ကတော့ သူ့ဘာသာသူ တောမီးဝင်ပြီးလောင်တာကို မူလတောင်သူက ရှို့ပါတယ်ဆိုပြီး တိုင်တာပေါ့ဗျာ၊ သူကတော့ ၁ နှစ်ကျတယ်ဗျ၊ ကိုဇော်မင်းကလည်း ၂ နှစ်၊ နောက်တစ်ယောက်ကလည်း ၂ နှစ် အဲတာကလည်း ထောက်ရှာအိုင်ကပဲ"
အဲဒီဒေသက လယ်ဧကတစ်သောင်းကျော်ကို ၁၉၉၉ ခုနှစ်မှာ ဒေသခံစစ်တပ်ကသိမ်းပြီး သကြားစက်တည်ခဲ့သလို၊ အဲဒီစက်ရုံကုန်ကြမ်းအတွက် ကြံစိုက်ခင်းတွေဖန်တီးပြီး လယ်သမားတချို့ ကို သီးစားခနဲ့ စိုက်ပျိုးခိုင်းနေတာဖြစ်တယ်လို့သိရပါတယ်။
မနှစ်ကတော့ ပိုနေတဲ့မြေတွေကို ပြန်ပေးတယ်လို့ ဆိုတဲ့အတွက် မူလတောင်သူတွေ ဝင်ရောက်ထွန်ယက်တဲ့အခါ သီးစားခနဲ့လုပ်နေတဲ့ လယ်သမားတွေကို တရားလိုအဖြစ် တရားစွဲခိုင်းခဲ့တာလို့ သိရပါတယ်။

No comments:
Post a Comment