သတင်း၊ ကိုတိုးကြီး
စစ်ကိုင်း၊ ဇူလိုင် ၁၅
အသက်(၉)နှစ်အရွယ်
စတုတ္တတန်းကျောင်းသူလေးနှစ်ယောက်အား အတန်းပိုင်ကျောင်းဆရာက အနှိပ်ခိုင်း
စေကာ လက်ကိုင်ဖုန်းအတွင်း၌ ထည့်ထားသော အမျိုးသားနှင့် အမျိုးသမီး
မဖွယ်မရာပြုလုပ်နေသည့် ပုံများကိုပြသ၍
လက်ရောက်မှုတစ်ရပ်ဖြစ်ပွားခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းမှ ဇူလိုင် ၁၀
ရက်နေ့ ည နေ ၃ နာရီ ၄၅ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာရှိ မူလွန်စာသင်ကျောင်း၌ စတုတ္တတန်း
အတန်းပိုင်ဆရာ တာဝန်များ ကိုထမ်းဆောင်လျက်ရှိသော အသက်(၃၅)နှစ်အရွယ်
ကျောင်းဆရာတစ်ဦးသည် ယခုလ ၃ ရက်နေ့မနက် ၉ နာရီခွဲအချိန်က
ကျောင်းစာသင်ခန်းအတွင်းရှိ စာသင်ခုံတွင် စာသင်ရန်ထိုင်နေသော အသက်(၉)နှစ်အ
ရွယ် ကျောင်းသူလေး မ…..ဆိုသူအား အတန်းပိုင်ဆရာက သူ၏စားပွဲခုံရှိရာသို့
ခေါ်ဆောင်၍ အနှိပ်ခိုင်းစေ ခဲ့သည်။ ထို့နောက် အဆိုပါ ကျောင်းဆရာက ၎င်းအား
နှိပ်ပေးနေသော ကျောင်းသူမလေး ၀တ်ဆင်ထား သည့် စကပ်အားလှန်ကာ
အတွင်းခံဘောင်းဘီကို ဆွဲချွတ်ခဲ့ပြီး ကျောင်းသူမလေး၏ မိန်းမအင်္ဂါအား လက်
ဖြင့်နှိုက်၍ ကိုင်ခဲ့သည်ဟု ကျောင်းသူမလေးက တိုနေ့ညနေပိုင်း ကျောင်းဆင်၍
နေအိမ်ရောက်ချိန်တွင် သူမ၏ မိခင်ဖြစ်သူအား ထိုကဲသို့ ပြန်လည်ပြောခဲ့သည်။
အဆိုပါ အတန်းပိုင် ကျောင်းဆရာသည် ၎င်းနေ့က အခြားကျောင်းသူမလေးတစ်ဦးကိုလည်း
နှိပ်ခိုင်းပြီး သူ ၏ လက်ကိုင်ဖုန်းအတွင်း၌ ထည့်ထားသော အမျိုးသားနှင့်
အမျိုးသမီး မဖွယ်မရာပြုလုပ်နေသည့် ပုံများ ကိုပြသကာ အဆိုပါ ကျောင်းသူမလေး၏
မိန်းမအင်္ဂါအား လက်ဖြင့် ကိုင်တွယ်နှိုက်ခဲ့သေးသည်ဟု အတန်း ပိုင်ကျောင်ဆရာ၏
လက်ရောက်မှုခံရသူ ကျောင်းသူမလေးက မ…၏ မိခင်ဖြစ်သူထံပြောခဲ့သည်။
ထို့ကြောင့် အနှိပ်ခိုင်းစေခြင်းခံရပြီး လက်ရောက်မှုပြုကျင့်ခြင်းခံရသော
ကျောင်းသူမလေး၏ မိခင်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုစန်း၊
နတ်ခရိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းနှင့် ကျေးရွာ
ကျောင်းကော်မတီ လူကြီးများတွေ့ဆုံ ညှိနှိုင်းကာ အဆိုပါ
အတန်းပိုင်ကျောင်းဆရာအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးနိုင်ရန်
စစ်ကိုင်းမြို့မရဲစခန်းသို့ ယခုလ ၁၀ ရက်နေ့က သွားရောက်တိုင်တန်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုင်တန်းချက်အား ရဲစခန်းက(ပ) ၂၉၂/ ၂၀၁၄
ပြစ်မှုပုဒ်မ ၃၅၄ အရ အမှုရေးဖွင့်ပြီးနောက် အမှုနှင့် ပတ်သက်၍ ရဲအုပ်
ထိန်လင်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ
သိရှိရသည်။
ref; ဟာဂျူလီ ကသာ (Facebook)
No comments:
Post a Comment