Friday, July 18, 2014

ကသာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ လူမိုက်ဆန်ဆန် ပြုမှုနေကြောင်း စစ်တိုင်းမှူးထံတိုင်ကြား.

ကသာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ လူမိုက်ဆန်ဆန် ပြုမှုနေကြောင်း စစ်တိုင်းမှူးထံတိုင်ကြား.....(ဟာဂျူလီ-ကသာ)
******************************************
ကသာမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ဥက္ကဌနှင့်အတွင်းရေးမှူးတို့မှ လက်မှတ်ရေးထိုး၍ နေအိမ်တဲများကို အဖွဲ့ဖြင့် လာရောက် ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း မင်းမဲ့စရိုက် ဆန်ဆန် ခြိမ်းခြောက်စာများ ပေးပို့ခဲ့သဖြင့် အရေးယူဆောင်ရွက်ပေးပါရန်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်ထံ စာပို့ တိုင်ကြားလိုက်ကြောင်း တိုင်ကြားခဲ့သည့်ပညာရေးဝန်ထမ်းတစ်ဦးမှ herjule media သို့ဆက်သွယ်ပြောဆိုခဲ့ပါသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်မှုထမ်းဟောင်း အိမ်ယာကွက်များကို ချပေးထားခဲ့သူ ယခင်စစ်မှုထမ်းဟောင်းဥက္ကဌ ဗိုလ်ကြီးမောင်တိုး(အငြိမ်းစား)အားမေးမြန်းခဲ့ရာ “ကျွန်တော်စစ်မှုထမ်းဟောင်းဥက္ကဌလုပ်ခဲ့တာက ၂၀၀၇ခုနှစ်ကနေ ၂၀၁၂အထိ လုပ်ခဲ့တာပါ၊
အဲဒီကြားထဲမှာ ကသာမြို့နယ်အတွင်းက စစ်မှုထမ်းဟောင်းတွေ တပ်မတော်ကနေ ပင်စင်ယူခါနီး ကသာမြို့နယ်က စစ်သည်တွေ နေစရာ အိမ်မရှိတာကို သိရလို့ ခယကဥက္ကဌထံ ညှိနှိုင်းပြီး မြို့ပြင်က လွတ်နေတဲ့ မြေကွက် ၉.၉၆ဧကကို တောင်းခဲ့ပါတယ်၊ အဲဒီမြေကွက်အလွတ်မှာ မြေကွက်(၂၇)ကွက်ရောင်းပြီး
ပုံစံတူ အိမ်(၂၇)လုံး မြေကွက်(၂၇)ကွက်ရောင်းပြီး ဆောက်တယ်၊ မြေကွက်လိုချင်တဲ့ သူတွေကို အကွက်ချပြီး အိမ်ယာတစ်ကွက်ကို (၄)သိန်းနဲ့ရောင်းတယ်၊ ရတဲ့ငွေနဲ့ စစ်သည်တွေအတွက် ပုံစံတူအိမ်ယာတွေဆောက်ပေးပြီး ပိုထွက်လာတဲ့ငွေနဲ့ စစ်မှုထမ်းဟောင်းပိုင်တဲ့ စည်သူတည်းခိုခန်းကို
ြုပန်မွမ်းးမံခဲ့ပါတယ်၊ ကျွန်တော်တို့ ရောင်းပေးခဲ့တဲ့ မြေကွက်ကို ရတဲ့သူတွေကို စာချုပ်နဲ့ ချပေးခဲ့တာဖြစ်ပြီး စာချုပ်ထဲမှာ တစ်နှစ်အတွင်း မိမိဘာသာ အိမ်ဆောက်ရမယ်ဆိုတာ ပါပါတယ်၊ သူတို့ နှစ်သက်တဲ့ ပုံစံဆောက်ကြပေါ့၊၊ ဒါလေးပါပါတယ်၊
ပြီးတော့ ကျွန်တော်တို့ စစ်မှုထမ်းဟောင်းအနေနဲ့ တိုင်းကို လန(၃၉)တင်ပါတယ်၊ အခုအထိ လန(၃၉) မကျသေးတဲ့အတွက် စစ်မှုထမ်းဟောင်းအနေနဲ့ တရားဝင် ပိုင်ဆိုင်ခွင့် မရှိသေးဘဲ အဖွဲ့နဲ့ လာပြီး ဖျက်သိမ်းမယ် ဘာမယ်ဆိုတော့ ဒါဟာ ဥပဒေအရ မဟုတ်သေးဘူး၊ မလုပ်သင့်ဘူးပေါ့ဗျာ၊
တကယ်လို့ စစ်မှုထမ်းဟောင်းက ပိုင်ဆိုင်ခွင့်ရရင်တောင် ဥပဒေနဲ့ အညီ တရားစွဲတာမျိုးပဲ လုပ်သင့်ပါတယ်၊” ဟု ပြောဆိုခဲ့ပါသည်၊
အိမ်ဖျက်ရန် စာထုတ်ခြင်းခံရသူ မစုစုငြိမ်းအေးက “ ဒီမြေကွက်ကို မူလ ရတဲ့သူက ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး (ဦး)ရဲမြင့်ပါ၊ သူက ပင်စင်ယူရင် နေဖို့ တောင်းထားရာကနေ သူမနေဖြစ်တော့လို့ ကျွန်မရဲ့မောင်ဖြစ်တဲ့ (ကြည်း-၄၅၆၂၇) ဗိုလ်မှူးဖြိုးထက်ဦးကို
မေတ္တာနဲ့ ပြန်ပေးခဲ့တာပါ၊ မောင်ဖြစ်သူအနေနဲ့ မဆယ(၁၂) ကျိုင်းတုံမှာ တာဝန်ကျနေလို့ ကိမက ထိန်းသိမ်းထားတယ်၊ တဲလေးဆောက်ပြီး လူစောင့်ခိုင်းထားတဲ့အချိန်မှာ အခုလို ဆောက်ထားတဲ့ တဲအိမ်ကို ဖျက်ပေးဖို့စာပို့လာတာဖြစ်ပါတယ်၊နောက်ဆုံးတော့ (၁၈၊၇၊၁၄)ရက်နေ့မှ
တဲ မဖျက်ပေးရင် သူတို့အဖွဲကကိုယ်လာဖျက်မယ့်အကြောင်း စာပို့ခဲ့ပါတယ်၊ တရားရုံးတောင် မရောက်သေးဘဲ သူတို့အဖွဲ့နဲ့ လာဖျက်မယ်ဆိုတာဟာ အနိုင်ကျင့်ဗိုလ်ကျသလို ခံစားရပါတယ်၊ ကျွန်မတို့ လူထုတွေအပေါ် ဥပဒေအကာအကွယ် မရှိတော့ဘူးလား၊ မင်းမဲ့တိုင်းပြည်ဖြစ်နေပြီလား
ဆိုတာကို တိုင်းမှူးကို လှမ်တိုင်တဲ့စာမှာ ထည့်ရေးထားပါတယ်၊ တကယ်တမ်းပြောရရင် သူတို့(စစ်မှုထမ်းဟောင်း)မှာ ပိုင်ဆိုင်မှု လန(၃၉)တို့ ၃၀(ခ)တို့ မရှိဘဲ ဇွတ်လာဖျက်ရင်တော့ ကျွန်မတို့အနေနဲ့ ဥပဒေနဲ့အညီ တရားစွုသွားမှာ ဖြစ်ပါတယ်” ဟု မီဒီယာကို ရှင်းပြသွားခဲ့ပါသည်၊
ယခုလို နေအိမ်များဖျက်ရန် စာထုတ်ခံသူအချို့တွင် စိုက်ပျိုးရေးဝန်ထမ်းလည်း ပါနေကြောင်းသိရပြီး မြို့ပေါ်လူထုအနေနှင့် ကသာမြို့နယ်စစ်မှုထမ်းဟောင်းအပေါ် အခွင့်ထူးခံ အဖွဲ့အစည်းအဖြစ် မမြင်ကြစေရန် သက်ဆိုင်ရာ အကြီးအကဲများမှ ညှိနှိုင်း ဖြေရှင်း လမ်းညွန်မှုများ အချိန်မီ ပြုလုပ်သင့်ကြောင်း
ရေသားလိုက်ရပါသည်။(ဟာဂျူလီ-ကသာ)
 
 
 
 
 
 
 
 

No comments:

Post a Comment