ဖြစ်ရပ်အပေါ် ဥပဒေနှင့်အညီ နစ်နာသူဆရာတော်(၅)ပါးမှ မဟနအား
ပြန်လှန်တရားစွဲဆိုရန် ဦးတိုက်လျှောက်ထားမှုအား အုပ်ချုပ်ရေးအာဏာ
ကို အသုံးပြုပြီး ပယ်ချ ။
===============================================
ယနေ. ၁၆-ရ-၂၀၁၄ နေ.လည်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို.နယ်တရားရုံးတွင် လန်ဒန်ဓမ္မရံသီ ဆရာတော် ဦးဥတ္တရနှင့် ဆရာတော်(၅)ပါးတို.မှ မဟနအားရာဇသတ်ကြီး
ပုဒ်မ-၃၄၂ ( မတရားဖမ်းဆီးချုပ်နှောင်မှု )ဖြင့် တရားစွဲဆိုရန်ရုံးတော်သို. ဦးတိုက်
လျှောက်ထားမှုကို ဗဟန်းမြို.နယ်တရားရုံးမှ တာမွေမြို.နယ်တွင် တရားရင်ဆိုင်နေဆဲ အမှုအပေါ်အကြောင်းပြလျက် အုပ်ချုပ်ရေးအာဏာကိုအသုံးပြုလျက် ပယ်ချလိုက်ကြောင်း
သတင်းရရှိပါသည်။
ဆရာတော်(၅)ပါးမှ မဟနအပေါ် တရားစွဲဆိုရသည့်ကြောင်းရင်းမှာ ဇွန်လ(၁၀)ရက်နေ.
ည သန်းခေါင်အချိန်တွင် ဆရာတော်(၅)ပါးအား ခေတ္တသီတင်းသုံးနေထိုင်ရာ
မဟာသန္တိသုခကျောင်းသို. မဟနစည်းကမ်းထိန်းသိမ်းရေးဆရာတော်များနှင့်
သာသနာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ အတင်းဝင်ရောက်ချိပ်ပိတ်ကာ
ကမ္ဘာအေးကုန်းမြေရှိ မဟန သုံးထပ်ကျောင်းဆောင်သို.အတင်းခေါ်ဆောင်
သွားခဲ့ကြောင်း၊ ဇွန်လ(၁၁) ရက်နေ.ဆွမ်းစားပြီးချိန်တွင်တိုင်းမဟနရုံးအနီး
မင်္ဂလာဈေးဓမ္မာရုံသို. ခေါ်ဆောင်သွားခဲ့ပြီးဆက်လက်ထိန်းသိမ်းထားခဲ့ကြောင်း၊
ဇွန်လ(၁၂) ရက်နေ.တွင် ရန်ကုန်တိုင်းသာသနာရေးဦးစီးမှူး ဦးစိန်မော်မှ
တာမွေမြို.နယ်တရားရုံတွင် ပုဒ်မ-၂၉၅(က)ဖြင့် တရားစွဲဆိုရန် ဦးတိုက်
လျှောက်ထားပြီး လူဝတ်လဲကာ အင်းစိန်ထောင်သို. ပို.ဆောင်ခဲ့ပါကြောင်း၊ ထိုသို.
တာမွေတရားရုံးတွင် တရားစွဲဆိုခြင်းမပြုမည် ၂ညနှင့်၃ ရက်တိတိ တရားရုံး
အမိန်.မရှိပဲ တစ်စုံတစ်ရာဆရာတော်(၅)ပါးကိုမတရားဖမ်းဆီးချုပ်နှောင်ထားခြင်း
အပေါ် ဗဟန်းမြို.နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ-၃၄၂ အရ ပြန်လှန်တရား
စွဲဆိုခြင်းဖြစ်ကြောင်း သိရပါသည်။
" ယနေ.တရားစွဲတဲ့ ဖြစ်စဉ်နဲ. တာမွေတရားရုံမှာ တရားစွဲခံထားရတဲ့ဖြစ်စဉ်က
အချိန်ကာလအရ တိုင်းသာသနာရေးက တရားမစွဲခံ ၀ရမ်းမရှိပဲ၊တရားရုံးအမိန်.
တစ်စုံတစ်ရာမရှိပဲ ၂ညနဲ.၃ရက် ဖမ်းချုပ်ထားတဲ့အပေါ်တရားစွဲတာပါ။ ဒါကို တာမွေ
တရားရုံးက အမှုရှိနေလို. ပယ်ချတယ်ဆိုတာဥပဒေသမားတစ်ယောက်အနေနဲ. နားမလည်နိုင်ဘူး " လို.ရှေ.နေဦးနေလက ပြောပြပါသည်။
" တိုင်းသာသနာရေးက တရားစွဲတာက ဇွန်လ(၁၂)ရက်၊ အခုမတရားချုပ်နှောင်ထားခံ
တာက ဇွန်လ(၁၀)ရက်နေ.က(၁၂) ရက်အထိဆိုတော့တရားမစွဲခင်ဖြစ်ခဲ့တဲ့ ကိစ္စပါ။
ကျင့်ထုံးဥပဒေပုဒ်မ-၃၄၀ ပါ ပြဌာန်းချက်မှာလူတစ်ဦးတစ်ယောက်ကို သတ်မှတ်
ပိုင်းခြားထားသောနေရာမှ တခြားနေရာသို.ခေါ်ဆောင်လျက် မသွား၊မလာရဟု
မတရားတားဆီးပိတ်ပင်ကန်.ကွက်ပါက၊တားဆီးကန်.ကွက်သူအားရာဇသတ်ကြီး
ပုဒ်မ-၃၄၂အရ တရားစွဲဆိုနိုင်သည်လို. ဖွင့်ဆိုထားတာပါ။
ဆိုလိုတာက ပုဒ်မ-၃၄၀ပါပြဌာန်းချက်က ကျူးးလွန်ခဲ့ပါက ပုဒ်မ-၃၄၂ အရတရားစွဲ
နိုင်တယ်၊ဒါကြောင့်အခုလို ဆရာတော်(၅)ပါးက ဦးတိုက်လျှောက်ပြီးတရားစွဲ
တာပါ၊ ဒီနေ.တရားစွဲတဲ့ အမှုမှာတော့ ကျွန်တော်လိုက်တာမဟုတ်ဘူး၊
ဦးသန်းထွန်းအောင် လိုက်တာပါ ။ သူက ပိုရှင်းပြနိုင်ပါလိမ့်မယ်" လို.ရှေ.နေ
ဦးနေလက ဆက်လက်ရှင်းပြခဲ့ပါသည်။
မူရင်း - Kyaw Swar Myint (Facebook)

No comments:
Post a Comment