Friday, July 18, 2014

သတင်းသမားတွေ ဆန္ဒပြတာ ထိရောက်မှုရှိတယ်လို့ မင်းကိုနိုင်ပြောပြီ

မြန်မာငြိမ်းချမ်းရေးစင်တာမှာ သမ္မတနဲ့ ရုပ်ရှင်ဂီတသဘင်လောကသား
တွေ တွေ့ဆုံမှုကို သတင်းမယူဘဲ ဆန္ဒပြလိုက်တာဟာ နိုင်ငံတကာက သတင်းထောက်တွေမှာတောင် ဒီလိုစိတ်ဓာတ်မျိုး မတွေ့ရဘူးလို့
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါပြီ။ မီဒီယာသမား
တွေကိုထိရင် သူပါ ထိခိုက်သလို ခံစားရတယ်လို့ ဘာ့ကြောင့်ပြောတာလဲ။

ပြီးခဲ့တဲ့ ဇူလိုင် ၁၂ရက်နေ့က ဦးသိန်းစိန်နဲ့ အနုပညာလောကသားတွေ
တွေ့ဆုံမှုကို သတင်းမယူဘဲ ဆန္ဒပြတာဟာ ထိရောက်မှုရှိတယ်လို့ ၈၈
မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကကိုမင်းကိုနိုင်က ပြောပါ
တယ်။ ပုဒ်မ ၁၈ကို နိုင်ငံရေးပုဒ်မဆိုတဲ့ ခေါင်းစဉ်အောက် ထည့်ထည့်
မထည့်ထည့် နိုင်ငံရေးအရ ဖြစ်တာအားလုံးကို အလေးအနက်ထား
ရမယ်လို့ သူက ဆိုပါတယ်။
သတင်းသမားတွေကို ပုဒ်မ ၁၈နဲ့ အရေးယူတဲ့ကိစ္စကို သူ့အနေနဲ့ ခြိမ်းခြောက်မှုအဖြစ်
ယူဆပြီး ဒီမိုကရေစီကို မြတ်နိုးသူချင်းအတူတူ မတူကွဲပြားတဲ့ကိစ္စတွေမှာ ငြင်းခုံတာ
တွေရှိပေမယ့် မီဒီယာသမားတွေကို တစ်စိတ်တစ်ပိုင်းလောက် ထိခိုက်လာရင်
သူပါထိခိုက်သလို ခံစားရတယ်လို့ ပြောပါတယ်။
Credit - Kyaw Swar Myint (Facebook)

ဗွီဒီယိုဖိုင်ကြည့်ရန် - https://www.facebook.com/photo.php?v=10201641753485793

No comments:

Post a Comment