Friday, July 18, 2014

မန္တလေးမြို့ဖြစ်စဉ်နှင့် ပတ်သက်၍ ၄၂ ဦး ဖမ်းဆီးအရေးယူထား

မန္တလေးမြို့၌ ဇူလိုင် ၁ ရက်၊ ၂ရက်နှင့်၎ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်
ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စစ်ဆေး
ဖော်ထုတ်ဖမ်းဆီးလျက်ရှိသည်။
ဇူလိုင် ၁၆ ရက်အထိ စစ်ဆေးဖော်ထုတ်ချက်အရ လူသတ်မှုဖြင့် မသင်္ကာသူ ၆ ဦး၊
မီးရှို့ဖျက်ဆီးမှုဖြင့် မသင်္ကာသူ ၁၂ ဦး၊ နာကျင်စေမှုဖြင့် မသင်္ကာသူ ၈ ဦး၊ ဆူပူ
လှုံ့ဆော်မှုဖြင့် ၁၁ ဦး၊ ရဲအက်ဥပဒေအရ တရားခံ ၃ ဦး၊ လက်နက်မှုဖြင့် တရားခံ ၂ ဦး
စုစုပေါင်း ၄၂ ဦးအား ဖမ်းဆီးအရေးယူ၍ ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ်လျက်
ရှိပါကြောင်းသိရပြီး ကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး စစ်ဆေးဖော်ထုတ်
လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
ref; Kyaw Swar Myint (Facebook)

No comments:

Post a Comment