သူကြီးတစ်ဦးသည်"သီးခြားသက်သာခွင့်ဥပဒေပုဒ်မ ၄၂"အရ အထူး
ကိုယ်စားလှယ် လွှဲစာပြန်လည် ရုပ်သိမ်းကြောင်း မြွက်ဟကြေညာပေး
စေလိုမှု အမှုတွင် အမှုသည်တစ်ဦးထံမှ ငွေကျပ်(၃)သိန်းကို လာဘ်ငွေ
အဖြစ် လက်ခံခဲ့၍လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင်ကအမှုဖွင့်
အရေးယူခဲ့ကြောင်း သတင်းရရှိသည်။
စုံစမ်းသိရှိရသည်မှာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်တရားရုံးမှ
တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်ခင်လေးငယ်(၄၅နှစ်) ဘိုကုန်းရပ်ကွက်
အင်းစိန်မြို့နယ်နေသူသည်စီရင်ပိုင်ခွင့်အရလုပ်ပိုင်ခွင့်အာဏာရှိသူ
ပြည်သူ့ ဝန်ထမ်းတစ်ဦးဖြစ်ပါလျက် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ရန်ကင်မြို့နယ် တရားရုံး တရားမကြီး အမှုအမှတ် ၄/၂၀၁၂ "သီးခြား
သက်သာခွင့်ဥပဒေပုဒ်မ ၄၂"အရ အထူးကိုယ်စားလှယ်လွှဲစာ ပြန်လည်
ရုပ်သိမ်းကြောင်း မြွက်ဟကြေညာပေးစေလိုမှုအမှုတွင် ဦးခွေးလေး
ထံမှ ငွေကျပ်(၃)သိန်းကို လာဘ်ငွေအဖြစ် ၂၃.၁၀.၂၀၁၃ ရက်နေ့ ၌ ရန်ကင်းမြို့နယ်တရားရုံးရှိ ၎င်း၏ရုံးခန်းတွင် လက်ခံခဲ့သည်ဆို၏။
၂.၅.၂၀၁၄ ရက်နေ့ တွင် ထိုငွေကျပ်(၃)သိန်းသည် ဦးခွေးလေး၏ ဇနှီးဟောင်းဖြစ်သူဒေါ်သန်းသန်းဝင်းထံသို့  ပြန်လည်ရောက်ရှိခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့်ဒေါ်ခင်လေးငယ်အားအရေးယူပေးပါရန် ဦးမောင်မောင်မြင့်(၅၂နှစ်)၊စစ်ဆေးရေးမှူး(လာဘ်ပေးလာဘ်ယူ
ပပျောက်ရေးကော်မရှင်) လူငယ်အားကစားလေ့ကျင့်ရေးစခန်း
ဝဏ္ဏသိဒ္ဓိနေပြည်တော်က တရားလိုပြုတိုင်တန်းသဖြင့်ရန်ကင်းမြို့မ
ရဲစခန်း(ပ)၁၆၃/၂၀၁၄ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ
၅၆ဖြင့် အမှုဖွင့်ပြီး တရားလိုအမှုစစ်က ဖမ်းဆီးစစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မှုခင်းနှင့်သတင်းစုံဂျာနယ်အမှတ်စဉ်(၁၅)မှ ကူးယူဖေါ်ပြသည်။
Posted by Linn Kon.
ref; Kyaw Swar Myint (Facebook)

No comments:
Post a Comment