Sunday, July 13, 2014

မီဒီယာသမားများအား ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ပြီ

ယနေ.ညနေ (၆) နာရီအချိန်တွင် ကမာရွတ်ရဲစခန်းမှ ယနေ. နံနက်က နိုင်ငံတော်သမတနှင့် အနုပညာရှင်များတွေ.ဆုံရာ MPC အနီးတွင် တူညီတီရှပ်များဝတ်ဆင်ကာ အသံတိတ်
စုဝေးခဲ့မှုအား ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်မည်ဟု သိရှိရပါသည်။
လက်ရှိဖွဲ.စည်းပုံအခြေခံဥပဒေပုဒ်မ- ၃၅၄(ခ) တွင် နိုင်ငံသားများအနေဖြင့် ငြိမ်းချမ်းစွာ
စုဝေးခွင့်ပြုကြောင်း နိုင်ငံသားများအခွင့်အရေးအခန်းတွင်ပါရှိသော်လည်း ယနေ.နံနက်က
ဆိုင်းဘုတ်ကိုင်ဆောင်ထားခြင်းမရှိသော၊ ကြွေးကြော်သံကြွေးကြော်ခြင်းမရှိသော နိုင်ငံသား
များ၏မူလအခွင့်အရေးနှင့်အညီ ငြိမ်းချမ်းစွာစုဝေးခဲ့ကြသူမီဒီယာသမား (၅၀) ကျော်အား
ပုဒ်မ (၁၈) ဖြင့် အမှုဖွင့်ရန် ကမာရွတ်ရဲစခန်းမှ ဆောင်ရွက်လျက်ရှိနေကြောင်း သတင်း
ရရှိလာပါသည်။
သို.ဖြစ်ပါသောကြောင့် ထိုသို. ပုဒ်မ(၁၈) မကျူးလွန်ပဲ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်
အညီ စုဝေးခြင်းအား အမှုဖွင့်တရားဆွဲဆိုခြင်းကို ပြင်းထန်စွာကန်.ကွက်ပါကြောင်းနှင့်
ထိုသို.လုပ်ဆောင်ခြင်းမှာ မီဒီယာသမားများအပေါ် ထပ်ဆင့်တိုး ဖိနှိပ်ခြင်းဟု ယုံကြည်
မိပါကြောင်း တင်ပြလိုက်ရပါသည်။
( Tomorrow သတင်းဂျာနယ် )
ref; ဟာဂျူလီ ကသာ

No comments:

Post a Comment