Monday, July 14, 2014

ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဘာသာရေးနှင့် ပတ်သက်၍ လှုံ့ဆော်ရေးသားရာမှ သံတွဲတွင် လူစုလူဝေးဖြစ်

By အောင်ခိုင်  On  Mon, 2014-07-14 11:14   Location  ရန်ကုန်   Issue No. No.439 Monday, July 14, 2014
 
ဖေ့စ်ဘွတ်ခ်ပေါ်၌ ရေး သားဖော်ပြမှုနှင့် ပတ်သက်၍ မကျေနပ်၍ သံတွဲမြို့တွင် လူစုလူဝေး ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က အခြေအနေကို ဝင်ရောက် ထိန်းသိမ်းခဲ့ရကြောင်း သတင်း ရရှိသည်။
ဇူလိုင် ၁၃ ရက်က ဘာသာခြားနှစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လူမျိုး၊ ဘာသာနှင့် ပတ်သက်၍ လှုံ့ဆော်ရေးသားမှုများကို မကျေနပ်သောကြောင့် ၎င်းတို့ နှစ်ဦး နေထိုင်ရာ သံတွဲမြို့ အမှတ် (၃)ရပ်ကွက်၊ ဧရာဝတီဘဏ်အနီး၌ ညနေ ၄ နာရီခန့်က လူစုလူဝေး စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
‘‘ဖေ့စ်ဘွတ်ခ်မှာ ဘာသာ သာသနာနှင့် ပတ်သက်ပြီး စော်ကားတင်တယ်လို့ ယူဆကြလို့ သူတို့(ပို့စ်တင်တဲ့သူ) အိမ်တွေကို ဖျက်ဖို့ ကြိုးစားတာ။ အချိန်မီ ထိန်းသိမ်းလိုက်နိုင်ပါတယ်’’ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ  အရာရှိတစ်ဦးက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့များက ၎င်း ဘာသာခြားနှစ်ဦးနေထိုင်ရာ ၀န်းကျင်ကို သံဆူးကြိုးများဖြင့် တားဆီး၍ အင်အား တိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။
‘‘ဘာမှတော့ မဖြစ်ပါဘူး။ သတင်းကြားလို့ သွားကြည့်ကြတာရှိတော့ လူစုသွားတဲ့ သဘောပါ။ လုံခြုံရေးတိုးတာကလည်း ပြဿနာဖြစ်မှာဆိုးလို့ပါ’’ ဟု သံတွဲမြို့ခံတစ်ဦးကဆိုသည်။
ဇူလိုင် ၁၃ ရက် ညပိုင်းတွင် အဆိုပါ ဘာသာခြား နှစ်ဦးကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

No comments:

Post a Comment