Thursday, July 17, 2014

မြန်မာကစားသမား ၃၀ အတွက် လေယာဉ်လက်မှတ်ခ အာရှအိုလံပစ်ကော်မတီထောက်ပံ့


အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာကစားသမား ၃၀ အတွက် လေယာဉ်လက်မှတ်ခ အာရှအိုလံပစ်ကော်မတီထောက်ပံ့
ရန်ကုန်၊ ဇူလိုင် ၁၆
တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများအနက် ကစားသမား ၃၀ အတွက် အသွားအပြန် လေယာဉ်လက်မှတ်ခကို အာရှအိုလံပစ် ကော်မတီက ထောက်ပံ့ပေးထားကြောင်း အားကစားဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးသက်လွင်က ပြောကြားသည်။
မြန်မာအားကစားအဖွဲ့အနေနှင့် ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၀ မျိုး ယှဉ်ပြိုင်မည်ဖြစ်ရာ အားကစားသမား ၁၀၀ ကျော် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ အာရှအိုလံပစ် ကော်မတီက မြန်မာနိုင်ငံ အပါအဝင် ပြိုင်ပွဲဝင်နိုင်ငံတိုင်း၏ အားကစားသမား ၃၀ အတွက် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ကျန်တာကတော့ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ။ အာရှအားကစားပြိုင်ပွဲမှာ အောင်မြင်နိုင်မယ်ထင်တဲ့ အားကစားနည်းတွေပဲ ယှဉ်ပြိုင်မယ်” ဟု ဦးသက်လွင်က ရှင်းပြသည်။
ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံက အလေးမ၊ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ နပန်း၊ ဂျူဒို၊ မြားပစ်၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ ဝူရှူး၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း ၁၀ မျိုးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယင်းအားကစားအဖွဲ့ချုပ်များက ထုတ်ပြန်ထားသည်။

No comments:

Post a Comment