ကျွန်တော်တို့ ရေဦးမြို့မှာ အင်တာနက်အသုံးပြုသူဦးရေဟာ တော်တော်များလာပြီလို့ သိရပါသည်။
မုံရွာ၊ မန္တလေး မြို့ကြီးများ တို့နှင့် နှိင်းယဉ်လို့ ရသလောက်မှာ ရှိတယ်လို့ သိရပါတယ်။
ရေဦးနဲ့ ပတ်သက်တဲ့ Android ဆော့ဝဲ မရှိဘူးလို့ သိရပါတယ်။ တချို့အင်တာနက်သုံးချင်တဲ့ သူတွေ၊ သတင်းတွေ ဖတ်ချင်တဲ့သူတွေ ရှိမှာပါ။ ဖေ့ဘုတ် ကျတော့လည်း အကောင့်အခက်အခဲက တမျိုး၊ လွယ်ကူစွာ မသုံးတတ်ကျတာက တမျိုးဆိုတော့ ဒါလေးကများ လွယ်မလားဆိုပြီး လုပ်ကြည့်တာပါ။
အဲဒါကြောင့် ယခု ဘလော့ နဲ့ Ye-U,Reader apk လေးကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အတွက် ဘာစီးပွားရေးမှ မပါ ပါဘူး။ ၀ါသနာပါလို့ လုပ်လိုက်တာပါ။ ရေဦးမှာနေတဲ့ သူငယ်ချင်းများ၊ ရဟန်းသံဃာတော်များ မိဘအပေါင်းတို့က ရေဦးနဲ့ ပတ်သက်တဲ့ သတင်းတွေ တင်ပေးမယ်ဆိုရင်
Ye-U,Reader မှာ ထည့်သွင်းဖော်ပြ သွားပါ့မယ်။
ရေဦးသားလေး
သဘောကျတယ် အားပေးပါတယ် :)
ReplyDeleteကျေးဇူးတင်ပါတယ်... အရှင်ဘုရား
Delete