Saturday, July 12, 2014

တောင်ငူခရိုင်တရားသူကြီး နာရီပိုင်းအတွင်းပြောင်းရွေ့ခံရ

 
 
တောင်ငူခရိုင်တရားရုံးရှေ့ တရားသူကြီးရဲ့ စီရင်အမိန့်ကိုမကျေနပ်၍ ဆူပူမှုဖြစ်
ဘက်လိုက်သည်ဟု စွပ်စွဲခံရသည့် တ၇ားသူကြီးအား နာရီပိုင်းအတွင်းပြောင်းရွေ့
ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည် ၁နာရီခွဲ အချိန်ခန့်မှာ တောင်ငူခရိုင်တရားရုံးရှေ့မှာ ခရိုင်တရားသူကြီးတစ်ဦးရဲ့ လူသတ်မှုတစ်ခုကို စီရင်ချက်အမိန့်ချမှတ်တာကို မကျေနပ်လို့ တရားလို မိသားစုတွေက အော်ဟစ်ပေါက်ကွဲ ဆူပူမှုဖြစ်ပွားခဲ့သောကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးနှင့် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တွေက မိသာစုဝင် ၈ ဦးကို ကျေနပ်အောင် ဖျောင်းဖျပေး ထိမ်းသိမ်းပေးခဲ့ရတယ်လိုသိရပါတယ်။ ဖြူးမြို့နယ် ညောင်ပင်သာကျေးရွာနေ တရားလိုမိသားစုထဲက အဖေဖြစ်သူနဲ့ အစ်ကိုဖြစ်သူဟာ တရားခံအမျိုးသမီး ၂ ဦးက မိသားစုဝင်များရှေ့မှောက် ဓါဖြင့် ၆ ချက်ထိုးခဲ့တာကို မိသားစုဝင် သက်သေဟာ တရားမ၀င်ဟု တရားသူကြီးက ပယ်ချခဲ့ပြီး၊ ဓါးဖြင့်ထိုးသူ တရားခံ ၂ ဦးကိုလည်း တစ်ဦးကိုသာ လူသတ်မှုနဲ့ ၅ နှစ် ဓါးထိုးမှုနဲ့ ၁ နှစ်ချမှတ်ခဲ့ပြီး တစ်ဦးကို အမှုမှ ကွင်းလုံးကျွတ်လွတ်ပေးခဲ့ပါတယ်။ တရားသူကြီးရဲ့ တရားစီရင်မှုဟာ ဘက်လိုက်မှုရှိပြီး တရားခွင်မှာလည်း သိသိသာသာဘက်လိုက် မတရားစီရင်ခဲ့ လို အခုလိုပေါက်ကွဲခဲ့တာကို သေဆုံးသူ၏ သမီးဖြစ်သူ မခိုင်သဇင်က ပြောပါတယ်။ အဆိုပါဆူပူ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့တာကြောင့် အဆိုပါတရားသူကြီး နာရီပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး တရားစီရင်ရေးဌာသို့ ချက်ချင်းပြောင်းရွေ့ပေးလိုက်ကြောင်း တရားရေ၀န်ထမ်းတစ်ဦးက တရားသူကြီးအနေနဲ့မဟုတ်ပဲ ဒုညွှန်ကြားရေးအဆင့်နဲ့ ပြောင်းရွေ့ပေးလိုက်တာဖြစ်ကြောင်းအတည်ပြုပြောကြားပါတယ်။
တရားလိုများက အမှုကို ပဲခူးတိုင်းတရားလွတ်တော်မှတဆင့် အမြင့်ဆုံးတရားရုံးသို့ တက်ရောက်မှာ ဖြစ်တဲ့အပြင် ဘက်လိုက်တဲ့တရားသူကြီးကိုလည်း နိုင်ငံတော်သမ္မတ အထိဆက်လက်တိုင်ကြားသွားမယ်လို့ သေဆုံးသူရဲ့ခင်ပွန်းဖြစ်သူ ကိုဝင်ညွှန့်ကပြောပါတယ်။

Ko Kyaw Swar
12.7.2014
ref ; Tun Wai (Facebook)

No comments:

Post a Comment