တရားဥပဒေစိုးမိုးရေးသာ လိုတယ်
**********************
ကိုးကွယ်ရာတူဖို့ မလိုဘူး
အစွန်းမရောက်ဖို့ လိုတယ်။
အသားအရောင်တူဖို့ မလိုဘူး
စိတ်အရောင်ဖြူဖို့ လိုတယ် ။
အကြမ်းဖက်ခြင်းဟာ အဖြေမဟုတ်ဘူး
မီးစကို ဓာတ်ဆီလောင်းခြင်းသာဖြစ်တယ်
ကာကွယ်လိုမှုတွေအတွက်
လက်နက်တွေမပြင်ကြနဲ့
ဖားတွေသေတာအသံကြောင့်များတယ
ပြီးတော့ -ရဲတွေဆီမှာ
မင်းတို့ထက်ကောင်းတဲ့လက်နက်
စတင်းဂန်း ဘရင်းဂန်းတွေ
ရိုင်ဖယ်တွေစစ်တပ်မွှာရှိတယ
သူတို့ဘာမှ မလုပ်လို့
မင်းတို့အခုလိုဖြစ်နေတာ
မယုံရင်အာဏာရှင်တော်လှန်ရေး
ဒို့အရေးလို့ အော်ကြည့်ပါလား ?
သေနတ်ပြောင်းတွေ
မင်းတို့ဘက်ရောက်လာမယ် ။
သတိထားကြ .!
အခုဖြစ်နေတာ
ရပ်ကွက်ရန်ပွဲ မဟုတ်ဘူး
လူမျိုးရေး ဘာသာရေး
လှုံ့ဆော်မှုဖြစ်တယ် ။
ယတိပြတ်ပြောမယ်
စစ်အုပ်ချုပ်ရေးမလိုဘူး
တရားဥပဒေစိုးမိုးရေးသာလိုတယ
ငါတို့ဟာ
လွတ်လပ်မှုကိုမြတ်နိုးတယ်
လွတ်လပ်သောသူတွေဖြစ်တယ်
ဒါကြောင့် -
စစ်အုပ်ချုပ်ရေး မလိုဘူး
တရားဥပဒေစိုးမိုးရေးသာလိုတယ
အလင်္ကာကြယ်
3.7.2014 ။
ref; Kyaw Zay Ya https://www.facebook.com/photo.php?fbid=499613770184192&set=a.307049452773959.1073741825.100004067208246&type=1
No comments:
Post a Comment