ရေချိုငါးဥယျာဉ်ပြုပြင်ရာတွ င် နှစ်ချို့သစ်ပင်များ ခုတ်လှဲရှင်းလင်းခံနေရ ။
-------------------------- -------------------------- ------------------------
ကန်တော်ကြီးပတ်လမ်း အတွင်းရှိ ရေချိုငါးဥယျာဉ်အား ပြန်လည်ပြုပြင်ရာ
တွင်အဆောက်အဦး အဟောင်းများ အပါအ၀င် နှစ်ချို့သစ်ပင်များအား
ခုတ်ထွင်ရှင်းလင်းမှုများကို ပြုလုပ်နေကြောင်း နီးစပ်သူများ၏ ပြောကြားချက်
အရ သိရသည်။
အဆိုပါ ရေချိုငါးဥယျာဉ် အသစ် ပြန်လည် တည်ဆောက်ရာတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာ အကွာရီယမ် (Myanmar Aquarium Co.,Ltd)နှင့် ပူးပေါင်း ဆောင်ရွက်ထားကြောင်း၊ ယင်းကုမ္ပဏီ အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ နှစ်ချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အဲဒီနေရာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်လကျပ်သိန်း (၁၀၀)နှင့်
နှစ်ချုပ်ဖြင့် ငှားရမ်းထားတာ ဖြစ်ပါတယ်။ စပြီးလုပ်ကိုင်ခွင့် ပေးကတည်းက
သစ်ပင်တွေကို ခုတ်ထွင် ရှင်းလင်းမှု မပြုပဲ လုပ်ငန်းဆောင်ရွက်ဖို့ သဘောတူ
ထားပြီး ဖြစ်တယ်လို့ သိရပါတယ်” ဟု အဆိုပါ လုပ်ငန်းနှင့် နီးစပ်သူ တစ်ဦး
က ပြောပြခဲ့သည်။
ယင်းနှင့်ပတ်သက်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း “အခု ကိစ္စက ကျွန်တော်တို့ ဌာနနဲ့
တိုက်ရိုက် မဆိုင်တော့ဘူး၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့နဲ့ပဲ သက်ဆိုင်နေ
ပါတယ်၊ငှားရမ်းတာ၊ ပိုင်ဆိုင်မှုတွေက သူတို့အပေါ်မှာပဲ မူတည်ပါတယ်၊
--------------------------
ကန်တော်ကြီးပတ်လမ်း အတွင်းရှိ ရေချိုငါးဥယျာဉ်အား ပြန်လည်ပြုပြင်ရာ
တွင်အဆောက်အဦး အဟောင်းများ အပါအ၀င် နှစ်ချို့သစ်ပင်များအား
ခုတ်ထွင်ရှင်းလင်းမှုများကို
အရ သိရသည်။
အဆိုပါ ရေချိုငါးဥယျာဉ် အသစ် ပြန်လည် တည်ဆောက်ရာတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာ အကွာရီယမ် (Myanmar Aquarium Co.,Ltd)နှင့် ပူးပေါင်း ဆောင်ရွက်ထားကြောင်း၊ ယင်းကုမ္ပဏီ အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ နှစ်ချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အဲဒီနေရာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က တစ်လကျပ်သိန်း (၁၀၀)နှင့်
နှစ်ချုပ်ဖြင့် ငှားရမ်းထားတာ ဖြစ်ပါတယ်။ စပြီးလုပ်ကိုင်ခွင့် ပေးကတည်းက
သစ်ပင်တွေကို ခုတ်ထွင် ရှင်းလင်းမှု မပြုပဲ လုပ်ငန်းဆောင်ရွက်ဖို့ သဘောတူ
ထားပြီး ဖြစ်တယ်လို့ သိရပါတယ်” ဟု အဆိုပါ လုပ်ငန်းနှင့် နီးစပ်သူ တစ်ဦး
က ပြောပြခဲ့သည်။
ယင်းနှင့်ပတ်သက်၍ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း “အခု ကိစ္စက ကျွန်တော်တို့ ဌာနနဲ့
တိုက်ရိုက် မဆိုင်တော့ဘူး၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့နဲ့ပဲ သက်ဆိုင်နေ
ပါတယ်၊ငှားရမ်းတာ၊ ပိုင်ဆိုင်မှုတွေက သူတို့အပေါ်မှာပဲ မူတည်ပါတယ်၊
ဒါပေမယ့် ရေချိုငါး ဥယျာဉ်ကတော့ ကျွန်တော်တို့ လက်အောက်မှာပဲ ရှိနေ
ပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ သစ်တော ဦးစီးဌာနမှ မည်သည့် သစ်ပင်ကိုမဆို ခုတ်ယူမည်ဆိုပါက ဥပဒေအရ ထောင်ဒဏ် ချမှတ်ခဲ့သော်
လည်း လက်ရှိအချိန်တွင် ရေချိုငါးဥယျာဉ်အတွင်းရှိ နှစ်ချို့ပင်ကြီးများအား
ခုတ်လှဲနေမှုအပေါ် တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်မှု ရှိ မရှိကိုလည်း ပတ်ဝန်းကျင်ရှိ အများ ပြည်သူများအနေဖြင့် စိတ်ဝင်စားလျက်ရှိကြောင်း
လည်း သိရသည်။
“သစ်တောက သစ်ပင်ခုတ်ဖို့တောင် မလွယ်တာ အခုအနားယူ အပန်းဖြေ
နေတဲ့နေရာက သစ်ပင်ကြီးတွေ ခုတ်နေတာကို သစ်တော ၀န်ကြီးဌာနက အရေးယူဖို့လိုတယ်”ဟု သဘာဝ ပတ်ဝန်းကျင် လေ့လာနေသူ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။
အဆိုပါ ရေချိုငါးဥယျာဉ် အသစ်ပြန်လည် ပြုပြင်ရေး လုပ်ငန်းစဉ်များ
ဆောင်ရွက်နေမှုများကြောင့် ယခုလက်ရှိတွင် ရေချိုငါး ဥယျာဉ်အား ခြံစည်းရိုးများ ကာရံထားပြီး ၀န်ထမ်းများမှအပ ကျန်ရှိသော သူများ ဖြတ်သန်း
သွားလာခွင့် ပေးထားခြင်း မရှိကြောင်းကိုလည်း တွေ့ရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး Tomorrow သတင်းဂျာနယ်မှ ရေချိုငါး ဥယျာဉ်
သို့နှစ်ကြိမ်တိုင်တိုင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သော်လည်း တစ်စုံ
တစ်ဦးမျှပြန်လည် ဖြေကြားခဲ့ခြင်း မရှိပဲ သတင်းထောက်များအား ဓာတ်ပုံ
ရိုက်ကူးခြင်းနှင့်မေးမြန်း ခွင့်ကို ပိတ်ပင်ခဲ့သည်ကို ကြုံတွေ့ခဲ့ရသည်။
သတင်းဓါတ်ပုံ- ကွန်းဇော် ( Tomorrow သတင်းဂျာနယ် )

ရိုက်ကူးခြင်းနှင့်မေးမြန်း
သတင်းဓါတ်ပုံ- ကွန်းဇော် ( Tomorrow သတင်းဂျာနယ် )
ref; Kyaw Swar Myint (Facebook) 

No comments:
Post a Comment