Monday, July 7, 2014

‘‘လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး’’ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်နှင့်တွေ့ဆုံခြင်း




မန္တလေးမြို့တွင် ဇူလိုင်၁ရက်မှစကာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူနှစ်ဦးသေဆုံးပြီး  ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ၀င်လူ ၁၉ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ဇူလိုင်၃ရက်မှစ၍  မန္တလေးခရိုင်တစ်ခုလုံးကို ည ၉နာရီမှ နံနက်၅နာရီအတွင်း ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ထုတ်ပြန်ထားသည်။ မန္တလေးမြို့တွင် ဖြစ်ပေါ်နေသောပဋိပက္ခများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်နှင့်သတင်းထောက်များ ဇူလိုင် ၅ရက် နေ့လယ်ပိုင်းကတွေ့ဆုံမေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
(မော်ဒန်၊ ကုမုဒြာ)-လောလောဆယ်နောက်ဆုံးအခြေအနေပေါ့။ ပျဉ်းမနားရဲစခန်းမှာ ပြစ်မှုကျူးလွန်တယ်လို့ယူဆရ ပြီးတော့ တိုင်ထားတဲ့၊ အမှုဖွင့်ထားတဲ့ လူနှစ်ဦးရဲ့လက်ရှိနောက်ဆုံး အခြေအနေ က ဘယ်လိုမျိုးရှိနေပါသလဲ။ မိပြီလား၊ မမိသေးဘူးလား အဲဒါသိ ပါရစေ။ နောက်တစ်ခုက ဒီပုဒ်မ ၁၄၄မထုတ်ခင်နောက်ဆုံးအခြေ အနေအထိသက်ဆိုင်ရာတာဝန် ရှိတဲ့ အဖွဲ့အစည်းတွေကဆူပူလှုံ့ဆော်တဲ့နေရာမှာ ပါဝင်တဲ့သူတွေ ကို ဖမ်းဆီးထားတာ ဘယ်လောက်ရှိသွားပါပြီလဲ။ နောက်ပြီးတော့ ဘယ်လိုမျိုးတွေ ဆက်လက်ဖော် ထုတ်အရေးယူဖို့  ဆောင်ရွက်နေ ပါသလဲ။
ဦးရဲမြင့်- ကောင်းပြီ။ ကျွန်တော် တို့ ပြစ်မှုကျူးလွန်သူနှစ်ဦးရှိပါ တယ်။ အဲဒီနှစ်ဦးကတော့ လက်ရှိ တိမ်းရှောင်နေဆဲဖြစ်ပါတယ်။ ပထမတိုင်ချက်ဖွင့်တဲ့ အနေအထား အရ ဒီနှစ်ယောက်က  အဓိက တရားခံဖြစ်ပြီးတော့  နောင်ကို လည်း ကျွန်တော်တို့က တောက်လျှောက်သူတို့ရဲ့ သတင်းတွေကို စုံစမ်းဖော်ထုတ်ဆဲပဲဖြစ်ပါတယ်။ စဖြစ်တဲ့နေ့ကစပြီးမနေ့ကအထိ စုစုပေါင်း ၁၆ယောက် ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ ၁၆ ယောက်မှာ မြန်မာဘက်က ၁၁ ယောက်၊ အစ္စလာမ်ဘာသာဝင်ထဲက ငါးယောက် စုစုပေါင်း ၁၆ ယောက်ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ သူတို့ကို သူတို့ရဲ့ ကျူးလွန်ထားတဲ့ ပြစ်မှုတွေအရ သေသေချာချာ ခိုင်ခိုင်မာမာနဲ့ ဥပဒေကြောင်းအ ရ တရားစွဲအဖွဲ့အစည်းတွေက ဆက်ပြီးတော့မှ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
(မော်ဒန်၊ ကုမုဒြာ)- ဖမ်းဆီးထားတဲ့သူတွေကျတော့ လှုံ့ဆော်လို့ ဖမ်းဆီးတာလား။ လူသတ်မှုကျူးလွန်လို့ ဖမ်းဆီးတာလားခွဲခြား ပြောပေးလို့ရမလား ခင်ဗျ။
ဦးရဲမြင့်- လက်ရှိလှုံ့ဆော်တာရယ် ဖျက်ဆီးတာရယ်ဒါတွေပါပါ တယ်။ အဲဒီနောက်တစ်ခါလက် ၀ယ်မှာ လက်နက်ပစ္စည်းတွေရရှိ လို့ ဖမ်းဆီးတာလည်းပါပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီးဖမ်းဆီး ရမိခြင်းမရှိသေးပါဘူး။
(The Voice)- လူသတ်မှုနဲ့  ပတ်သက်ပြီးတော့ ဖမ်းဆီးရမိမှု မရှိသေးဘူးဆိုတာအသတ်ခံရတဲ့ အချိန်မှာတစ်ယောက်ပါတယ်။ မျက်မြင်သက်သေရှိတယ်။ အဲဒီ ကနေ စစ်ဆေးမေးမြန်းပြီးတော့ သံသယရှိသူလို့ ယူဆရတဲ့သူရှိလား။ စုံစမ်းစစ်ဆေးတာမျိုးရှိလား။
ဦးရဲမြင့်-­ အဲဒါကို ကျွန်တော်တို့ စုံစမ်းဆဲဖြစ်ပါတယ်။ နှစ်ယောက် ကနေ တစ်ယောက်ကျန်တာကိုး။ ဖြစ်နိုင်ခြေဆိုတဲ့အနေအထားမျိုး ပဲ။ တိတိကျကျမပြောနိုင်ဘူး။ဖြစ် တဲ့အချိန်က ညကြီးလည်းဖြစ် တယ်။ ဘယ်သူဘယ်ဝါဆိုတာမ ပြောနိုင်ဘူး။ ကျွန်တော်တို့က လည်းပဲ သံသယရှိနိုင်တဲ့အခြေအ နေပေါ့။ သံသယရှိနိုင်တဲ့လူပေါ့။  ကျွန်တော်တို့က ဆက်စပ်သတင်း နဲ့ ဖော်ထုတ်ဆဲပဲဖြစ်ပါတယ်။
(The Voice) - ဒီဖြစ်စဉ်တွေမှာ မန္တလေးမြို့ခံမဟုတ်တဲ့ တခြားပြင်ပကသူစိမ်းတွေကလှုံ့ဆော် တယ်လို့ပြောတဲ့အပေါ်မှာ အသေးစိတ်သိချင်ပါတယ်။
ဦးရဲမြင့်- ဖြစ်စဉ်တစ်ခုဖြစ်ပြီဆို တာနဲ့ ပါဝင်ပတ်သက်တာတွေကို အသေးစိတ်လေ့လာပြီးတော့မှ ဖော်ထုတ်ရမှာဖြစ်ပါတယ်။အဲဒီ တော့ အခုဒီမှာ ကျွန်တော်တို့ဖြစ် ပွားခဲ့တဲ့ ဖြစ်စဉ်အားလုံးသိပြီးတဲ့ အတိုင်းပဲလေ။ ပျဉ်းမနားမှာသွား ဖြစ်တယ်။ လူတွေက မန္တလေးမြို့ ပေါ်က။ မန္တလေးမြို့ပေါ်ကလူ ပျဉ်းမနားမှာသွားဖြစ်တယ်။ ဒီအ ပေါ်မှာတစ်ခါမိန်းကလေးကမြန် မာ။ ဟိုဘက်က အစ္စလာမ်ဘာ သာဝင်ဆိုတဲ့အခြေအနေပေါ်မှာ လည်းပဲ ဖြစ်စေတဲ့အကြောင်းအ ရာထဲမှာ တစ်ခုတော့ပါတာပေါ့။ အဲဒီတော့ လတ်တလောအနေနဲ့ ကတော့ ကျွန်တော်တို့ မန္တလေး  မြို့ပေါ်မှာ ဒီကိစ္စကိုလှုံ့ဆော်တဲ့ အနေအထားလေးတွေကလည်း ပဲ ကျွန်တော်တို့သတင်းတွေရှိပါ တယ်။ ရှိတော့ ဒီသတင်းတွေကို လည်းပဲဖော်ထုတ်နေပါတယ်။
(The Voice)- တိုင်းဒေသကြီး ၀က်ဘ်ဆိုက်မှာ ဖြစ်စဉ်နဲ့ပတ် သက်လို့ သတင်းထုတ်ပြန်တဲ့နေ ရာမှာ ဘာသာတွေအတိအကျ ဗုဒ္ဓဘာသာ၊ မွတ်စလင်ပြီးတော့ ဒီကောင်တွေက မြန်မာတွေပါ ၀ိုင်းရိုက်ဆိုတဲ့ အသုံးအနှုန်းတွေ ပဋိပက္ခဖြစ်စဉ်ကိုပိုပြီးတော့ ဆိုး စေတယ်လို့ သုံးသပ်ကြတယ်။ ဒီ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးပြောပြပေးပါဦး။
ဦးရဲမြင့်- ဒီကိစ္စကတော့ အဲဒီလို မျိုးအခြေအနေတွေပေါ့။ ပိုပြီး တော့ ဖြစ်ရအောင်ကတော့မှန်ပါ တယ်။ သတိပြုရမယ့်အချက်ထဲပါ ပါတယ်။ အဲဒီတော့ တကယ့်ဖြစ် စဉ်အကျဉ်းအမှန်ဆိုပြီးတော့ လည်းအခြေအနေအမှန်ဆိုပြီး တော့လည်းထွက်သွားတာရှိတာ ပေါ့။
(The Voice) - ပြန်လည် ပြင်ဆင် ထုတ်ပြန်သွားဖို့ရှိမလား။ ဒါမှမ ဟုတ် ထုတ်ပြန်ထားတဲ့ဟာ ခုချိန်ထိ မရုပ်သိမ်းသေးဘူးထင်တယ်။
ဦးရဲမြင့် - ­ထုတ်ပြန်ပြီးသားပါ။ ဒီ ဥစ္စာကိုတော့ သတင်းတွေကပြော ထားတဲ့စကားလုံးတွေအတိုင်း ထည့်လိုက်တာပဲ။ဒါ ကျွန်တော် တို့ရှင်းပြနေတာတွေက အခြေအ နေအမှန်တွေပဲ။ အခြေအနေအ မှန်တွေကိုပဲပြောပြနေတာ။
(7Day) - မနေ့က နာရေးကိစ္စကို ကျုံးတစ်ပတ်ပတ်ခွင့်ပြုတဲ့အပေါ် မှာမြို့ခံတွေတော်တော်များများ က ဝေဖန်ကြပါတယ်။ ဘာလို့ ဒီကျုံးတစ်ပတ်ထိဘာလို့ ခွင့်ပြုသလဲ ဆိုတာ သိချင်ပါတယ်။
ဦးရဲမြင့်-­ ကောင်းပါပြီ။ မနေ့က နာရေးကိစ္စပေါ့။ သာမန်အားဖြင့် ကျွန်တော်တို့လည်းပဲ ပထမသိ ထားတာကတော့ ဒီထွက်လာမယ်။၁၉လမ်း၊ ပြီးရင် ကျုံးမြောက် ဘက်ထွက်သွားမယ်။ ဒီအတိုင်းပဲ ကျွန်တော်တို့သိထားတယ်။ ဒါ ကြောင့်မို့လို့လည်းပဲ ကျွန်တော် တို့က ရဲအင်အားတွေနဲ့သေချာ စနစ်ချပြီး ယာဉ်ထိန်းရဲတွေပါ အ ကုန်လုံးအကူအညီပေးထားတယ် ။ပထမတော့ မူလပေးထားတဲ့အ တိုင်း သွားတယ်။ ဒီကြားထဲမှာ ရုတ်တရက်နာရေးယာဉ်က ဖြတ် ၀င်သွားတယ်။ လူအုပ်စုကလည်း များတဲ့   အနေအထားဖြစ်သွား တယ်။ ဟိုဘက်ကို လွန်လည်း လွန်သွားပြီးမှ ဒီလိုမျိုးနောက်ထပ် မဖြစ်ရအောင်၊ မြို့ထဲမှာ သွားလာ မှုမဖြစ်ရအောင် လမ်းတွေကို ပိတ် ထားပြီးတော့ မြောက်ဘက်ကိုအ ထွက်လမ်းလုပ်ပေးရတာဖြစ်ပါ တယ်။ ကျွန်တော်တို့လည်း ဒီက နေ ဖြတ်သွားပြီဆိုတဲ့ သတင်းတစ် ခုအပေါ်မှာ လိုက်ပို့တဲ့လူထုများ တယ်ဆိုတဲ့ အပေါ်မှာရော နောက် တစ်ခါပြန်လာတဲ့အခါမှာပိုပြီး တော့ လွတ်လွတ်လပ်လပ်ဖြစ် သွားတယ်။ လုံခြုံရေးကို သေသေ ချာချာကိုချတယ်။ မြို့ထဲကိုသွား လာလို့မရအောင် အစီအစဉ်တ ကျနဲ့ ထားခဲ့တယ်။ အဲဒီလိုချထား ပေးရင်းနဲ့ လမ်းလွှဲပေးလိုက်ပေ မယ်လို့ သူတို့မှာက တခြားဆောင် ရွက်မယ်ဆိုတဲ့ နန်းရှေ့ဗလီပေါ့။ ဖြစ်လာပြီ။ ဖြစ်လာပြီဆိုတဲ့အခါ ကျတော့ ကျွန်တော်တို့ကလည်း လုံခြုံရေးအင်အား ပြည့်ပြည့်၀၀ရှိ တယ်။ အမြန်ဆုံးလွှတ်လိုက်ပြီး တော့မှ လုံခြုံရေးနဲ့တား။ အဲဒီက မှ တစ်နေရာထွက်သွား။  အဲဒီလိုပဲဆောင်ရွက်ခဲ့တယ်။ လုံခြုံရေးအင်အားကတော့ ပြည့်ပြည့်၀၀နဲ့ဆောင် ရွက်ပေးနိုင်ခဲ့တဲ့အနေအထားပါ ပဲ။ အဲဒီမှာ ကျွန်တော်တို့လူလေး ယောက်ဖမ်းနိုင်ခဲ့ပါသေးတယ်။ ဖျက်ဆီးဖို့လုပ်နေတဲ့သူတွေအဲဒီ မှာလုံခြုံရေးလည်းရောက် ဖမ်း လည်းဖမ်းဒါတွေကို ကျွန်တော်တို့ ဖမ်းနိုင်ခဲ့ပါတယ်။
(မော်ဒန်၊ ကုမုဒြာ) -  မန္တလေးပဋိပက္ခဖြစ်စဉ်မှာ ဘေးကနေ သွေးထိုးလှုံ့ဆော်မှုတွေရှိတယ်လို့ မြို့ခံတွေကရောနယ်အသီးသီးကရော ပြောကြတယ်။ အဲဒါတွေကို  ဖမ်းဆီးအရေးယူမှု အားနည်းနေတယ် လို့လည်း   ပြောကြဆိုကြတာ တွေရှိတယ်။ နောက်တစ်ခုကပိုဆိုးတာက ဒီလက်ရှိ အစိုးရအဖွဲ့အပေါ်မှာ အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့အပေါ်မှာ ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့ပတ်သက်မှုရှိနေ သယောင်ပြောဆိုနေကြတာတွေကိုကြားသိနေရပါတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးချုပ်အနေနဲ့ ဘာများတုံ့ပြန်ပြောချင်ပါသလဲ။
ဦးရဲမြင့်-­ ကျွန်တော်တို့ ဆောင် ရွက်ချက်တွေကိုလေ့လာကြည့် လိုက်လို့ရှိရင် သိပါလိမ့်မယ်။ ကျွန်တော်တို့အားနည်းချက်ရှိသ လား၊ မရှိလား။ နောက်တစ်ခါ ဥပဒေအရ ခိုင်ခိုင်မာမာတည် ဆောက်နိုင်အောင် ကြိုစားပြီးတော့မှ အရေးယူအပြစ်ပေးတာ ရှိလား၊မရှိဘူးလားဆိုတာဒါတွေ ကို အထွေအထူးပြောစရာမရှိပါ ဘူး။ နောက်တစ်ခုက ဖော်ထုတ် မှုအားနည်းတယ်ဆိုတဲ့အချက်။ ကျွန်တော်တို့က ဖော်ထုတ်မှုဆို တဲ့နေရာမှာ သူတို့သွေးထိုးလှုံ့ ဆော်မှုတစ်နေရာမှာ လုပ်သွားပြီ။  ပြီးသွားပြီ။ ကျွန်တော်တို့က လက် ပူးလက်ကြပ်နဲ့ ဒါထင်ထင်ရှားရှား ဆိုရင်တော့ ချက်ချင်းလက်ငင်း ဖမ်းဆီးအရေးယူနိုင်ဖို့   ရှိပါ တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ် နေရာကနေ ပြောသွားဆိုရင်အခု တောင်မှ ကျွန်တော်တို့ဒါသတင်း ရှိပါတယ်။ ဘာလဲဆိုတော့ ရုတ် တရက်ကြီးဆိုင်ကယ်နဲ့ ဒီကိစ္စတွေ မတော်မတရားအကျင့်ခံရပါ တယ်ဆိုတဲ့ကိစ္စတွေလိုက်အော် နေတာ ရှိတယ်လို့ ကျွန်တော်တို့ သတင်းရတယ်။ ဒါတွေကို ဆင့် ကဲဆင့်ကဲသတင်းပို့မှုစနစ်နဲ့ အ မြန်ဆုံး ဒီသတင်းရပြီဆိုတာနဲ့ ကျွန်တော်တို့က ဖမ်းလို့ရပါပြီ။ ဒီ လိုဆိုင်ကယ်နဲ့ အနေအထားကို ကျွန်တော်တို့က မိအောင်မဖမ်း နိုင်ဘူးဆိုတာကို အားနည်းချက် ဆိုပြီးတော့မှပြောတာပေါ့လေ။ဒီ လိုဝေဖန်သုံးသပ်တာကိုလည်း ဖမ်းဆီးရမိတာမရှိသေးတော့ အ ထွေအထူးပြောစရာမရှိပါဘူး။ ဖော်ထုတ်ဖမ်းဆီးရမိအောင်လို့ ကတော့ အမြဲတစေဆောင်ရွက် နေဆဲပဲဖြစ်ပါတယ်။ နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ အစိုးရ အဖွဲ့အနေနဲ့ ပါဝင်ပတ်သက်မှုရှိ တယ်ဆိုတဲ့ အဲဒီလိုကိစ္စရပ်မျိုးဆို လို့ရှိရင်တော့ တည့်လာပြောပါ။ ကျွန်တော်တို့ဖြေရှင်းလို့ သိပ် ကောင်းတာပေါ့။ အခုကတော့ ဒီ ကိစ္စကြီးမှာ အစိုးရကပတ်သက် နေတယ်ဆိုတဲ့ ကိစ္စမျိုးကတော့ခု နကလို သတင်းတစ်ခုအနေနဲ့ စ ကားလုံးတစ်ခုအနေနဲ့ပြောနေ တယ်ဆိုတဲ့စကားရပ်အပေါ်မှာ ကျွန်တော်ကတော့ ထွေထွေထူး ထူးမပြောလိုပါဘူး။ အထောက် အထားပြည့်ပြည့်စုံစုံနဲ့သာပြော ပါ။ အဲဒါဆိုရင်တော့ ကျွန်တော် တို့ ရှင်းပေးရတာ အင်မတန်လွယ် ပါတယ်။
(7Day) - လက်ရှိ မန္တလေးမြို့မှာ ၀န်ကြီးချုပ်တို့အနေနဲ့ အကြမ်းဖက်မှုတွေကို ထိန်းချုပ်နိုင်တဲ့အ နေအထားရှိပြီလား။ ပုဒ်မ ၁၄၄ထုတ်ပြန်ထားမှုက ဘယ်နေ့လောက်အထိ ထုတ်ပြန်ထားမယ်လို့ မျှော်လင့်ပါသလဲခင်ဗျ။
ဦးရဲမြင့်-­ အခုလက်ရှိအနေအ ထားအတိုင်း ပြောပါမယ်။ ဒါကျွန် တော်တို့ ဒီရရှိထားတဲ့အခြေအနေ ပေါ့။ ရရှိထားတဲ့အခြေအနေက တော့ ထိန်းနိုင်တယ်လို့ယူဆလို့ ရပါတယ်။ ၁၄၄ထုတ်တဲ့အချိန် မှာလည်းပဲ တချို့တချို့သော၁၄၄ တွေ  ကြည့်လိုက်ပါ။ အချိန် ကာလအားဖြင့် ၂၄နာရီထုတ်တာ တွေလည်းရှိတတ်ပါတယ်။ အခု ကျွန်တော်တို့ကတော့ ညပဲထုတ် တာဖြစ်ပါတယ်။ ဒါကတွက် ကြည့်လိုက်ရင် အခြေအနေတစ် ခုကို ကျွန်တော်တို့ထိန်းလို့ရတယ် ဆိုတဲ့ ယူဆချက်ရှိပါတယ်။ အခု ကျွန်တော်တို့ ရရှိထားတဲ့အခြေအ  နေပေါ်မူတည်ပြီးတော့ နေ့စဉ်နေ့ စဉ် ကျွန်တော်တို့ကလှုပ်ရှားမှု၊ သွားလာမှုကိစ္စရပ်တွေကို လေ့ လာသုံးသပ်နေတာရှိပါတယ်။ အဲ ဒီလို ရရှိတဲ့သတင်းတွေအကုန်စု ပြီးတော့မှ လုံခြုံရေးအခြေအနေ အရ ကျွန်တော်တို့ စိတ်ချရတဲ့အ နေအထားရှိလာပြီ၊လျှော့ချလို့ရ လား။ လျှော့ချလို့ရလားဆိုတာကို ကျွန်တော်တို့က   ဆက်ပြီးတော့ သုံးသပ်မှာဖြစ်ပါတယ်။ သုံးသပ် ရမယ့်အချိန်ကာလကတော့ ဖြစ် နေတဲ့အခြေအနေပေါ်မူတည်ပြီး  နောက်တစ်ခါဖြစ်လာနိုင်မယ့် အ ခြေအနေပေါ် မူတည်ပြီးတော့မှ သုံးသပ်ပြီးတော့မှလုပ်မှာဖြစ်တဲ့ အတွက် ရက်ကတော့ သတ်မှတ် မထားလိုပါဘူး။ ကျွန်တော်တို့က အချိန်တန်တော့ ဒါကို ပြန်ရုပ်သိမ်းပေးမှာ ဖြစ်ပါတယ်။
မော်ဒန်-လက်ရှိမန္တလေးတိုင်း ဒေသကြီးမှာ တာဝန်အရှိဆုံးဝန် ကြီးချုပ်တစ်ယောက်အနေနဲ့ ဒီမန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်အေးချမ်း သွားဖို့ အချိန်ဘယ်လောက်ယူ ရမယ်လို့ မျှော်လင့်ထားပါသလဲ။ အခုဆိုရင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် မန္တလေးမြို့ခံတွေ က လုံခြုံစိတ်ချရမှုမရှိဘူးဆိုတဲ့ စိတ်ခံစားချက်တွေ ခံစားရတယ်ဆိုပြီးလည်း ကျွန်တော်တို့ ကြားသိရပါတယ်။ အဲဒီတော့ မန္တလေးမြို့သူ၊မြို့သားတွေကို ၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ ဘယ်လိုသတင်း စကားမျိုးများပါးချင်ပါသလဲ။
ဒီလိုအခြေအနေမျိုးက တော့ ဖြစ်ကိုမဖြစ်ချင်တာပါ။ ဒီ လိုအခြေအနေမျိုးမဖြစ်ရအောင် လည်းပဲ ကျွန်တော်တို့ တောက် လျှောက်ကြိုးစားခဲ့ကြတာပါ။ ကြိုးစားခဲ့ကြတယ်ဆိုတာက နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးကို ကျွန်တော်တို့ရဲ့ မူလတာဝန်က နံပါတ်တစ်အနေနဲ့ ပါဝင်တာဖြစ်  ပါတယ်။ အဲဒီတော့ဖြစ်လာပြီဆို တော့ ဒီဖြစ်ပျက်ခဲ့တဲ့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ ကျွန်တော်တို့ က အမြန်ဆုံးဖြေရှင်းပေးရမှာဖြစ် ပါတယ်။ ဒါကြောင့်မိုလို့ အခုက တော့ ၁၄၄ ထုတ်ရုံနဲ့လည်း မရနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒီနေရာမှာ နှစ်ချက်။ ပထမတစ် ချက်က လက်ရှိလတ်တလောဖြစ် နေတဲ့ကိစ္စရပ်ပေါ်မှာ အမြန်ဆုံး ဖြေရှင်းနိုင်ဖို့။ နောက်တစ်ခါ ရေ ရှည်ကျွန်တော်တို့လုပ်ရမယ်။ ဒီ နှစ်ခုကို ကျွန်တော်လို့လုပ်နေတာ ဖြစ်ပါတယ်။ ရေရှည်မှာကလဲ ခု လိုပဲ ကျွန်တော်တို့ ပဋိပက္ခမဖြစ် ရအောင် အခုကတော့ တစ် ယောက်နဲ့ တစ်ယောက် လေးစား မှုတွေ၊ နောက်တစ်ခါ စော်ကားမှု တွေ ဒါမျိုးလေးတွေက အမြင်ရှင်း နေအောင်တော့ အားလုံးကို ကျွန် တော်တို့ လုပ်ကြမှာပါ။ တရား ဥပဒေစိုးမိုးရေးအပိုင်းကို ကျွန် တော်တို့က ပိုပြီးတော့ လုပ် ဆောင်သွားရမှာဖြစ်ပါတယ်။  ရေရှည်အတွက်လည်း အများကြီး စဉ်းစားပြီး ကျွန်တော်တို့ လုပ်ကြရမှာပါ။ နောက်တစ်ခါ ဒီဥပဒေစိုးမိုးရေးမှာ လက်ရှိဖြစ်နေတဲ့ ဖော်ထုတ် ဖမ်းဆီးရမိမှုတွေရော၊ ရေရှည်အတွက် ဆောင်ရွက်မှုတွေရော ဒါတွေအမျာကြီး ဆောင်ရွက်နေတယ်။ အချိန်ကာလဆိုတာ လတ်တလောတော့ပြောလို့တော့မရပါဘူး။ ဒါပေမဲ့ အခုအခြေအနေတိုင်းဆိုရင်တော့ မြန်လာနိုင်တဲ့အနေအထား ရှိပါတယ်။
7 DAy DAILY- ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ ၀န်ကြီးချုပ်ကြီးခေါ် တွေ့တာရှိပါတယ်။ ဒီမနက်ပိုင်း နဲ့ မကြာခင်မှာပဲ ဘုန်းတော်ကြီး တွေနဲ့ ၀န်ကြီးချုပ်တွေ့ဖို့ အစီအ စဉ်ရှိတယ်လို့လည်း ကျွန်တော်တို့ သိထားပါတယ်။ အဲဒီတော့ မန္တ လေးမြို့တည်ငြိမ်အေးချမ်းရေးနဲ့ အရင်လိုချစ်ကြည်ရင်းနှီးစွာအတူ ယှဉ်တွဲနေထိုင်ရေးအတွက် လက် ရှိဝန်ကြီးချုပ်အနေနဲ့ ဘာတွေ ဆောင်ရွက်နေပါသလဲ။
ကျွန်တော်တို့ ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဖွဲ့ လာတာကလည်း တော်တော် လေးကောင်းပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်လည်းတော်တော် ကောင်းပါတယ်။ ဒါမိတ္ထီလာကိစ္စ ဖြစ်ပြီးနောက်ပိုင်းမှာ ဖွဲ့လိုက် တာ။ ကျွန်တော်တို့ မန္တလေးမှာ လည်း ဖွဲ့လိုက်ပါတယ်။ နောက် တစ်ခါအချို့သော မြို့နယ်တွေမှာ လည်း လိုက်ဖွဲ့တာရှိပါတယ်။ အဲဒီ တော့သူကနာမည်ကိုက ဘာသာ ပေါင်းစုံချစ်ကြည်ရေးဆိုတော့ ကျွန်တော်တို့ဆီမှာ လတ်တလော အခြေအနေဆိုလည်း ဗုဒ္ဓဘာသာ ရှိပါတယ်၊ အစ္စလာမ်ရှိပါတယ်၊ ခရစ်ယာန်ဘာသာဝင်တွေရှိပါ တယ်၊ ဟိန္ဒူရှိပါတယ်။ ဒါတွေက အဓိကပေါ့။ ဒါတွေအကုန်လုံး အဖွဲ့တွေပါတယ်။ အဲဒီအဖွဲ့တွေ ကလည်း သူဘာသာကိုယ်စားပြု၊ လုပ်ဆောင်ချက်များဟာ သက် ဆိုင်ရာဘာသာဝင်တွေအတွက်  ထိရောက်ပါတယ်။ အကျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော် တို့က ဒါတွေလည်းပဲလုပ်ကြ။ ကောင်းတယ်ဆိုပြီးရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအ ဖွဲ့ဆောင်ရွက်ချက်များဟာ ကျွန် တော်တို့ တိုင်းဒေသကြီးအတွက် တော်တော်လေးကို အထောက် အကူပြုတဲ့ အနေအထားရှိပါတယ်။
7 DAY DAILY-တစ်ဆက်တည်း ထပ်မေးချင်တာက ခုလိုဖြစ်ပွား နေတဲ့ ပဋိပက္ခဖြစ်စဉ်တွေက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ  အကူးအပြောင်းနဲ့ နိုင်ငံရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဘယ်လောက်အထိ အဟန့်အတား ဖြစ်စေနိုင်ပါသလဲ။
အဲဒါကတော့ အထိုက်အ လျောက်ကတော့ အဟန့်အတား ဖြစ်ပါတယ်။ အခုဖြစ်တာပဲကြည့် လေ၊ လုပ်ငန်းကိုင်ငန်းတွေ အ နှောင့်အယှက်ချက်ချင်းဖြစ်သွား တယ်။ ကျွန်တော်တို့ တစ်နေ့က ပြောကြတယ်။ စဉ်းစားကြတယ်။ အချိန်ကို ဘယ်လိုသတ်မှတ်ကြ မလဲ။ ကျွန်တော်တို့အခုညဆိုရင် ဈေးရောင်းကြတယ်။ ကုန်စိမ်း လိုဟာမျိုးပေါ့။ ညပိုင်းဝင်လာပြီး မနက်အထိ သွားကြတယ်။ ဒါ လေးတွေက အစကျွန်တော်တို့ စဉ်းစားတယ်။ စဉ်းစားတယ်ဆို တာ လူထုစီးပွားရေးလုပ်ငန်းတွေဖြစ်လို့။ ပြည်သူလူထုကို စီးပွားရေးအနေနဲ့ အထိုက်အလျောက်တော့ ထိခိုက်သွားတာပဲ။ ရေရှည်ထိခိုက်မှုမဖြစ်ရအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။ ထိခိုက်ပါတယ်။ တခြားဟာတွေ ကျွန်တော်တို့ မပြောပါဘူး။ ပြည်သူလူထုစီးပွားရေးလုပ်ငန်းတော့ ချက်ချင်းထိခိုက်တယ်ဆိုတာ ကျွန်တော်ပြောတာဖြစ်ပါတယ်။

ref; http://www.7daydaily.com/story/15062#.U7m987Fae3c

No comments:

Post a Comment