Tuesday, July 8, 2014

"သမိုင်းပဲ့တင်သံ" ကိုမျိုး(မြန်မာစာ)

     

သမိုင်းပဲ့တင်သံ 
------------------- 
မေးပါရစေ
ရုပ်ရှင်ရိုက်မှ
စာအုပ်ထုတ်မှ
သမိုင်းတွင်ရမယ့်သူမျိုးလား 
မေးပါရစေ
ရုပ်ပုံပြမှ
ဓာတ်ပုံချိတ်ထားမှ
သတိတရရှိရမယ့်သူမျိုးလား။
မေးပါရစေ
အိမ်ဦးခန်းက
ရုံးဋ္ဌာနကျောင်းခန်းမမှ  
ဈေးဆိုင်ခန်း မကျန်
အဆောက်အအုံနံရံတွေဆီကနဲ့ 
ငွေစက္ကူ တွေပေါ်က
ပုံရိပ်တွေ
ရုပ်သိမ်းဖျောက်ဖျက်ထားခဲ့ကြတောင်
တစ်ကြိမ်တစ်ခါလေးမှ 
ပြည်သူတို့မေ့မရသူမျိုးလား။
မေးပါရစေ
ပြဋ္ဌာန်းစာအုပ်ထဲ 
ကျောင်းသင်ခန်းစာထဲ
ကျမ်းပြုစာတမ်းလည်းမကျန်
မှတ်တမ်းမှတ်ရာမှန်သမျှနဲ့
စာနယ်ဇင်းစာမျက်နာအထိ
သမိုင်းတွေ
ပယ်ဖျက်ဟန့်တားထားရှိခဲ့တောင်
တစ်ကြိမ်တစ်ခါလေးမှ 
ပြည်သူတို့မေ့ရသူမျိုးလား။ 
မေးပါရစေ
ပုံရိပ်တွေ
နံရံတွေပေါ်
ချိတ်ဆွဲခွင့်မရတော့လည်း 
နှလုံးသားတွေထဲ 
ပြောင်းလဲချိတ်ဆွဲရင်း
အသည်းထဲစွဲမြဲရောက်ရသူမျိုးလား။ 
မေးပါရစေ
သမိုင်ကြာင်းတွေ
စာအုပ်တွေထဲ 
ရေးသားခွင့်မသာတော့လည်း
ဦးဏှောက်မှာမှတ်သား
အာဂုံဆောင်ပြောကြားရင်း
ရင်ထဲပိုမိုနက်ရှိုင်းသွားရသူမျိုးလား။ 
မေးပါရစေ
ရင်ထဲ
အသည်းထဲ 
နှလုံးထဲက
ဘယ်အချိန်အခါကမှ
ဘယ်သူ့ပယောဂကြောင့်မှ
ဘယ်သူတွေအာဏာပြလို့မှ
ကွယ်ပျောက်ခဲ့ရိုး မရှိတဲ့သူမျိုးလား။ 
မေးပါရစေဦး...
အဲ့ဒီလိုသူမျိုးမဟုတ်ခဲ့သူက
ကိုယ့်ဇာတ်ထုတ်ကိုယ်ဖြည်
ကိုယ့်ဇာတ်ရုပ်ကိုယ်ပြ
ကိုယ့်ပုံတွေချိတ်ဆွဲချင်သမျှ 
မေတ္တာလက်မှတ်ဝေငှ
အခမဲ့ပြသခဲ့ရင်တောင်
(ကိုယ်ရေးခဲ့တဲ့ကိုယ့်သမိုင်းအရ)
(ကိုယ်ပြုတဲ့ကံ ပဲ့တင်သံအရ)
လက်ခုပ်သံတွေ
အလကားရနိုင်ပါ့မလား။
ကိုမျိုး(မြန်မာစာ)
ref; ဟာဂျူလီ ကသာ (Facebook)

No comments:

Post a Comment