Thursday, July 10, 2014

“ ဗျူဟာသစ် ” (ဂရုစိုက်ကြပါ)

Minn Thaik  Minn Thaik

ဖေ့စဖွတ်ပေါ်မှာ ဝါဒဖြန့် အမုန်းပွားစေမယ့် ကိစ္စတွေစောင့်ကြည့်မယ်လို့အသံဗလ
တွေကြားလို့လားမသိဘူးး အသစ်တစ်မျိုးထွင်လာပြန်ပြီ။
ညကြီးမိုးချုပ်အချိန်မတော်ကြီး ဖုန်းမှားဆက်မိသလိုလိုဘာလိုလိုနဲ့ ဟိုမှာဘာဖြစ်
နေပြီကြားတယ် ဒီမှာစိတ်ပူလို့ပါ တို့ညာတို့နဲ့ ... ညက ခယ်မဖုန်းကို ၂၅၀xxxxxx
နဲ့ဖုန်းတစ်လုံးဝင်လာတယ်၊ ဘာမှ ဘယ်သူလဲ ဘာလဲတောင်မမေးရသေးဘူးးးးးးး
ကတုန်ကယင်နဲ့ သူချည့်ဆက်တိုက်ပြောသွားတယ် ... သင်္ဃန်းကျွန်းမှာဖြစ်နေပြီ
ကြားလို့တဲ့၊ သူ့မောင်လေးအပြင်မထွက်ဖို့ပြောပေးပါတဲ့ .. ပြီးတော့ဖုန်းချသွား၏ ။
အိမ်ကတပ်ချုပ်က မကျေနပ်လို့ သူ့ဖုန်းနဲ့ အဲ့ဒီဖုန်းကို ပြန်ခေါ်ပြီး နေကောင်းလားး
အစ်မ အခုဘယ်ရောက်နေလဲလို့ ခပ်တည်တည် လှမ်းထောက်လိုက်တော့ .......
“ ပိန်းဇလုပ် ” ရောက်နေတာတဲ့၊ တဘက်က အမျိုးသမီးကပြန်ဖြေတယ်
အခု လက်ကိုင်ဖုန်းတွေ ဖေါဖေါသီသီသုံးနေကြတဲ့အချိန် အရင်လိုအရောင်းအဝယ်
လုပ်တဲ့အခါလဲ စာချုပ်စာတမ်းနဲ့လုပ်ထားတာမဟုတ်တော့ ဒီလို ဗျူဟာနဲ့ စဖွ စထ
လာရင် ဖုန်းတွေရဲ့ မူလပိုင်ရှင်တွေ လက်လွှတ်စပယ်ရောင်းထားတဲ့ သူတွေ ရှော့ခ်
ရှိလာနိုင်တယ်၊ သတိသာထားကြပေတော့ ။

 

No comments:

Post a Comment