Tuesday, July 8, 2014

အခြေခံပညာကဏ္ဍဆိုင်ရာ နှီးနှောဖလှယ်ပွဲ က ရန်ဖြစ်တော့မယ့်အတိုင်းပဲ

ရန်ကုန်- ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး အခြေခံပညာကဏ္ဍဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဇူလိုင်လ ၆ ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ တတိယအဆင့် လုပ်ငန်းစဉ် ငါးရပ်ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ မူလတန်းကြိုပညာရေးမြှင့်တင်ရေးနဲ့ မူလတန်းကြို ဆရာ/ဆရာမများ မွေးထုတ်ရေး၊ အခြေခံပညာအရည်အသွေးမြင့်မားရေး၊ ဆရာအတတ်သင် ပညာအရည်အသွေးမြှင့်တင်ရေး၊ အခြေခံပညာကဏ္ဍ စီမံကိန်းရေးဆွဲရေး၊ ဘတ်ဂျက်ရေးဆွဲပြုစုရေးနဲ့ အခြေခံပညာဥပဒေရေးဆွဲရေးအကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပညာရေးနှစ်ရှည်စီမံကိန်းတွေကို၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်က စတင်ပြီး ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ နှစ်ပေါင်း ၂၀ နှစ်ရှည်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။
အောက်ကလင့်မှာ ဗွီဒီယိုဖိုင်လေး ကြည့် ကြည့်ပါအုံး.. =P
http://www.7daydaily.com/story/15100#.U7roh7Fae3d

No comments:

Post a Comment