Tuesday, July 8, 2014

. ငါတို့ခေတ်ကြီးထဲ ၁၅ .

. ငါတို့ခေတ်ကြီးထဲ ၁၅ .
အမှားတရားတွေက
တွန်းဖယ်ပစ်လို့မဖြစ်နိုင်အောင်
မတရားထွန်းကားလွန်းလှပါတယ်
ငါတို့ခေတ်ကြီးထဲ

အမှန်တရားတွေက
တွန်းတင်ပစ်လို့မဖြစ်နိုင်အောင်
မတရားမှေးမှိန်လွန်းလှပါတယ်
ငါတို့ခေတ်ကြီးထဲ
အပျက်အစီးတွေနဲ့
တဖျစ်ဖျစ်အတောက်ဟာ
မရပ်နိုင်ခဲ့သေးဘူး
ငါတို့ခေတ်ကြီးထဲ
အဖျက်အဆီးတွေနဲ့
တငွေ့ ငွေ့ အလောင်ဟာ
မရပ်နိုင်ခဲ့သေးဘူး
ငါတို့ခေတ်ကြီးထဲ
ကျခဲ့ရတဲ့သွေးတွေလည်းများခဲ့ပါပြီ
စတေးခဲ့ရတဲ့ဘဝတွေလည်းများခဲ့ပါပြီ
အေးအေးဆေးဆေးအဆုံးသတ်က
ဝေးနေဆဲဝေးနေတုန်းပါပဲတဲ့
ငါတို့ခေတ်ကြီးထဲ
မနက်ဖြန်တွေ
ငါတို့ခေတ်ကြီးထဲက
ငါတို့တွေရဲ့မနက်ဖြန်တွေ
အဲဒီမနက်ဖြန်တွေကို
ငါတို့တွေလက်တွေနဲ့ပဲ
ပြန်ဆယ်ယူခဲ့ရမယ်ဆိုတာတော့
ဘယ်လိုမှမေ့ထားပစ်ခဲ့လို့မဖြစ်ဘူးပေါ့ ။ ။
ကိုထက်-ရေဦး
8 , 7 , 2 0 1 4
မူရင်း- Poet Ko Ht

No comments:

Post a Comment