ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသွင်သဏ္ဍာန်လို သရုပ်ဆောင်ထားတဲ့
သီချင်းတစ်ပုဒ်ပါဝင်တဲ့ ပေါ့ပ်အဆိုတော် နီနီခင်ဇော်ရဲ့ မာရီယို Music Video
ကို ဇူလိုင် ၆ရက်နေ့က Dagon Center II မှာ မိတ်ဆက်ဖြန့်ချိလိုက်ပါတယ်။
မန္တလေးပရိသတ်ကြီးကို နီနီခင်ဇော် ဘယ်သီချင်းဆိုပြခဲ့လဲ။
မိုးထဲရေထဲကြားက ပရိသတ်တွေ အများကြီးအားပေးခဲ့တဲ့အပေါ် နီနီခင်ဇော်က ကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပြီး သူ့ရဲ့ ဒုတိယသီချင်းအယ်လ်ဘမ်ကိုလည်း စီစဉ်နေသလို ကြော်ငြာတွေလည်း ရိုက်ဖို့ရှိတယ်လို့ ပြောပြပါတယ်။
မန္တလေးမှာလည်း သူ့ရဲ့ Music Video Promotion လုပ်ဖို့ရှိပေမယ့် ပဋိပက္ခတွေကြောင့် အခြေအနေတွေ မငြိမ်သက်သေးတာမို့ မန္တလေးပရိသတ်ကြီးအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းကို သီဆိုပေးခဲ့ပြီး မြန်မာပြည်သူတွေ အေးချမ်းသာယာကြဖို့ ဆုတောင်းပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အသွင်နဲ့ သရုပ်ဆောင်ထားတဲ့ မျှော်လင့်ချက် တစ်စုံတစ်ရာ သီချင်းကို အခု Music Video ထဲမှာ ထည့်သွင်းထားတာကြောင့် ဒီသီချင်းကို အရမ်းကိုကြည့်ချင်သလို အောင်မြင်မယ်လို့လည်း နီနီခင်ဇော်ရဲ့ပရိသတ်တစ်ယောက်က ပြောပါတယ်။

ဗွီဒီယိုဖိုင် ကြည့်ရန် အောက်ကလင့်ကို သွားလိုက်ပါ။
No comments:
Post a Comment