Monday, July 7, 2014

ငါတို့လက်ထဲကငါတို့ကမ္ဘာ

 

ငြိမ်းချမ်းရေးဆိုလည်း
ငြိမ်းချမ်းရေးဆီအရောက်ပေါ့
ညီညွတ်ရေးဆိုလည်း
ညီညွတ်ရေးဆီအရောက်ပေါ့
ေေေ  ပေါင်းစည်းရေးဆိုလည်း
ေေ ပေါင်းစည်းရေးဆီအရောက်ပေါ့

ဘာကြောင့်များဟိုလိုလိုတွေနဲ့
ဘာကြောင့်များဒီလိုလိုတွေနဲ
အမှန်တရားကိုသွေးတိုးစမ်းချင်ခဲ့ပါလိမ့်

လာခဲ့စမ်းပါ ဖြူခဲ့မယ်ဆိုလည်းဖြူခဲ့ဖို့အသင့်
လာခဲ့စမ်းပါ မည်းခဲ့မယ်ဆိုလည်းမည်းခဲ့ဖို့အသင့်
မလိုအပ်ပဲလာလာလေမပင့်စမ်းပါနဲ့

ငါတို့ကမ္ဘာ ငါတို့နေရာ
အဲဒီမှာဘာကိုထိုးသွင်းပေးခဲ့မလဲ
အဲဒီမှာဘာကိုဆွဲယူထားခဲ့မလဲ
စဉ်းစားအသေအချာစဉ်းစား

ကိုယ့်အမည်နာမကို
ြ ဖြူ ဖြူ စင်စင်ချရေးနိုင်ခဲ့ဖို့က
ထင်သလောက်လွယ်ပါ့မလား

အမှားတွေအများကြီးနဲ့တော့
သိပ်ရှေ့ ရောက်ချင်လို့မဖြစ်နိုင်ဘူးပေါ့ ။ ။

ကိုထက်-ရေဦး

7 , 7 , 2 0 14
https://www.facebook.com/photo.php?fbid=244790389051676&set=a.110320579165325.1073741825.100005621503406&type=1


No comments:

Post a Comment