ရွေးကောက်ပွဲ
မဲဆွယ်စည်းရုံးရေး ညွှန်ကြားချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က
ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ အကြံပြုချက်ကို ထည့်မစဉ်းစားဘဲ
ထုတ်ပြန်တဲ့အတွက် ဝေဖန် မှုတွေ ထွက်ပေါ်နေပြပါတယ်။ ဘယ်လိုဝေဖန်မှုတွေ
ထွက်နေတာလဲ
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံ ဆွေးနွေး ကြတဲ့အချိန်က နိုင်ငံရေးပါတီတွေက တင်ပြထားတာတွေကို ညွှန်ကြားချက်မှာ ထည့်သွင်း ပြင်ဆင်၊ ဖြည့်စွက်တာ မရှိဘူးလို့ နိုင်ငံရေးပါတီတွေက ပြောဆို နေကြပါတယ်။
“ကျွန်တော်တို့ ကော်မရှင်နဲ့ တွေ့တိုင်း အကြံပြုချက်တွေ ပေးတာပဲ။ ဒါပေမယ့် ညွှန်ကြာချက်က မထူးခြားဘူး ၂၀၁၀ ရွေးကောက်ပွဲ တုန်းက သုံးတဲ့ ညွှန်ကြားချက် အတိုင်းပဲ” လို့ ဖက်ဒရယ် မဟာမိတ်ပါတီ (FUP) ဒုတိယ ဥက္ကဋ္ဌ ဦးစောသန်းမြင့် က ထောက်ပြ ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဆီမှာ ခွင့်ပြုချက် တောင်းခံ ရမယ်ဆိုတဲ့ အချက်ကိုလည်း မပြင်ဆင်ပေးဘူးလို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
“မဲဆွယ်စည်းရုံးရေးလုပ်ငန်းဆောင်ရွက်ရင် ကော်မရှင်ကို အရင်လိုပဲ နေ့ရက် ၊ အချိန် ၊ နေရာတွေကို ခွင့်ပြုချက် တောင်းခံ ရမယ်။ ကျွန်တော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် ခွင့်ပြုချက်တောင်းခံတာထက် အသိပေးရုံးပဲလို့ ပြင်စေချင်တာကို ပြင်မပေးဘူး” လို့ သူက ဆိုပါတယ်။
ညွှန်ကြားချက်ကို ဇူလိုင်လ ပထမပတ်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေက တောင်းဆိုထားတဲ့ အချက်တွေကို ထည့်ပြင်တာ မရှိဘဲ အတည်ပြုခဲ့တာလို့ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ချို က ပြောပါတယ်။
“သူတို့ အဓိက တောင်းဆိုတဲ့ မဲဆွယ်စည်းရုံးရေး ခွင့်ပြုရက်ကို ပြင်မယ်ဆိုရင်တော့ နောက်ကနေ ဖြည့်စွက်ချက် နဲ့ပဲ ပြင်လို့ရမယ်” လို့ သူက ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာမှာ ကျင်းပဖို့ ရှိပါတယ်။
(The Voice)

No comments:
Post a Comment